zawgyi
"ချာတိတ် က ကိုယ့်စကားနားမထောင်တော့ဘူး လူဆိုးလေးဖြစ်နေပြီဆိုတာ သိရဲ့လား"
"....."
"လာပါကြာ အိမ်ထဲဝင်ရအောင် အပြင်မှာ ခြင်ကိုက်တယ်ကွ
ဖျားနေတာ လေတိုက်မခံရဘူး တစ်ခုခုစားပြီးဆေးသောက်ရမယ်လေ""အဟင့် အီးဟီး...."
"ချာ.. ချာတိတ် ဘာလို့လဲ ကိုယ်မှားတာပါ ဘာဖြစ်လဲပြော"
"ဖျားနေတာကို လာဆူနေတယ် ဖျားနေတာပါဆိုမှ ဦးတိုင်းက ကျွန်တော့်ကို ဂရုမစိုက်တော့ဘူး"
"အေးအေး ဟုတ်တယ်နော် ကိုယ်ကတောင်းပန်ပါတယ် မငိုနဲ့ ခေါင်းတွေကိုက်မယ် လိမ္မာတယ်နော် လာအိမ်ထဲဝင်မယ်"
ဖျားပြီး ကဂျီကဂျောင်လုပ်နေသော အကောင်ပေါက်ကို ချော့မော့ကာ အိမ်ထဲခေါ်ရသည်။
အဖျားကြောင့် မျက်နှာလေးအပြင်နားရွက်လေးတွေပါရဲနေသည်။
ငုံထားချင်စရာလေး.."ဆန်ပြုတ်သောက်ရမယ် အင်း....မွှေးနေရော ကိုယ်တောင်သောက်ချင်တယ် "
အခုမှတကယ့်ကို ကလေးအဖေကြီးလိုပဲ ခံစားလာရသည်။
ကိုယ့်ထက်ငယ်ငယ်ရွယ်ရွယ် ကေလးကို ချစ်တော့လည်း ကလေးအဖေဆိုလည်းအဖြစ်ခံရမှာပဲ။
မွေးပြီးစားမဲ့ မွေးစားဖေဖေ"ဦးတိုင်း ရေလို့"
"ဟင် အင်းအင်း"
ကိုယ့်အတွေးနဲ့ကိုယ်မို့ ချာတိတ် ရေတောင်းနေတာမသိလိုက်
"ဒါကဘယ်လဲ ချာတိတ်"
"သွားအိပ်မလို့လေ"
"ဘယ်ကိုလဲ"
"ဟိုဘက်အခန်း"
" ကိုယ်နဲ့အတူအိပ်ရမှာ ဘယ်မှမသွားရဘူး ဘာစကားမှမပြောနဲ့ လာ ကိုယ့်အခန်းအိပ်ရာကအကျယ်ကြီး တစ်ရွာလုံးအိပ်လို့ရတယ်"
ဒဏ်ရာပေးလိုက်ဆေးပေးလိုက်ပါလား ဦးတိုင်းရယ်"ဘာလုပ်တာလဲဗျ"
"ချမ်းလို့လေ ကိုယ့်ကိုပြန်ဖက်ထားပေးဦးလေ"
တကယ်တော့ ချာတိတ်ချမ်းနေမယ်ဆိုတာ သိလို့ ကျွန်တော်ကဖက်ပေးတာ
ဒါပေမဲ့ တည့်တိုးပြောရင် ချာတိတ်ရှက်မှာ စိုးလို့ဗျ
ခင်ဗျားတို့ သိဖို့AN/သူကမဖက်ချင်ဘူးဆိုတဲ့ ပုံစံ
"ချာတိတ်ကအစောကြီးနိုးနေတာပဲ ကိုယ့်ကိုမနှိုးဘူး"
"ဦးတိုင်း ပင်ပန်းနေမယ်ထင်လို့ပါ"
"မှန်းစမ်း တော်သေးတာပေါ့ အဖျားကျသွားပြီ"
" ဦးတိုင်း ကလေးချစ်တတ်လား"
"အင်း ကိုယ်ကတစ်ဦးတည်းသောသားမို့လို့လားမသိဘူး အငယ်လေးတွေအများကြီးလိုချင်တာ ဒါပေမဲ့ ကိုယ့်ကိုမွေးတုန်းကတောင် ဖေငယ် အရမ်း ဒုက္ခများခဲ့တာလေ
အဖေကလည်း ဖေငယ် ထိခိုက်မဲ့အလုပ်ဆို ဝေးဝေးက ရှောင်တယ်"

YOU ARE READING
To My Dear (complete)
General Fiction(unicode +zawgyi) တိုင်းထက်လွန် ညို့မိုှငှးရိပှ နူးနူးညံ့ညံ့လေးန့ဲ သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ကြည့်ပါမယ် ခှီန့ဲအတူတူ အချစ်ရိပ်ရှိရာသို့ စီးမြောသွားကြည့်ကြရအောင် တိုင်းထက်လွန် ညို့မှိုင်းရိပ် နူးနူးညံ့ညံ့လေးနဲ့ သူတို့နှစ်ဦးကြ...