အခန်း (၁၄)

8.3K 130 7
                                        

နေရောင်စူးစူးက
နွေးထွေးလှတဲ့အိပ်ရာခင်းပေါ်မှာ
မာန်ရဲ့ မျက်နှာပေါ်ကို
ကျရောက်လာလေသည်။

မာန်လည်း ငြီးငြူရင်း
ထလာကာ ကမ္ဘာကြီးချာချာလည်နေသလို
မူးနေတဲ့ခေါင်းကို
နိုးနိုးခြင်းအပြစ်တင်မိသည်။

'ချက်'

ထိုစဉ်တံခါးပွင့်လာပြီး
လိမ္မော်ရည်ဖန်ခွက်လေးကို
ကိုင်ကာ ဝင်လာတဲ့
ဖြူ့ကို တွေ့လိုက်ရတယ်ဆိုရင်ပဲ
မာန့်ရဲ့ မူးနေတဲ့ခေါင်းက
နတ်ဆေးတို့လိုက်သလိုအကုန်ပျောက်သွားရတော့သည်။

"မင်း မင်း ငါ့အခန်းထဲကို ဘာဝင်လာလုပ်တာလဲ"
မာန်ကဒေါနဲ့မောနဲ့ ပြောနေပေမယ့်
မယ်မင်းကြီးမကတော့
သူ့ကို တစ်ချက်မကြည့်ဘဲ
Night stand ပေါ်မှာ လိမ္မော်ရည်ခွက်ကို
ကိုသာချသွားသည်။

သူ့ကိုတစ်ချက်မှမော့မကြည့်ဘဲ
တစ်ချိုးထဲလှည့်ထွက်သွားသောသူမကို
ကြည့်ပြီး စိတ်ထဲဘဝင်မကျတာတော့အမှန်

အရင်ဆုံးခေါင်းကိုက်ပြေအောင်သူမပေးတဲ့
လိမ္မော်ရည်ကို သောက်လိုက်သည်...

🌻🌻🌻
"လွန်း မေမေစိတ်ဆိုးလာပြီနော်၊ ကိုကိုက သွားရတော့မှာပါဆို လာခဲ့တော့"

လွန်း ညက အကိုလေးကို လိုက်ပို့တဲ့ လူငယ်လေးပေါ်မှာ တောက်တဲ့လို ကပ်နေတဲ့ သမီးကို ကြည့်ပြီး စိ‌တ်ညစ်နေရသည်။ လူငယ်လေးမှာလည်း စိတ်တော့အိုက်နေပုံ ... အေးလေ သူ့လည်း သူမသမီးကြောင့် ဧည့်သည်တွေထားတဲ့ အခန်းမှာအိပ်လိုက်ရသလို ... အားနာ‌တာကြောင့် မနက်စာ အတင်းကျွေးတော့လည်း ဟိုတောက်တဲ့မက ကိုယ်ပေါ်ကနေမဆင်း ...

"လိုက်ဝူး!"

ဂုဏ် သူ့လက်ထဲကနေ သူ့အမေဆီကို မသွားချင်တဲ့ ကလေးမလေးကို ခပ်နာနာလေးရိုက်လိုက်ချင်ပေမဲ့ ညတုန်းက သူ့အမေရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ ငြိမ်နေရသည်။ သူ့အမေဆိုသည်မှာလည်း ဘယ်တုန်းက ကောင်မလေးကိုတွေ့သွားလဲမသိ အကိုမာန့် သမီးလေးဆိုတာနဲ့ အိမ်မပြန်ဖြစ်တဲ့ သူ့ကိုတောင်သတိမရဘဲ သမီးလေးသမီးလေးနဲ့ သမီးတည်းသမီးနေတော့သည်။

မာန် တစ်ကိုယ်ရည်သန့်ရှင်းပြီး ကလေးမလေးရဲ့ စိတ်ဆိုးသလို အော်သံတွေကြောင့်
အောက်ထပ်ကိုအပြေးဆင်းလာခဲ့လိုက်သည်...

