ကျွန်တော့်ကို ကူညီပေးခဲ့တဲ့ကောင်ကို ကျေးဇူးတင်ချင်တဲ့ စိတ်လေးက သူပြောလိုက်တဲ့စကားကြောင့် ကြက်ပျောက်ငှက်ပျောက်
ကျွန်တော်တောင် ဘာမှမပြောရသေးခင် သူပြောလာတာက
မင်းကို သနားလို့ကူညီပေးတာ နောက်တစ်ခါဆို မမြင်ချင်ယောင်ဆောင်သွားမှာမို့ အခုလိုမျိုး တစ်ယောက်ထဲ ကျောင်းသွားကျောင်းပြန် မလုပ်နဲ့ တဲ့
ဘယ်သူကရော တစ်ယောက်ထဲပြန်ချင်မှာလဲ အိမ်က မိဘတွေကိုအားနာမိလို့ ကျောင်းနဲ့အိမ်က သိပ်လည်းမဝေးတာကြောင့် ကိုယ့်ဟာကိုယ်ပြန်လာမိတာ ဘယ်သူကထင်မှာလည်း ဒီလို လူဆိုးကောင်တွေနဲ့တွေ့မယ်လို့လေ
ကျွန်တော့်ကို ကူညီပေးတဲ့မျက်နှာကြောင့် ကျွန်တေယ် နှုတ်ပိတ်နေလိုက်ပြီး ဟုတ်ကဲ့ပါ ခင်ဗျာ မှတ်သားထားပါ့မယ် ဆိုပြီး အရွဲ့တိုက်ပြောကာ လှည့်ထွက်လာခဲ့၏ စိတ်ထဲမှာကတော့ တစ်နုတ်နုတ်နဲ့ပေါ့
အိမ်ပြန်ရောက်တော့ ကျွန်တော့ အမေရော အဖေရောက ဧည့်ခန်းမှာ ထိုင်စောင့်နေသည် ကျွန်တော့်ကိုလဲ တွေ့ရော ပြန်လာတာအဆင်ပြေရဲ့လား ဘာညာနဲ့မေးကြ၏ ကျွန်တော်ပြန်မပြောချင်ပါ အလကား မိဘတွေကို အလုပ်ပိုမပေးချင်ပါဘူး ကျွန်တော်လည်း ဘာမှမဖြစ်ကြောင်း ပြောပြီး အိမ်ပေါ်တက်လာခဲ့၏ အခန်းထဲ ရောက်တာနဲ့ လွယ်အိတ်ချပြီး ရေအရင်ချိုးရသည် ကျွန်တော် အမေရောအဖေရောက ကျွန်တော့ကို ထမင်းစားဖို့ စာင့်နေတာမို့လေ
ကျွန်တော်လဲ ရေအမြန်ချိုးပြီးတာနဲ့ အမေချက်ထားတဲ့ ကျွန်တော့်အကြိုက် အရွက်စုံကြော်နဲ့ ကြက်သားကို ထိုင်းချက်ချက်ထားတာနဲ့ ကျွန်တော်လဲ ဗိုက်ဆာဆာနဲ့ အများကြီးစားမိလိုက်သည် ပြီးတော့ အမေက အချိုပွဲအတွက် ကျွန်တော့်အကြိုက်ဆုံး စရောဘယ်ရီဂျူ့စ်နဲ့ စတော်ဘယ်ရီသီးလာချပေးသည် အား ကျွန်တော် Fourth Nattawat ရဲ့ဘဝလေး မိဘတွေဆီကနေ ဘယ်လောက်အချစ်ခံနေရလဲ ကြည့်တော့ဗျာ
အကုန်စားပြီးတာနဲ့ ကျွန်တော် စာလုပ်ဖို့ အိပ်ပေါ်တက်လာခဲ့သည် မိဘနှစ်ပါးကို ကန်တော့ဖို့လဲမမေ့
စာလုပ်ပြီးတာနဲ့ ကျွန်တော် အိပ်ယာပေါ်လှဲလိုက်တော့ ပြန်မြင်မိတာက ကျောင်းပြန်လာတုန်းကဖြစ်ခဲ့တဲ့ ပုံရိပ်တွေ တော်သေးတာပေါ့ Gemini ရောက်လာလို့ သူသာရောက်မလာရင် ဆိုတဲ့အတွေးနဲ့တင် တော်တော် ကြက်သီးထနေပြီမို့ သက်ပြင်းတစ်ချက်ချ၍သာ အိပ်ပျော်အောင် အိပ်လိုက်တော့သည်

YOU ARE READING
SHADOW
Short Storygemfot fic လေးတစ်ပုဒ်ရေးချင်လို့ အရှည်ကြီးမရေးနိုင်လို့ short storyလေးပဲရေးမှာပါ