(4)

823 110 2
                                    

(4)

ကိစ္စတွေအားလုံး ပြီးသွားချိန်မှာတော့ ကျင်းရန်နဲ့ ရန်ချင်းလင်တို့တွေ တံခါးဝနားမှာ နှုတ်ဆက်ခဲ့ကြပြီး ရှုကောဆိုတဲ့လူကလည်း ထိုအနားမှာရှိနေခဲ့တယ်။

ကျင်းရန် ထွက်သွားတော့မဲ့အချိန်မှာပဲ ရှုကောက အလျှင်အမြန်မေးလာခဲ့တယ်။

"မင်း အခုထွက်သွားတော့မှာလား"

ကျင်းရန်:  "မသွားဘဲ ဘာလုပ်ရမှာလဲ?"

ရှုကောက ရန်ချင်းလင်ကိုပြန်ကြည့်လိုက်တယ်။

"ချင်းလင်..  မင်းအမေက သူ့ကို အိမ်မှာထမင်းလာစားဖို့ ဖိတ်ခိုင်းခဲ့တယ်မဟုတ်ဘူးလား"

ဒီစကားကိုကြားတော့ ကျင်းရန်ရဲ့ ခေါင်းက အဆပေါင်းများစွာ ကြီးမားလာရသလိုပဲ။

ဘာကို အိမ်ပြန်ခေါ်မှာလဲ? ဘာကို ထမင်းလိုက်စားရမှာလဲ?

ဒီလူတွေက ဘယ်လိုလုပ်ပြီး "အိမ်ထောင်ရေး"ရဲ့ အခြေခံဥပဒေကိုတောင် မလိုက်နာကြတာလဲ!

"အလုပ်ရှုပ်မခံပါနဲ့"

ကျင်းရန်ပြောလိုက်တယ်။

"ကျွန်တော် ဒီည ချိန်းထားတာရှိသေးတယ်"

ရှုကောက သိပ်ပြီး နားမလည်တဲ့ပုံပဲ။

"ဒီနေ့က မင်းရဲ့ နေ့ထူးနေ့မြတ်ပဲလေ.. ဒါကို တခြားတစ်ယောက်နဲ့ ချိန်းထားတာလား"

ကျင်းရန်တစ်ယောက် ခဏတာလောက် ဆုံးရှုံးသွားရသလိုပဲ။

"အမ်..."

ရန်ချင်းလင်က ဒီအချိန်မှာပဲ အပြုံးတစ်ခုနဲ့ ပြောလာတယ်။

"ရှုကော.. ကျင်းရန်က တကယ်အဆင်မပြေတာ"

သူက ခဏလောက်ရပ်လိုက်ပြီးမှ ဆက်ပြောလာတယ်။

"သူက ကျောင်းက ကျူတာတစ်ယောက်နဲ့ ချိန်းထားတာရှိတယ်.. ကျူတာဆရာကိုတော့ သူလည်း မလာနိုင်ဘူးလို့ ပြောလို့မရဘူးလေ"

ကျင်းရန် ချက်ချင်း ခေါင်းညိတ်လိုက်ပြီး အဓိပ္ပါယ်မရှိတဲ့စကားတွေကို လေးနက်တည်ကြည်စွာ ပြောတော့တယ်။

"ဟုတ်တယ်.. ကျွန်တော်က  အိမ်ထောင်ကျသွားပြီဆိုပေမယ့်  ကျောင်းသားတစ်ယောက်ဖြစ်နေတုန်းပဲ.. ဒီတော့ စာသင်ကြားရေးအတွက်လည်း အာရုံစိုက်သင့်တယ်"

ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..Where stories live. Discover now