zawgyi
"ချာတိတ်"
"....."
"အိမ်ဘက်တောင်မလာဘူး ဖေငယ်ကတောင်မေးနေတယ် ဦးလေးလည်း မရှိဘူးမလား အိမ်လိုက်ခဲ့ပါလား"
"ကျွန်တော် မလိုက်တော့ဘူး ဦးတိုင်း ကျွန်တော် သုတဆီသွားမလို့ သူ့ကိုချိန်းပြီးသား""သြော်....ကိုယ့်ကို စိတ်ခုနေတာရှိလား"
"မရှိပါဘူး ဘာလို့လဲ ဒါနဲ့ဟိုအစ်မရော ပါလာတာလား"
"မပါပါဘူး ချာတိတ်ကိုမတွေ့ရတာကြာလို့....ကိုယ်တကယ်.."
"ကျွန်တော် သွားတော့မှာ ဦးတိုင်းနေခဲ့ဦးမလို့လား"
ကျွန်တော့်စကားမဆုံးခင် ဖြတ်ပြောလိုက်သော ချာတိတ်ကိုကြည့်မိသည်။
ကျွန်တော်ကို သေချာပေါက်စိတ်ဆိုးနေတာ သိသာသည်။
"ဟုတ်ပြီ ကိုယ်ပြန်မယ်""သုတရေ ..."
"ဟာ...လာပြီလား မှိုင်းရိပ် လာလာ ငါစောင့်နေတာကြာပြီ"
"မင်းဘာလုပ်နေတာလဲ စာမကျက်ဘဲ စာမေးပွဲနီးပြီနော်"
"ဝတ္ထုဖတ်နေတာလေ ဆရာမဂျူးရဲ့ အမှတ်တရလေ"
"မင်းက အချစ်ကြောင်းတွေ စိတ်ဝင်စားနေပြီလား""ဘာတွေပြောနေတာလဲကွာ"
"အဲ့တာ အချစ်အကြောင်းတွေရေးထားတာမလားကွ"
"မင်းကဖတ်ဖူးတယ်ပေါ့"
"သေချာတော့မဖတ်ဖူးဘူး "
"မင်းအမြင်လေးပြောပါဦး "
"ဝတ္ထုက ဝတ္ထုပဲလေ""ငါကေတာ့ စုစုထွေးကို သိပ်သနားတယ်
မောင့်ဇနီးသည်ကိုလည်း သနားတယ် မောင်ဘယ်လောက်အကျင့်မကောင်းသလဲ
ငါသာ စုစုထွေးဆို ယောက်ျားတွေကို မုန်းပြီး တောထွက်မိမှာ
နောက်ပြီး
ပြန်လာပြီး အရေမရအဖတ်မရစကားတွေလာပြောနေတဲ့ သူ့မျက်နှာကြီးကို သေချာကြည့်ပြီး သေအောင်ရိုက်ပစ်တယ်""စာသာ အဲ့လို ခရေစေ့တွင်းကျ ရအောင်လုပ်ပါလား"
"ဟဲဟဲ ဒါနဲ့ မင်းကြားပြီးပြီလား ဆရာလေးနဲ့ ဟိုဆရာမနဲ့က ငယ်ချစ်ဦးတွေတဲ့လေ တစ်နေ့ကလည်း ဟိုဘက်ရွာကို သွားရင်း ဘုရားပေါ်မှာ နှစ်ယောက်သားဖက်နေတာတွေ့လိုက်တယ်ဆိုပြီး ပြောတဲ့သူတွေပြောနေကြပြီ အားလုံးကလည်း ဇွတ်သဘောတူနေတာလေကွာ"
ဘယ်လို....ဒါတွေကမဟုတ်ဘူး
"ငါခေါင်းကိုက်လို့ ပြန်နှင့်ပြီနော်"
"ဟာ...ဟိတ်ကောင်.."ကျွန်တော် ဘာမှထပ်မကြားနိုင်တော့ပေ။
နေမွန်းတည့်ချိန်မို့ ပူပြင်းနေသော လမ်းမထက် ကျွန်တော် တစ်ကိုယ်တည်း ပိုပူလောင်နေသယောင်။
တစ်ချက်တစ်ချက်တိုက်ခတ်လာသော လေအေးများကလည်း ကျွန်တော့်ကိုမအေးချမ်းစေခဲ့။
စိုစွတ်နေသော ပါးပြင်ထက်ကလည်း မျက်ရည်ပူများကိုလည်းမသုတ်မိ။

YOU ARE READING
To My Dear (complete)
General Fiction(unicode +zawgyi) တိုင်းထက်လွန် ညို့မိုှငှးရိပှ နူးနူးညံ့ညံ့လေးန့ဲ သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ကြည့်ပါမယ် ခှီန့ဲအတူတူ အချစ်ရိပ်ရှိရာသို့ စီးမြောသွားကြည့်ကြရအောင် တိုင်းထက်လွန် ညို့မှိုင်းရိပ် နူးနူးညံ့ညံ့လေးနဲ့ သူတို့နှစ်ဦးကြ...