မနက်ခင်းအလင်းရောင်ခြည်နှင့် ထယ်ယောင်းနိုးထလာသည် လူတစ်ကိုယ်လုံးဟာ သိမ်းကျုံးဖက်ခံထားရသလိုပင် မျက်လုံးလေး ဖြေးဖြေးချင်းစီဖွင့်ကြည့်တော့ အီသန်ရဲ့ မျက်နှာရှင်းရှင်းလေးကိုတွေ့လိုက်ရသည် သူဘယ်လောက်တောင်ကံကောင်းလိုက်သလဲ ဒီလိုခက်မိုက်မိုက်ဘဲကိုမျိုးကိုရထားတာ စဉ်းစားနေရင်းဗိုက်ထဲကအကောင်ပေါက်က လှုပ်လာသည်
"အီ!အီသန်"
"မောင့်အသဲဘာဖြစ်လို့လည်း"
"မောင် ငါ့ဗိုက်..ဗိုက်နားကို ကိုင်ကြည့်လိုက်"
အီသန် ဗိုက်ကလေးကိုကိုင်ကြည့်လိုက်တော့ အကောင်ပေါက်လေးက သူ့ပါပါးဗိုက်ကိုကန်နေလေသည် အီသန်ပျော်မိသည် သူကလေးအဖေတာ၀န်ကိုထမ်းဆောင်ရတော့မယ်ဆိုကတည်းက အရမ်းပျော်မိသည်
"မောင်! အီသန် ဘာလို့ငိုနေတာလည်း"
"မောင်..မောင်ပျော်လို့ပါ မောင့်အသဲငယ် မောင့်ကလေးလေးကို ရအောင်လွယ်ပေးခဲ့တဲ့အတွက် ထယ့်ကိုအများကြီးကျေးဇူးတင်ပါတယ် အရင်တုန်းကမောင် ထယ့်ကိုရိုက်ခဲ့တယ်ဆိုတာကလည်း သ၀န်တိုလို့ပါ မောင်တစ်ယောက်ထဲ ထယ့်ကိုပိုင်ဆိုင်ချင်လို့ပါ မောင့်အမှားလည်းမောင်သိပါတယ်မောင်..ဟင့်"
"မောင်ရယ် အတိတ်ကဖြစ်ခဲ့တာတွေ အတိတ်မှာထားခဲ့ပါတော့ ငါလည်းအခုပျော်နေတာပဲလေမောင်ရယ်"
"ကျေးဇူးတင်ပါတယ် မောင့်အသက်လေး"
"မလိုပါဘူးမောင်ရယ်"
"ထ မျက်နှာသစ်ရအောင်"
ထယ်ယောင်းကိုမျက်နှာသစ်ရန် သွားတိုက်ဆေးကအစအကုန်လုံးလုပ်ပေးရှာသည် ထယ်ယောင်းအင်္ကျီလဲရန်လုပ်တော့
"ထယ်!ခနလေး"
"ဟင်ဘာလို့လည်း"
"မောင့်အင်္ကျီတွေယူ၀တ်လေ ထယ့်နဲ့ဆို အပွကြီးဖြစ်နေတော့ဗိုက်သိပ်မပေါ်တော့ဘူး"
"အွန်း အဲ့ဆိုမောင့်အင်္ကျီတွေပေးလိုက်လေ"
"မောင်ထုတ်ပေးမယ်"
ထယ်ယောင်းအ၀တ်အစားလည်းပြီး အောက်ဆင်းတော့ အီသန်ဟာ အပြင်သွားမလို့ဟန်နှင့်တူသည် ၀တ်စားထားမှာလည်း ရှိုးနှင့်စမိုးနှင့်ပင် ခုနက ဂျွန်အီသန်နဲ့များကွာခြားချက်ပင်