Episode 1

3.6K 453 100
                                        

#Unicode

ကြေးမုံထဲမှာမြင်နေရတဲ့ ကိုယ့်ပုံစံကိုယ် Taehyung သဘောမကျချင် ... ခန္ဓာကိုယ်ကသွယ်လျပြီး မျက်နှာကလည်း အရုပ်ကလေးတစ်ရုပ်လိုမျိုး နုနုနယ်နယ်နှင့်လှပနေသေး၏။ခါးထိရှည်တဲ့ဆံပင်ရှည်တို့က အောက်အဖျားတွင် ကောက်နေပြီး ဆံပင်အရောင်သည်လည်း ခဲရောင်ဖြစ်သည်။ ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်ရုံ ၊ ခေါင်းတွင်ပတ်ထားသည့် အနက်ရောင် ခေါင်းပတ်တို့နဲ့ ပေါင်းစပ်ကြည့်သည့်အခါအလှတရားတို့က အတော်လေးမိန်းမဆန်နေသည်ဟု Taehyung ခံစားရ၏ ။ ထိုအလှတရားက မာယာများပြီး အဆိပ်ပြင်းသည့်ပုံစံလည်းပေါ်နေသေးသည် ။

"ဆံပင်အရောင်တွေနဲ့ဆိုတော့ အတော်လေး ခေတ်မီနေတာလား"

ထူးဆန်းသည့် ခဲရောင်ဆံပင်တို့ကြောင့် Taehyung တအံ့တသြဖြစ်နေခြင်းဖြစ်သည်။Taehyung မှန်ကိုကြည့်၍ အထူးအဆန်းဖြစ်နေသည့်ပုံကို ရံရွေတော် ဟွန်းဟူက ကြည့်၍

"အရှင်သခင်က ထူးဆန်းတဲ့ကလေးလေ။ ငယ်ငယ်ကတည်းက အဲ့ဒီဆံပင်ခဲရောင်လေးနဲ့မွေးလာတာ ... အများနဲ့မတူတဲ့ ထူးဆန်းတဲ့ အသွင်ကြောင့်ပဲ ယွီဟွာရဲ့အုပ်ချုပ်သူဆိုတာ သေချာသွားခဲ့တာပေါ့လေ"

Taehyung ခဲရောင်ကိုတော့ သိပ်မကြိုက်ချင်သေးပေ ၊ နောက်မှ ဆံပင်အရောင်ဆိုးဆေး တီထွင်ကာ အရောင်ပြောင်းမည်ဟုတေးထားလိုက်၏ ။ အခုတော့ ဆံပင်အရှည်ကြီးအား ညှပ်ချင်သည့်စိတ်သာရှိသည် ။

"ဒီဆံပင်တွေကို ကိုက်လို့မရဘူးလား.. အရမ်းစိတ်အိုက်တာပဲ"

"အို! မရပါဘူးနော် အရှင်သခင် ။ အုပ်ချုပ်သူရဲ့ ဆံပင်တို့က အသက်တစ်မျှအရေးကြီးပါတယ်.. နည်းနည်းလေးတောင် ထိခိုက်ပြီး တိုသွားလို့မရပါဘူး"

ယွီဟွာရဲ့ ဓလေ့ ထုံးတမ်းစဉ်လာတွေကို Taehyung မသိပေမယ့် ဆံပင်ကိုက်မရဘူးဆိုတာကြောင့် အတော်လေး စိတ်ညစ်ညူးသွားရသည် ။ မတတ်နိုင်တာကြောင့် ဖြစ်လာသမျှ အခြေအနေတွေကို Taehyung ကြံ့ကြံ့ခံ၍ ရင်ဆိုင်ရုံသာရှိတော့သည် ။
Taehyung ဒီကနေလွတ်ဖို့ အခြေအနေများရှိလေမလား။

-
-
-
-

"ဂျူယောင်း ၊ ဟန်ဂျီ..."

မပြီးဆုံးနိုင်သည့် ယောက်ျားများ၏နာမည်ကြောင့် Taehyung ခေါင်းပင်ကိုက်လာခဲ့သည် ။ လက်ကာပြ၍ ဆက်မပြောဖို့သာ ဟန့်တားလိုက်၏ ။ အားလုံးကို Taehyung ကိုယ်တိုင်က ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ထားသည်တဲ့လေ ။

My Dangerous HusbandWhere stories live. Discover now