10

3.1K 140 4
                                        

Fourth တစ်ယောက်အိပ်ရာထလာခြင်း ဘေးကိုကြည့်လိုက်တော့ Gem ကမရှိပေ။ အဲ့ဒါနဲ့ပင် အိမ်ရှေ့သို့ထွက်လာတော့ မနက်စာပြင်နေတဲ့ Gem ကိုတွေ့လိုက်သည်။ Fourth တစ်ယောက် ဒီရက်ပိုင်း Gem အိမ်လိုက်နေတာဖြစ်သည်။ Gemini အရင်နေ နေကြ အဆောင်မှာ မနေတော့ပဲ ကိုယ်ပိုင်အိမ်မှာဘဲ ပြောင်းနေဖြစ်တော့သည်။

"Gem~"

Gemini မနက်စာလုပ်နေရင်း အနောက်က အသံပိစိလေးကြားလိုက်တာကြောင့် နောက်လှည့်ကြည့်လိုက်တော့ ညအိပ်၀တ်စုံ အဖြူရောင်လေးနဲ့fourthက  သူကိုလှမ်းခေါ်နေသည်။ အိပ်ရာထထခြင်း မျက်လုံးစပ်လို့ထင်တယ် မျက်လုံးကို လက်နဲ့ပွတ်နေတော့ အနားကိုသွားလိုက်ပြီး ပွတ်နေတဲ့ လက်ကိုဖွဖွလေးဖယ်လေးသည်။

"မျက်လုံးကို လက်နဲ့မပွတ်ရ‌ဘူးလေ ပိုဆိုးမယ်"

"အင်း~"

ပြောလိုက်တော့ ထက်မလုပ်တော့ဘဲနဲ့ သူ့ကိုဖတ်လာသည်။ ခေါင်းလေးကိုလက်နဲ့ပွတ်ပေးလိုက်တော့ ရင်ခွင်ထဲ ပိုပြီးတော့ တိုးလာသည်။ သူပြုံးလိုက်မိသည်။

"အိပ်ရေးမ၀သေးတာလား Bae"

သူမေးလိုက်တော့ ခေါင်းလေးတစ်ဆက်ဆက်ငြိမ့်ပြလာသည်။

"ဒါဆို မျက်နှာသွားသစ်လိုက်နော် ပြီးရင်မနက်စာလာစား"

‌ဖတ်ထားရာမှ လွှတ်လိုက်ပြီး နဖူးကိုတစ်ချက်နမ်းလိုက်သည်။

"အင်း အမြန်ပြန်လာခဲ့မယ်"

"ဟုတ်ပါပြီဗျာ"

သူ့ကိုပြောပြီး လှေကားပေါ်ကို တတ်သွားသည်။ သူလည်း လုပ်လက်စ အလုပ်ကိုဆက်လုပ်ကာ ခနကြာတော့ ပန်းကန်ပေါ်မှာ ‌ခေါက်ဆွဲကြော်ကို ချစ်စရာကောင်းအောင်ပြင်ဆင်ထား၏။

သူလည်းလုပ်ပြီးတော့ အပေါ်ထပ်ကနေ  ကျောင်း၀တ်စုံ၀တ်ကာ ပြေးဆင်းလာသည်။ မျက်နှာက ခုနကနဲ့မတူတော့ ရေချိုးလိုက်တော့ လန်းဆန်းနေသည့်ပုံပေါ်သည်။

"Baeချော်လဲမယ်ဖြေးဖြေး"

"မနက်စာဘာပြင်ထားလဲ Gem"

Fourth ကြည့်လိုက်ပြီး သဘောကျသွားတော့ ထိုင်ကာ ဘာမှမပြောတော့ဘဲ စားနေလိုက်သည်။ပြီးမှ သူ့ကိုသတိရကာ လှမ်းခေါ်လာ၏။

My Boyfriend is football player Where stories live. Discover now