အခန်း (၁၃)

8.2K 133 2
                                        

မီးရောင်စုံတွေ
ဆူညံပွက်လောရိုက်နေတဲ့
ဘားအတွင်းမှာ
လူမှန်းသူမှန်းမသိအောင်မူးနေသော
မာန်ဟာအတိတ်ကအရိပ်ဆိုးတွေ
အောက်မှာရုန်းမထွက်နိုင်ဘဲရှိပါတယ်။

သူသာအဲ့နေ့က
သူမတို့နှစ်ယောက်ကို
ကားမောင်းပို့ခဲ့ရင်
သူသာ ...သူသာ
သမီးလေးကို ခေါ်ထားခဲ့ရင်
ဒါတွေဟာ ဖြစ်လာမှာမဟုတ်ဘူး...

တစ်ကယ်တော့
သူဟာအပြစ်ရှိတဲ့သူပဲ
သူဟာတရားခံပဲ
ကိုယ့်မိန်းမနဲ့သမီးကိုသတ်တဲ့တရားခံ

သူဟာလောကမှာအသက်ရှင်ဖို့
အကြောင်းရှိသင့်ရဲ့လား...
ပျော်ရွှင်နိုင်စရာအကြောင်း
ရှိရဲ့လားဆိုတာကို
ညအိပ်ရာဝင်တိုင်း
မနက်နိုးထတိုင်း
စဉ်းစားမိသည်...

"ဟာ! အကို မာန်"

အံ့ဩတဲ့အသံတွေနဲ့ အော်လိုက်တဲ့
သူက မာန်ရဲ့အခင်ဆုံးသူငယ်ချင်းရဲ့ ညီအငယ်ဆုံး ဖြစ်သူ
ဂုဏ်မင်းထည် ဖြစ်သည်...

"ဘယ်လိုဖြစ်လို့ မှောက်အောင်သောက်နေရတာလဲ ကိုမာန်"

ဂုဏ် ဒီနေ့အိမ်ကခိုးထွက်ပြီး ဘားလာခါမှ
ကိုကိုကြီးရဲ့အခင်ဆုံးသူငယ်ချင်းကြီးမာန်နဲ့
ဒဲ့ဒိုးတိုးတာကြောင့် နည်းနည်းစိတ်ညစ်သွားရသည်။ ဟုတ်တယ်လေ အသက် ၁၈ နှစ်ပြည့်တာလွန်ခဲ့တဲ့ တစ်ပတ်ကကို အိမ်ကအခုထိ သူ့ကို ကလေးကို သတ်မှတ်ကြတုန်းမို့ ခြေချုပ်မိနေပါတယ်ဆို သူ့ကိုဆိုအမြဲ အလိုလိုက်တဲ့ အကိုရင်းတစ်ယောက်ကို ခင်နေတဲ့သူဖြစ်နေတော့လည်း တစ်ယောက်တည်းထားပစ် ခဲ့ဖို့ကမကောင်း...

"ဟာ ဂုဏ်......!"
အာလေးလျှာလေးကြီးနဲ့ ခေါ်နေသော
ကိုမာန်ကြောင့်
ဂုဏ်ခေါင်းကုတ်မိသွားသည်...

"အကိုကတော့ဗျာ ထထ၊ ကျွန်တော်အိမ်လိုက်ပို့ပေးမယ်"

ဂုဏ် လူမှန်သူမှန်းမသိမူးနေသော
မာန်ကို အိမ်ကိုပဲပြန်ပို့ပေးရန်ဆုံးဖြတ်လိုက်တော့သည်။

✨✨✨✨

ဖြူသမီးလေးနဲ့အတူ
ဆော့နေရင်းက
အိမ်ရှေ့က ကားသံကြားတော့
သမီးလေးကိုချီကာ
တံခါးဖွင့်‌ပေးဖို့ပြင်ရသည်...

ဥပက္ခာတံတိုင်းWhere stories live. Discover now