(3)လက်ထပ်မှတ်ပုံတင် လက်မှတ်

892 137 1
                                    

(3)

ကျန်းရန်တစ်ယောက် တစ်စုံတစ်ခုမှားယွင်းနေပြီလို့ ခံစားလိုက်မိပြီး တုံ့ပြန်နိုင်ဖို့အတွက် စက္ကန့်အနည်းငယ်လောက်ကြာသွားခဲ့ရတယ်။

သူ့ရဲ့လောင်ဖော... ငါ့ကို ပြောတာဖြစ်လောက်မဲ့ပုံပဲလားလို့?

_နေရာမှာပဲ ပေါက်ကွဲထွက်သွား!

"ဘယ်သောက်ကောင်က  ရှက်နေလို့လဲ?!"

ကျန်းရန် သူ့ရဲ့ လည်ပင်းကိုဆန့်တန်းရင်း ပြောလိုက်တယ်။

"လောပန် ဒီဓာတ်ပုံကို ဆယ်ဆလောက်ချဲ့ပြီး ဆိုင်ရဲ့ အထင်ရှားဆုံးနေရာမှာ ချိတ်ဆွဲထားလို့ရတယ်! ကျွန်တော် လုံးဝ စိတ်မရှိဘူး!"

ဆိုင်ပိုင်ရှင်ကတော့ အပျော်လွန်သွားရတယ်။

  "ကျေးဇူးတင်ပါတယ် ရှောင်တိ!"

တစ်ဖက်မှ လူငယ်လေးက အနည်းငယ် အံ့သြသွားခဲ့တယ်။

"မင်း တကယ်ပြောနေတာလား"

"ဘာလို့လဲ"

ကျန်းရန်က သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်တယ်။

"ရဖို့  ခက်ခဲသလိုကစားချင်နေတာလား"

လူငယ်လေးက ပြုံးပြီး ထူးမခြားနားစွာကြည့်လာတယ်။

"မင်းပျော်ရင် ပြီးတာပါပဲ"

ဆိုင်ပိုင်ရှင်နှင့် ဓာတ်ပုံတည်းဖြတ်သူတို့က သူတို့ကို ဆိုင်အပြင်ထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့ပြီး သူတို့အတွက် အကောင်းဆုံးသော  ကောင်းချီးကိုလည်း ပို့သပေးဖို့ မမေ့လျော့ခဲ့ဘူး။

"မင်းတို့နှစ်​​ယောက်​ ပျော်ပျော်ရွှင်ရွှင်နှင့် အနှစ်​တစ်​ရာတိုင် ပေါင်းသင်းနိုင်ပြီး အတူတကွအိုမင်းကြီးပြင်းလာနိုင်စေဖို့ ဆုတောင်းပေးပါတယ်!"

"ပျော်ရွှင်စရာ လက်ထပ်ပွဲဖြစ်ပါစေ!  သားလေးတစ်ယောက် မွေးဖွားနိုင်ပါစေ!"

ကျင်းရန်ရဲ့ ပါးစပ်ထောင့်တွေ လှုတ်ခတ်သွားရတယ်။

အမျိုးသားနှစ်ယောက်က ဘယ်လိုလုပ်ပြီး ကလေးမွေးနိုင်မှာလဲ?  မင်းတစ်ယောက်လောက်မွေးပြီး ငါ့ကိုပြကြည့်စမ်းပါ!

ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..Where stories live. Discover now