(2)
...... နေစမ်းပါဦး။ ချောမောလွန်းလှပါတယ်ဆိုတဲ့ ရန်မျိုးရိုးက အဲဒီလူကြီးလား?!
သူ့ရဲ့ဆံပင်ပုံစံက ချင်မင်းဆက်ရဲ့ ဆံပင်စတိုင်မျိုးထုံးဖွဲ့လို့တောင်ရနေပြီ။ ဒီဗိုက်ခေါက် အဆီသုံးရစ်လောက်ရှိနေတဲ့သူက ဘယ်သူကြီးလဲ?
မား...မားရဲ့အလှတရားပေါ်မြင်တဲ့အမြင်က တကယ်ပဲပုံမှန်ရောဟုတ်ရဲ့လား.......!
ကျင်းရန် အသက်ကိုပြင်းပြင်းရှူလိုက်မိတယ်။ အခုချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ဆဲလ်တွေက အော်ဟစ်ပြီးငြင်းဆန်နေသလိုမျိုးသာ ခံစားနေရပြီ ။
သူ့အနေနဲ့ ဒီအိမ်ထောင်ရေးကို အလေးနက်မထားဘူးဆိုရင်တောင် ဒီလိုစမ်းသပ်ချက်မျိုးတော့ မလုပ်သင့်ဘူးမလား!
ခဏအကြာမှာ ဒီလူနဲ့မင်္ဂလာဓာတ်ပုံရိုက်ပြီး မင်္ဂလာပွဲပါ ကျင်းပရမယ်ဆိုတာကို တွေးလိုက်မိတော့ ကျန်းရန်တစ်ယောက် အသက်ရှုကြပ်လုမတတ် မွမ်းကျပ်သွားရတယ်။
သူ အအေးဗူးထဲက ကိုလာတစ်ဝက်ကို တစ်ခါထဲ မော့သောက်လိုက်ပြီး အသက် ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ ထိုစေ့စပ်ထားတဲ့သူဆီကို သေဒဏ်အပေးခံထားရတဲ့လူတစ်ယောက်လို တစ်လှမ်းချင်းလျှောက်သွားလိုက်တယ်။
"ငါ''
ကျင်းရန် အဲဒီလူရဲ့ ကျယ်ပြောလွန်းလှတဲ့နဖူးကိုကြည့်ပြီး စကားပြောနေတာကိုရပ်တန့်လိုက်မိတယ်။
"ကျင်းရန်ပါ "
"စေ့စပ်ထားတဲ့လူ"က ခေါင်းကိုမော့ကာ စိတ်ရှုပ်ထွေးတဲ့အကြည့်နဲ့ သူ့ကိုကြည့်လာတယ်။
ကျင်းရန် အံကိုတင်းတင်းကြိတ်ရင်း ပြောလိုက်တယ်။
"ဒါက ဘာလဲ... မြန်မြန်လုပ်ရအောင်...ငါ မင်းကိုတွန်းပေးရမှာလား?"
"စေ့စပ်ထားတဲ့လူ"က စိတ်ရှုပ်စွာပြောလာတယ်။
"ဘာတွေလဲ"
ကျင်းရန်လည်း ရှုပ်ထွေးသွားရတယ်။
"ငါတို့တွေ လက်ထပ်ဖို့မသွားဘူးလား"
ထို"စေ့စပ်ထားသူ"က သူ့ကိုစိတ်မနှံ့တဲ့သူတစ်ယောက်ကို ကြည့်သလိုကြည့်ပြီး ''အရူး'' လို့ပြောရင်း သူ့ရဲ့ဝှီးချဲလ်ကိုတွန်းကာထွက်သွားတော့တယ် ။

YOU ARE READING
ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..
Romance_college _fallsinlovefirst _first-time firstlove _loveatfirstsight _obsessivelove _romance _secret crush _straight _ukestrong _university _wealthycharacters _youngerlove