ep-3

782 57 0
                                        

အဲ့နေ့ကစပြီး ကျွန်တော် ဟိုကောင်ကို ရှောင်ဖယ်ထားလိုက်တယ် စာသင်ချိန်က လွှဲရင် သူအခန်းထဲရှိနေရင် ကျွန်တော်က အခန်းထဲမှာမနေဘူး သူအခန်းထဲမှာမရှိရင် ကျွန်တော် အခန်းထဲမှာနေတယ် ကျွန်တော်သူ့ကို မုန်းတယ် အသွေးအသားထဲကနေကို မုန်းတာ
ဒီလိုနဲ့ပဲ လည်ပတ်နေရင်း စာမေးပွဲဖြေဖို့ရက်နီးကပ်လာတယ် ကျွန်တော်တို့အတန်းက စာတော်တဲ့သူတွေဆိုပေမယ့် ခင်များတို့သိတယ်မလား စာတော်တဲ့သူက ပိုပြီးလောဘကြီးတယ်ဆိုတာလေ တစ်ခြားအခန်းတွေကို အချိန်ပိုတွေ ခေါ်တော့ ကျွန်တော်တို့အခန်းကလည်း အချိန်ပိုသင်ချင်တယ်ဆိုပြီး ဆရာမကို ပြောထားလို့ ကျွန်တော်တို့လည်း အချိန်ပိုတက်ရမှာပေါ့ဗျာ
ဒီ‌နေ့ အချိန်ပိုသင်တာ နဲနဲနောက်ကျလို့ ညီအစ်ကိုမသိတစ်သိအချိန်ကိုရောက်သွားတယ်ဗျာ ကံဆိုးချင်တော့ မီးကလည်းပျက်နေတယ် ကျွန်တော့်မိဘတွေ ပင်ပန်းမှာစိုးလို့ လာမကြိုခိုင်းထားတော့ ပိုပြီးဂွကျနေပြီ‌ဗျာ ဖုန်းမီးအလင်းနဲ့ပဲ ကားမှတ်တိုင်ရောက်အောင်သွားရတော့မယ် ကျောင်းနဲ့ကားမှတ်တိုင်က တစ်အားကြီးဝေးတယ်လို့တော့မဟုတ်ပေမယ့် တော်တော်တော့ နည်း"လှမ်းတယ်ဗျ ကျွန်တော်သရဲမကြောက်ပါဘူး ကျွန်တော်ကြောက်တာကလူ မမြင်ရတဲ့ အရာတွေထက် လူ‌တွေကပိုကြောက်ဖို့ကောင်းတယ်ဆိုတာ ခင်များတို့လည်းသိမှာပါ အဲ့ဒါကြောင့် ကားမှတ်တိုင်အထိ ရှိသမျှ ဘုရားစာ အန္တရာယ်ကင်းတဲ့ ဂါထာတွေရွတ်လာခဲ့တာ ဘုရားက ကျွန်တော့ဆုတောင်းကိုမဖြည့်ဆည်းပေးဘူးဗျာ ကျောင်းက တစ်ကယ့်ဇိုးတွေနဲ့ ကားမှတ်တိုင်ရောက်ခါနီးမှာ မျက်နှာချင်းဆိုင်သွားတွေ့တာပဲ  ကျွန်တော်လဲ မသိချင်ယောင်ဆောင်ပြီး ကျော်သွားမလို့လုပ်တော့ သူတို့ထဲက တစ်ယောက်က ကျွန်တော့လက်ကိုဆွဲလိုက်ပြီး
"ဟိတ် အလှလေး ဘယ်အတန်းကလဲ ကိုယ်တို့လိုက်ပို့ပေးမယ်" ဆိုပြီး ပြောလာရော
ကျွန်တော်ဘာမှပြန်မပြောရဲဘူး ကျွန်တော် အရမ်းကြောက်မိနေပြီ စိတ်ထဲကနေလည်း တစ်ယောက်ယောက်က ကူညီဖို့ရောက်လာပါစေဆိုပြီး ဆုတောင်းမိနေတာ
ထိုအချိန်
"မင်းတို့ဘာလုပ်နေတာလဲ" ဆိုတဲ့အသံကိုကြားရလိုက်တော့ ကျွန်တော်အားတက်သွားတယ် မော့ကြည့်လိုက်တော့ ဟိုကောင် Gemini Norawit

******
သူ့ကိုထိုးလိုက်လို့ အဲ့ကောင်လေး ကျွန်တော့ကို ရှောင်နေတာ တော်တော်ကြာပြီ စာသင်ချိန်ကလွှဲရင် ကျွန်တော်နဲ့သူက တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားလိုပဲ တစ်နယ်ဆီ ခြားနေရတာ ကျွန်တော့ကို စိတ်ဆိုးသွားမှန်းလဲသိတယ် ဒါပေမယ့်ကျွန်တော် သူ့ကိုချော့မှာမဟုတ်ဘူး  ထားပါ
အတန်းထဲက ပုရစ်မတွေကောင်းမှုနဲ့ အချိန်ပိုပါ တက်ရပြီ ဒီနေ့ဆရာမက စာသင်ကောင်းသွားတာ မိုးနည်းနည်းချုပ်သွားတော့ အိမ်ကလာကြိုဖို့ လွတ်လိုက်တဲ့ car driverဦးလေးကြီးကို ခဏစောင့်ခိုင်းပြီး ဖုန်းမီးလေးထိုးပြီး တစ်ယောက်ထဲ ကားမှတ်တိုင်ကို သွားတဲ့ကောင်လေးနောက်ကို လိုက်ကြည့်မိတယ် သွားနေရင်း ကားမှတ်တိုင်ကို ရောက်ခါနီးမှာ ကျောင်းက ဇိုးတစ်အုပ်နဲ့တွေ့ပြီး သူ့ကို ဆွဲလားရမ်းလားလုပ်နေတာကိုတွေ့လိုက်ရတော့ ဘာများဆက်ဖြစ်မလဲဆိုပြီး ကြည့်နေမိတယ် ထိုကောင်လေးက အတန်းထဲမှာကျ အရမ်းစွာပြီး အခုလိုကျ ဘာမှပြန်မပြောပဲ ကြောက်လန့်နေတဲ့ပုံပေါ်နေတာကြောင့် ကျွန်တော် ကူညီလိုက်တယ်
"မင်းတို့ဘာလုပ်နေကြတာလဲ" လို့ ကျွန်တော်မေးလိုက်တဲ့အချိန် အားကိုးတကြီးနဲ့ ပြန်ကြည့်လာတဲ့ သူ့ရဲ့မျက်ဝန်းတွေကြောင့် ကျွန်တော် တုန်လှုပ်သွားတယ်
"ငါ့ရင်ထဲ တစ်မျိုးကြီးဖြစ်သွားအောင် မင်းက ပြုစားနိုင်တာပဲ Fourth Nattawat"

*****
[ချိုသလိုလို မချိုသလိုလိုနဲ့ ဆက်ပြီး စောင့်မျှော် ပေးကြပါဦး]

SHADOW Where stories live. Discover now