"ဟော အကိုမာန်... ဒီလောက်သောက်ထားတာတောင် အကိုကစောစေ‌ာနိုးသားပဲ"

မာန် ဂုဏ့်ရဲ့ စကားကို ပြုံးပြုံးလေးနဲ့
နားထောင်နေပေမယ့် စိတ်ထဲမှာတော့
ဆူးတွေဆူးနေလေသည်...

*ဟိုကလေးမ ဘာလို့ တစိမ်းကောင်လေးကို
အတင်းတွယ်ကပ်နေတာလဲဟ*

"ညတုန်းကအတွက် ကျေးဇူးနော်ဂုဏ်။ အကိုလည်း ကုမ္ပဏီမှာ စိတ်ညစ်စရာလေးတွေကြောင့်များသွားတယ်ကွာ။ အကိုပြန်ပို့ပေးမယ်လေ အန်တီနဲ့ အန်ကယ်ကိုလည်း လိုက်ပြောပေးမယ် ။ ဖြူ ကလေးကို ခေါ်သွားတော့ "

*အကြမ်းနည်းသုံးမရတော့ အနုနည်းနဲ့ပထုတ်ရမှာပဲ *

ဖြူ တစ်ယောက် သူမကို ဖြူလို့ သုံးနှုန်းလိုက်တဲ့
အကိုလေးကို မယုံသင်္ကာဖြစ်သွားမိသည်။
ညတုန်းကချောင်းများအရိုက်ခံလိုက်ရတာလားမသိ ... နောက်ပြီးသူက ဒီလိုပုံစံနဲ့...

"ဒယ်ဒီနဲ့ မာမီကိုတော့ ကျွန်တော်အကျိုးအကြောင်းလှမ်းပြောထားပါတယ် ... ဒါပေမယ့် အကိုက ဒီလိုပုံစံနဲ့ အပြင်သွားဖို့လား"

ဂုဏ်ပြောလည်းပြောရင်း သူ့လက်ထဲက ကလေးမလေးကို အူတိုနေတဲ့ အကိုမာန်ကိုကြည့်ရင်း စိတ်ထဲကြိတ်ရယ်လိုက်မိသည် ။ ဟုတ်တယ်လေ    bathrobe ကြီး ဝတ်ပြီး သူ့သမီးဆီကနေ ပထုတ်ချင်နေတဲ့ အဖေကြီးကို ဘယ်လိုလုပ်ရပါ့ ...

*လွန်းရေ မင်းကြီးလာရင်မလွယ်ဘူးဟေ့*

မာန်လည်း သူ့ဘာသာငုံ့ကြည့်ပြီး နားရွက်တွေနီလာသည်အထိရှက်သွားတော့သည်။

"အကို က အဝတ်အစားဝတ်ပြီးရင်ပြောတာပါ။ ဟိတ် သမီးကို ခေါ်သွားတော့နော်။ ညီက ခဏထိုင်စောင့်"

သူ့ဘာသာပြော သူ့သာသာ အပေါ်အပြေးတက်သွားတဲ့ အကို့ကိုကြည့်ပြီး ဂုဏ်ခွီခနဲရယ်ချလိုက်တော့သည်။ ထိုအခါ လက်ပေါ်က သာလိကာမလေးက သူ့ကိုကြောင်တောင်တောင်လာကြည့်တော့  ဂုဏ်လည်း အူတွေကယားလာတော့သည်
...

ဖြူကတော့ မာန်ပြေးတက်သွားတဲ့ လှေကားကိုသာ ငေးကြည့်နေမိသည်...

*သေချာတယ် ညတုန်း အရိုက်ခံလိုက်ရတယ်နေမယ်*

ဥပက္ခာတံတိုင်းWhere stories live. Discover now