Uni
"ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာ"
"အပိုင်း ၆"
ဖေဖေ နှင့် မေမေ ရန်ကုန်လိုက်လာခဲ့စဥ်က ဘုန်း ပျော်ခဲ့ပါသည်။
သို့ပေမယ့် ဘုန်း အပျော်က ခဏသာဖြစ်သည်။
သူ မချစ်သော လရိပ်ကို လက်ထပ်ရမည်တဲ့လေ။
သူနှလုံးသားထဲက အကြင်နာကို စွန့်လွှတ်ရမည်တဲ့လား။
တရားလား ဖေဖေ နှင့် မေမေ။
သို့ပေမယ့် မိဘစကားကို ဘယ်သော အခါမဆို တသွေမတိမ်း လိုက်နာတတ်သည့် ဘုန်း အတွက် နောက်ဆုံးတွင် လရိပ် ကို လက်ထပ်ရန် လက်ခံခဲ့ရလေတော့သည်။
မင်္ဂလာပွဲ ပြီးတော့ သူငယ်ချင်းတွေကို ဧည့်ခံပြီး လူက ခြေပင်မခိုင်တော့ပေ။ လူ လည်း ရီဝေဝေဖြင့် လရိပ် နှင့် သူအခန်းသို့ ပြန်ခဲ့လေသည်။
"ဒေါက် ဒေါက် "
လရိပ် တံခါးခေါက်သံကြောင့် တံခါးထဖွင့်ပေးတော့ အခန်းရှေ့ ဇာတ်ကျိုးနေလေသော ဘုန်းကို တွေ့လိုက်ရလေသည်။
"ဘုန်း ဘယ်လို ဖြစ်လာတာလဲ"
သူမ ဘုန်းကိုတွဲပြီး အခန်းထဲ ဝင်ခဲ့လိုက်ပြီး
"ချစ်တယ် အကြင်နာ"
ရုတ်တရတ် တွဲထားသော သူမ လက်တွေကိုဖယ်ချလိုက်ပြီး သူမအား ပွေ့ဖက်ကာ နှုတ်ခမ်းပါးလေးတွေအား သူ နမ်းရှိုက်လာသည်။
လရိပ် ရုန်းရင်း တွန်းဖယ်သော်လည်း သူလက်တွေက မြဲမြံလှသည်။
နောက်ဆုံး လရိပ်သိလိုက်ရသည့် အသိက မွေ့ယာနှင့် ကျောပြင် ထိကပ်သွားစဥ်မှာ လရိပ် မျက်ရည်တွေ နှင့် ခါးသီးသော ည တစ်ညကို ကြိုးစားဖြတ်ကျော်ခဲ့ရလေသည်။
~~~~~~~~~~~~~~~~~ဘုန်း အိပ်ရာ နိုးလာတော့ မနက် ၈နာရီ ရှိလေပြီ။
ခေါင်းတွေကိုက်နေသဖြင့် ခေါင်းကို လက်ဖြင့်ဖိရင်း အိပ်ရာမှ ထလိုက်စဥ်
"ရော့ ဒီမှာ သံပုရာရည်"
လရိပ်ကမ်းပေးသော သံပုရာရည်ခွက်ကို ယူပြီး သူ မော့သောက်လိုက်ပြီး

YOU ARE READING
ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာ
Romanceစားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ကောင်မလေးနဲ့ ဂျစ်ကန်ကန်ကောင်လေးတို့ တစ်ညတာမှားခဲ့ရာမှ ဖြစ်ပေါ်လာတဲ့ အချစ် အမုန်းတွေကြားက ဇာတ်လမ်းတစ်ပုဒ်