(1) ပထမဦးဆုံးတွေ့ဆုံခြင်း

1.3K 122 2
                                    

(1) ပထမဦးဆုံးတွေ့ဆုံခြင်း

ငါ့ရဲ့မေက ငါ့ကို မင်းနှင့် လက်ထပ်မှတ်ပုံတင်သွားယူဖို့ ပြောလာတယ်...

ကျင်းရန်တစ်ယောက် ဂိမ်းပြီးသွားတာနဲ့တန်းစီတဲ့စနစ်ကနေ ပြန်ထွက်ကာ ကွန်ပျူတာရဲ့ ဘေးမှာချထားတဲ့ဖုန်းကိုလှမ်းယူလိုက်ပြီး မက်ဆေ့အကြောင်းကြားချက်ကို တစ်ချက်ကြည့်လိိုက်တယ်။

ဘော့စ်မား: မနက်ဖြန်ချီရှီပွဲတော်နေ့(တရုတ်ချစ်သူများနေ့)နော်.. မင်း သူနဲ့လက်ထပ်မှတ်ပုံတင်သွားလုပ်ရမှာ။

ကျင်းရန်ရန်ရန်: [မြေအောက်ရထားပေါ်မှ အဖိုးအို သူ့ရဲ့ဖုန်းကိုငုံ့ကြည့်နေ jpg]

ဘော့စ်မား: မင်းမှာ သူ့ရဲ့ဝီချက်အကောင့်ရှိလား

ကျင်းရန်ရန်ရန်: မရှိဘူး။

ဘော့စ်​မား: [ အကောင့်ကို recommendပေး{.R} ] သူက မင်းနဲ့စေ့စပ်ထားတဲ့သူပဲလေ.. ပြီးတော့အရမ်းလဲချောပြီး ယောက်ျားပီသတယ်.. မင်း တစ်ဖက်လူနဲ့ စကားပြောကြည့်ပြီး မင်းတို့ကြားထဲက ဆက်ဆံရေးကို တဖြည်းဖြည်းတိုးတက်အောင်လုပ်သင့်တယ်။

ကျင်းရန်ရန်ရန်...(အပြုံး jpg)

ကျင်းရန်က (၁၉)နှစ်သာရှိသေးပြီး သာမန်တက္ကသိုလ်ဒုတိယနှစ်ကျောင်းသားတစ်ယောက်ဘဲ။ သို့ပေမဲ့ လွန်ခဲ့တဲ့တစ်လတုန်းက သူ့ရဲ့မိသားစုက သူ့ကိုပြောလာခဲ့တယ်။ သူက နိုင်ငံခြားကိုထွက်ပြေးသွားခဲ့တဲ့ သူ့ရဲ့၀မ်းကွဲကိုယ်စား ကျင်းမိသားစုရဲ့အကြီးအဆုံးစီးပွားရေးပါတနာဖြစ်တဲ့ ရန်မိသားစုနဲ့လက်ထပ်ရလိမ့်မယ်တဲ့။

အစတုန်းကတော့ ကျင်းရန် ငြင်းဆန်ခဲ့သေးတယ်။  လိင်တူလက်ထပ်တာကို လွန်ခဲ့တဲ့နှစ်(၈၀၀)လောက်ကတည်းက ခွင့်ပြုထားပေမဲ့လည်း သူကတော့ စတီးထက်တောင် ဖြောင့်တန်းတဲ့ အဖြောင့်ကောင်တစ်ယောက်လေ။ သူက လိင်တူလက်ထပ်တာကို လုံးဝစိတ်မဝင်စားဘူး။

သို့ပေမဲ့ ကျင်းမိသားစုရဲ့ပဏာမအိမ်တော်ကနေ သူ့ဆိီပို ကားတွေနဲ့အိမ်တွေနှင့် တစ်လှည််စီ ဆွယ်နေခဲ့ပြီး အထပ်ထပ်အခါခါ လှည့်ပတ်ပြောနေခဲ့တာကြောင့် သူ့အနေနဲ့  တုံ့ဆိုင်းလာခဲ့ရတယ်။

ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..Where stories live. Discover now