5: သရုပ်ဆောင်မင်းသား

520 86 0
                                    

5: သရုပ်ဆောင်မင်းသား

ရန်ချင်းလင်က ကျင်းရန်ရဲ့နောက်မှ ခြေလှမ်းနှစ်လှမ်းစာအကွာကနေလျှောက်လာခဲ့တယ်။  သူတို့နှစ်ယောက်က ကျောင်းဝင်းထဲမှာ ရှေ့ဆင့်နောက်ဆင့်လျှောက်နေခဲ့ကြပြီး  မရေမတွက်နိုင်လောက်တဲ့ ဖြတ်သွားဖြတ်လာတွေရဲ့အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့တယ်။

မိန်းကလေးတချို့က သူတို့ရဲ့ဖုန်းကိုထုတ်ယူပြီး ဓာတ်ပုံတချို့ကိုတောင် ရိုက်ယူခဲ့ကြတယ်။

ကျင်းရန်က နို့လက်ဖက်ရည်ဘူးကိုလက်တစ်ဖက်မှာကိုင်ပြီး နောက်ထပ်လက်တစ်ဖက်မှာတော့ ဟော့ပေါ့အစပ်ဘူးတွေကို ကိုင်ထားခဲ့တာကြောင့် သူ့ရဲ့ ပုံရိပ်က အတော်လေး လျော့ကျနေခဲ့တယ်။ သို့ပေမယ့် သူဂရုမစိုက်လေဘူး။

သူ, ကျင်းရန်ရဲ့ အရှိန်အဝါတွေက ဟော့ပေါ့အစပ်နှစ်ဘူးနဲ့ နို့လက်ဖက်ရည်တွေကြောင့် လျှော့ပါးသွားနိုင်မှာမဟုတ်ဘူး!

"ရွှယ်ကျန်း "

ကျင်းရန်က လမ်းဆက်လျှောက်နေခဲ့တယ်။

"ကျင်းရန်ရွှယ်ကျန်း "

"... "

"ကျင်းရန်ကောကော ... "

ကျင်းရန် သူ့ရဲ့ခေါင်းကိုလှည့်ပြီး မယဥ်ကျေးစွာဆိုတယ်။

"ငါ့ကိုစကားမပြောနဲ့"

ရန်ချင်းလင်က သူ့ရဲ့အမူအရာတွေကို အတော်လေး စိတ်ဝင်စားစရာကောင်းလှကြောင်း ရှာတွေ့သွားခဲ့တယ်။

"ဘာလို့လဲ"

"မင် းဘာလို့ဒီလောက်မေးခွန်းတွေများနေရတာလဲ"

"ဒါပေမယ့် ကျွန်တော်က 'ဘာလို့လဲ'ဆိုတာကို  တစ်ခါတည်းပဲ မေးရသေးသလိုပဲနော်"

"... ပါးစပ်ပိတ်ထား!"

သေချာတာပေါ့။ ကျင်းရန်က ရန်ချင်းလင်ကို အုပ်ချုပ်ရေးအဆောက်အအုံဆီသို့ ပို့ပေးရလောက်အောင် သဘောကောင်းမနေခဲ့ဘူး။

လမ်းက ဝေးကွာသထက် ဝေးကွာလာပြီး လူတွေကလည်း နည်းပါးသထက် နည်းပါးလာတယ်။ သူတို့နှစ် ယောက် နောက်ဆုံးတော့ ကျောင်းစာကြည့်တိုက်ရဲ့နောက်မှာရှိတဲ့ ရေကန်အတုဆီသို့ ရောက်ရှိလာခဲ့ကြတယ်။

ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..Where stories live. Discover now