အချိန်တွေ တစ်ဖြည်း"ကုန်လာပြီး ကျွန်တော်တို့ final exam ကို ဖြေဆိုမယ့် ရက်ရောက်လာခဲ့တယ်
စာမေးပွဲဖြေရမှာမို့ အမေရောအဖေရောက ကျွန်တော့်ကို စာမေးပွဲဖြေနိုင်အောင် ပရိတ်ရေတွေလဲတိုက်တယ် ပြီးတော့ သိဒ္ဓိတင်ထားတဲ့ ဘောပင်ဆိုလား ကျွန်တော့ကိုပေးလာတယ် ဘာလို့ဘဲမေးတော့ စာမေးပွဲအောင်အောင်လို့တဲ့ စာတော်မှန်းသိပေမယ့် ကံတရားကြောင့် ချွတ်ချော်သွားမှာ စိုးလို့တဲ့လေ ကျွန်တော်လဲ အယူသီးတဲ့ မိဘနှစ်ပါးကို ဘာမီမပြောပဲ ကန်တော့ပြီးတာနဲ့ အိမ်ကထွက်လာခဲ့တယ်
ဒီကြားထဲ ဘာတွေပြောင်းလဲသွားလဲဆိုတော့ ဂျမ်မနိုင်းက ကျွန်တော့်ရည်းစားဖြစ်လာတာပဲ ဟော ပြောရင်းဆိုရင်း ကျွန်တော့ရည်းစားလေးကျွန်တော့ကို လာခေါ်ပြီ ရည်းစားလေးနဲ့အတူ ကျောင်းသွားပါပြီခင်ဗျ ရည်းစားမရှိတဲ့သူတွေကတော့ ကိုယ့်ဟာကိုယ်သွားပေါ့
ဘိုင့်
**
ဒီလိုနဲ့ စာမေးပွဲပြီးတော့ ကျောင်းက ကျွန်တော်တို့တွေကို ပျော်ပွဲစားလိုက်ပို့ပေးတယ် ကျွန်တော်နဲ့ဂျမ်လည်း သွားကြမယ်ဆိုပြီး ကတိတွေပေးထားခဲ့တယ်ပျော်ပွဲစားနေ့ရောက်တော့ ဂျမ်က ကျွန်တော့်ကို ဖုန်းဆက်လာတယ် သူမသွားဖြစ်တော့ဘူးတဲ့ ကျွန်တော်လဲ စိတ်တိုသွားပေမယ့် အကြောင်းရှိလို့မှာပါလေ ဆိုပြီးဖြည့်တွေးပေးခဲ့တယ် ကျွန်တော့်ကောင်လေး မပါတော့ ကျွန်တော်လည်းမသွားချင်တာနဲ့ cancel လိုက်ရတယ် တော်သေးတယ် ဘာမှမပြောကြလို့
ဂျမ့်ကို သွားစမယ်ဆိုပြီး ကျွန်တော် စားစရာတွေ ဝယ်ပြီး လာခဲ့တယ် ကျွန်တော်တို့နှစ်ယောက်က အစားအသောက်ဆိုရင် လက်မနှေးတဲ့သူတွေမို့ ဂျမ်နဲ့ စားသောက်ပြီးမှ အိမ်ပြန်မယ်ဆိုတဲ့အတွေးနဲ့ ဂျမ်တို့ဆီလာခဲ့တယ်
သူတို့အိမ်ရှေ့မှာ ကားတွေအများကြီးပဲ ဘာလုပ်တာပါလိမ့်ဆိုပြီး ကြောင်သွားတယ် နောက်တော့ ကျွန်တော့်ကို ခြံစာင့်ဦးလေးက တံခါစလာဖွင့်ပေး၏ ဂျမ်ဆီခနခနလာနေတော့ သူလဲ မှတ်မိနေပြီလေ သိချင်စိတ်က ထိန်းမရတျာကြာင့် ဦးလေးကြီးကို
"ဦးလေး ဒီကို ကားတွေအများကြီးရောက်နေတာ ဘာလုက်တာလဲ" ဆိုပြီး မေးလိုက်၏
ခြံစောင့်ဦးလေးကြီးက
"မင်းမသိဘူးလားကွ မင်းသူငယ်ချင်းဂျမ်က သူ့ရည်းစားနဲ့ စေ့စပ်တာလေ" တဲ့ကျွန်တော့ ဆွိ့အသွားပြီး တစ်ကိုယ်လုံး ပတ်ချာလည်အောင် မူးနောက်ပြီး ထိုနေရာမှာပဲ လဲကျသွားတယ် ကျွန်တော် နောက်ဆုံးအနေနဲ့ " ဂျမ်က ငါ့အပေါ်ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ" ဆိုပြီး ပြောပြီး သတိလစ်သွားခဲ့တယ်
ကျွန်တော်ပြန်နိုးလာတော့ ဆေးရုံတစ်ခုမှာ ဂျမ်နဲ့ မိန်းကလေးတစ်ယောက်ကိုလဲတွေ့တယ် သူတို့နှစ်ယောက်က ဆေးရုံဆေးခန်းမရှောင် ပါးနမ်းလိုက် နဖူးနမ်းလိုက်နဲ့လုပ်နေကြတာ ကျွန်တော်ကြည့်ရင်းနဲ့ မျက်ရည်ကျမိလာပြန်တယ် လှုပ်လှုပ်ရှားရှားဖြစ်သွားတာတွေ့တော့မှ ဂျမ်က ထလာပြီး သူငယ်ချင်း သတိရလာပြီလားတဲ့ ကျွန်တော်လည်း ခေါင်းပဲငြိမ့်ပြလိုက်တယ် နောက်တော့သူက သူနဲ့စေ့စပ်တယ်ဆိုတဲ့တစ်ယောက်ကို အပြင်မှာ တစ်ခုခုစားဖို့သွားခိုင်းပြီး သူကတော့နေခဲ့သည် ပြောစရာလဲရှိလို့ပါတဲ့
သူ့ရည်းစားမရှိတော့မှ သူပြောလာတဲ့စကားတစ်ခွန်းက"ငါ P'နဲ့ စိတ်ဆိုးပြီး သူ့ကိုရွဲ့ချင်တာကြောင့် မင်းနဲ့တွဲခဲ့တာ အခုငါနဲ့P'က စေ့စပ်ပြီးပြီမို့ သူငယ်ချင်းလိုပဲ နေကြရအောင်" တဲ့
******
(နောက်အပိုင်းတွေမှာ နှစ်ယောက်လုံး ကြမ်းတော့မှာပါရှန်)[အရေးအသားစုတ်ခြာနေမှာသိလို့ ဝေဖန်ပေးကြပါဦး ကျောင်းတက်တုန်းက စာစီစာကုံးတောင် အထူးထုတ်ထဲက ကူးချတဲ့သူမို့ စာစီထားတာတွေက လွှဲနေမှာ အသေအချာပဲ]

YOU ARE READING
SHADOW
Short Storygemfot fic လေးတစ်ပုဒ်ရေးချင်လို့ အရှည်ကြီးမရေးနိုင်လို့ short storyလေးပဲရေးမှာပါ