(6)

548 86 0
                                    

(6)

ညနေပိုင်းမှာတော့ ကျင်းရန်တစ်ယောက် လသာဆောင်ဘက်ကိုထွက်ကာ သူ့ရဲ့အမေဆီသို့ ဖုန်းခေါ်ခဲ့တယ်။ သူထင်ထားသလိုပဲ။ ကျင်းမားမားက ရန်ချင်းလင် သူ့ရဲ့တက္ကသိုလ်ကို ဝင်ခွင့်ရကြောင်းကို သိနေတာ ကြာခဲ့ပြီ။

ကျင်းရန်:  "ဘာလို့ ကျွန်တော့်ကို ကြိုမပြောခဲ့ရတာလဲ!"

ကျင်းမားမား ရှင်းပြလာတယ်။

"မားက မင်းကို ဒီအကြောင်းကို ပြောပြချင်ပေမယ့် ချင်းလင်က မင်းကို အံ့အားသင့်စေချင်တယ်လို့ ပြောခဲ့တယ်လေ..  ဒီကလေးက အရမ်းစိတ်ဝင်စားစရာကောင်းတယ်လို့ မားထင်ထားခဲ့တယ်၊ ဒါကြောင့် မင်းကို မပြောပြခဲ့တာ"

တဆိတ်လောက်? ဒါက အံ့သြသင့်စရာလား။ ဒါက သိသိသာသာကြီးကို ကြောက်စရာကောင်းတဲ့ ကိစ္စကြီးနော်!

နောက်ပြီး  ဘာလဲ..

ကျင်းရန် မျက်မှောင်ကြုတ်ပြီး လိုရင်းကိုချက်ချင်း မေးလိုက်တယ်

ကျင်းရန်: "မား .. မားက ရန်ချင်းလင်နှင့် မကြာခဏ ဆက်သွယ်နေတာလား"

ကျင်းမားမား: "ဟုတ်တယ်လေ..  ငါတို့မှာ ဝီချက်ဂရုတောင်ရှိသေးတယ်"

ကျင်းရန် ခဏတာလောက် မင်သက်သွားရတယ်။

"ဘာဂရုလဲ၊ ဘယ်သူတွေနှင့်လဲ"

ကျင်းမားမား: "မား ၊ချင်းလင်နှင့် ချင်းလင်ရဲ့မားမား သုံးယောက်ပဲရှိတယ်"

ကျင်းရန်ရဲ့ စိတ်ထဲမှာ မေးခွန်းအမှတ်အသားတစ်ခုက ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ရတယ်

"မားတို့  ဘာအကြောင်းကိုပြောချင်လို့လဲ"

ကျင်းမားမား: "သေချောတာပေါ့  လက်ထပ်ပွဲနှင့်ပတ်သက်တဲ့  ကိစ္စတွေကို ဆွေးနွေးဖို့အတွက်ပဲလေ!"

ဒီအချိန်ကျမှ ကျင်းရန်တစ်ယောက် သူနှင့် ရန်ချင်းလင်တို့ ဆောင်းရာသီအားလပ်ရက်မှာ လက်ထပ်ပွဲကျင်းပရလိမ့်မယ်ဆိုတဲ့အကြောင်းကို ပြန်လည် သတိရသွားခဲ့တယ်။

ကျင်းရန်တစ်ယောက် မသိစိတ်ကနေ ပြန်မေးလိုက်မိတယ်။

"ဒါဆို ကျွန်တော်က ဘာလို့ မရှိရတာလဲ"

ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..Where stories live. Discover now