အခန်း (၁၅)

8.1K 130 0
                                        

"အားနာပါတယ်ဂုဏ်ရယ် အကို့ကြောင့် ညီအပိုအလုပ်တွေလုပ်ဖြစ်သွားတာ"

ကားမောင်းနေရင်းနဲ့ပင် မာန် ဂုဏ့်ကိုအားနာကြောင်း ပြောလိုက်ရလေသည်။

"မဟုတ်တာ အကိုရယ် ညီငယ်ငယ်ကတည်းကအကိုနဲ့သိလာတာပါ၊ ကိုကြီးကလည်း သူ့သူငယ်ချင်းကို မူးမူးရူးရူးနဲ့ ပစ်ထားခဲ့မယ်ဆိုရင် လက်သီးစာကျွေးလိမ့်မယ်"

မာန်ခပ်ဖွဖွလေးရယ်လိုက်မိလေသည်။ ဂုဏ့်ရဲ့ အကို ခန့်ညားမင်းထည် နဲ့ မာန်က ငယ်ပေါင်းကြီးဖော်တွေဖြစ်သည်။ သူ့ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတိုင်းမှာ ဖေးမပေးခဲ့တဲ့ သူငယ်ချင်းဆိုလည်း မမှားပေ။ ခန့်ညားနဲ့ပက်သက်ပြီး ဂုဏ်နဲ့လည်း လက်ပွန်းတတီး ရင်းနှီးကျွမ်းဝင်လာခဲ့သည်။

"ညကကျွန်တော် အကို့ဆီမှာ ခွင့်မတောင်းဘဲအိပ်မိလိုက်လို့ ဆောရီးပါနော်အကို။ "

"ရပါတယ်ညီရယ် အကိုက အားနာရမှာပါ ။ နောက်ပြီးကိုယ်တို့က တစိမ်းတွေမှမဟုတ်တာ၊ အကိုသာညီ့ကို အားနာရမှာ၊ အကို့ကလေးက ညီ့ကိုအရမ်းကပ်နေလို့လေ "

ဂုဏ် မာန့်စကားကြောင့်ဟက်ဟက်ပက်ပက် ရယ်လိုက်မိလေသည်။

မာန်ကတော့ ရယ်နေတဲ့ ဂုဏ့်ကို တစ်ချက်စောင်းငဲ့လှည့်ကြည့်ပြီး ‌ဖော်ပြ၍မရနိုင်သော မျက်ဝန်းများဖြင့်သာ ကားကိုမောင်းနေလေတော့သည်။

"ဒါနဲ့ လွန်းလေးက အကိုနဲ့တော်တော်တူတာပဲနော် carbon copy လိုမျိုးပဲ။ ချစ်ဖို့လည်းကောင်းတယ် ။ မာမီကဘယ်အချိန် လွန်းလေးနဲ့ သိသွားတယ်မသိပါဘူး ညက ဖုန်းဆက်တော့ တစ်လွန်းတည်းလွန်းနေတာ ကျွန်တော် အိမ်က ခိုးထွက်တာတောင်ဆူမသွားဘူး"

"ဟုတ်တယ် အကိုလည်း အဲ့ကလေးမသူ့အမေနဲ့ မတူဘဲ အကိုနဲ့ချွတ်စွပ်တူနေလို့ စိတ်မကောင်းဖြစ်နေတာ "

မာန်က တစ်ခုခုကို စဉ်းစားနေသလိုပြောတော့ ဂုဏ်က အလိုက်မသိစွာနဲ့

"ဘာစိတ်မကောင်းဖြစ်စရာလိုလဲ အကိုရယ် ခက်ဆစ်လေးတုန်းက အကိုက အကိုနဲ့ မတူလိ့ အမြဲဂျီကျနေတာ..."

ဂုဏ်စကားတစ်ဝက်ရောက်မှ သူ့စကားမှားသွားတာ သတိထားမိလေသည်။ ဘာပဲပြောပြော အကို့မာန့်အကြောင်းကို သူတို့ညီအကိုနှစ်ယောက်ကလွဲ ဘယ်သူမှပိုမသိနိုင်။ ဂုဏ်သတိထားမိပါတယ် ၊ အကိုနဲ့ မသဒ္ဒါဖြူရဲ့ အိမ်ထောင်ရေးကို ကောင်းကောင်းကြီးသူသိသည်။

ဥပက္ခာတံတိုင်းWhere stories live. Discover now