4:ရွှယ်ကျန်း

524 80 3
                                    

4: ရွှယ်ကျန်း

လူနှစ်ယောက်ရဲ့ စကားအကြောင်းအရာတွေက တူညီတဲ့ ချန်နယ်ထဲမှာ ရှိမနေခဲ့ဘူး။ သို့ပေမယ့် မမျှော်လင့်ဘဲ လိုက်ဖက်ညီစွာရှိနေကြပြန်တယ်။

ထိုဖုန်းက ရုတ်တရက်တုန်ခါသွားပြီး သူတို့ အိပ်ဆောင်ဂရုဆီသို့ စာတွေဝင်လာခဲ့တယ်။

ဂရုနာမည်- [ လောဘကြီးလွန်းတဲ့ အဖွဲ့]

ကျိယွမ်ရှီး: ခွေးလေး.. မင်းရဲ့ခွေးခြေထောက်က ဘယ်လိုနေသေးလဲ။ [မချိုမချဥ် အပြုံး:jpg]

ရှန်ကျစ်ရှောင်း: ဘာမှ လာပြောမနေစမ်းနဲ့.. ဒီကိစ္စက မင်းတို့တွေ လေတိုက်ရလောက်တဲ့အထိ ကြီးမားတဲ့ ပြဿနာ မဟုတ်ဘူး

ခယ့်ယန်: ရှန်ကျစ်ရှောင်းရဲ့ခြေထောက်က ဘာဖြစ်သွားတာလဲ

ကျိယွမ်ရှီး: သူ့ရဲ့ခြေထောက်က ရန်ရန်ဆီမှာ တက်နင်းခံလိုက်ရတယ်လေ.. ဘယ်သူက ပြသနာကြီးရှိနေတာလဲဆိုတာ မင်း မြင်နိုင်လား

ခယ့်ယန်: အိုး..အိုး

ကျိယွမ်ရှီး: ရှိနေလား 【စုံစမ်း】

ကျင်းရန်: ​ပြော..မင်းရဲ့ပါးပါး နား​ထောင်​နေတယ်

ကျိယွမ်ရှီး: ငါ့ရဲ့ဇနီးလေးက အခုပဲ ပြောခဲ့တယ်.. ကျောင်းမြက်စိမ်းလေးအတွက် မဲပေးတာ ပြန်ဖွင့်ရင် ငါတို့ အတန်းထဲက မိန်းကလေးတွေအကုန်လုံး မင်းကို ထောက်ပံ့ပေးလိမ့်မယ်တဲ့

ရှန်ကျစ်ရှောင်း : ဝိုး~ ပျော်ရွှင်စရာ ပွဲတော်ပဲ

ကျိယွမ်ရှီး : ဒါဆို အားတင်းထားဦး.. ငါတို့ အနိုင်ယူနိုင်တယ်!

ကျင်းယွင်: [မင်းက အရူးမဟုတ်လား: jpg]

ရှန်ကျစ်ရှောင်းက သူ့ရဲ့ဖိနပ်ကို ချွတ်လိုက်ပြီး အိပ်ယာထဲသို့ ဝင်သွားခဲ့တယ်။

"ကျင်းရန် ငါ့အတွက် နေ့လည်စာ ယူလာဖို့ မမေ့နဲ့ "

ကျင်းရန် တစ်ဖက်ကို ငုံ့ကြည့်လိုက်တယ်။

ရှန်ကျစ်ရှောင်းက ယုံကြည်ချက်ရှိစွာပြောလာတယ်။

"ဒီလိုဆိုရင် ငါ့ရဲ့ ခြေထောက်အတွက် အဆင်မပြေနိုင်ဘူးလား"

ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..Where stories live. Discover now