အပိုင်း ၄၂

1.3K 59 0
                                    

"ဒယ်ဒီ သမီးလက်ထပ်တော့မယ်"

ဦးမြတ်သောတေးကပြုံးသည်။ ခနဲ့တဲ့အပြုံးလား၊ ပီတိဖြစ်တဲ့အပြုံးလား တေးသံစဥ်နှောင်းမခွဲတတ်။ ဖအေဖြစ်သူကို အသိပေးချင်လို့သာ သူ့ရုံးခန်းအထိလာခဲ့သည်။

"ဘယ်နေ့လဲ"

"လာမဲ့ ကြာသပတေး 21ရက်နေ့ပါ ဒယ်ဒီ"

"အရမ်းမလိုတော့ဘူးပဲ။ လိုအပ်တာရှိရင်ပြောလေ။ တောင်းရမ်းတာတို့ စေ့စပ်တာတို့ရှိရင် ဒယ်ဒီအလုပ်ဖျက်ပြီးမိဘနေရာနေပေးမယ်လေ"

ဒယ်ဒီထူးဆန်းသည့်စကားတွေပြောနေသည်။ အရင်ကလူတစ်ယောက်ကိုအသေသတ်လုနီးပါးလုပ်ခဲ့တဲ့ ​ဦးမြတ်သောတေးမှဟုတ်ရဲ့လား။ မဘောမတူဘူးဆိုပြီး ခါးခါးသီးသီးငြင်းခဲ့တဲ့သူကလေ....။ ဘာလို့တစ်စက်လေးမှငြင်းဆန်မှုမရှိရတာလဲ။

"သမီးအံဩနေမယ်ဆိုတာ ဒယ်ဒီသိပါတယ်။ မင်္ဂလာဆောင်မဲ့ရက်ကနီးလာပြီလေ။ ဘာမှစိတ်ညစ်စရာတွေမတွေးနဲ့။ သမီးလေးသိရမှာက သမီးရဲ့အဖေအစစ်မှန် ရောက်လာခဲ့ပြီဆိုတာကိုပဲ။"

တေးသံစဥ်နှောင်း မျက်ရည်များပင်ဝဲပြီး ဘာမှပြောစရာမရှိတော့ချေ။ အဲ့လောက်တောင်ပြောင်းလဲသွားပြီလား။ အတုယောင်တွေလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် ဒယ်ဒီ့မျက်လုံးတွေကိုကြည့်ရုံဖြင့် ငယ်ငယ်ကလိုသူ့ကို နူးညံ့တဲ့အကြည့်တွေနဲ့ကြည့်နေတယ်ဆိုတာ ပေါ်လွင်နေပါသည်။

"မင်္ဂလာဝတ်ဆုံတွေသွားရွေးချည်တော့။ ဒယ်ဒီ့ချွေးမလေးကိုဒယ်ဒီစိတ်ချတယ်။ ဒယ်ဒီမပါလည်းပွဲကဖြစ်ပါတယ်။ အဲ့လိုစိတ်ချရတဲ့ ချွေးမကောင်းကောင်းလေးကို ရထားတဲ့ငါ့သမီးကိုလည်း တကယ်ချီးကျူးတယ်။ ဒီကမ္ဘာမှာ ဒယ်ဒီ့သမီးကအတော်ဆုံး၊ ဒယ်ဒီ့ချွေးမလေးကအယုံကြည်ရဆုံးပဲ။''

နှောင်း ဘဝမှာတစ်ခါမှမကြားခဲ့ရဖူးတဲ့စကား။ ကြားရလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့မိပေ။ အချိန်အတောအတွင်း ဒယ်ဒီအသိစိတ်ဝင်သွားတာကိုပင် နှောင်းကျေနပ်ရပါသည်။ ဒယ်ဒီ့ကို ဒုတိယအကြိမ်ယုံကြည်လိုက်ပြီ။

"ကျေးဇူးတင်ပါတယ် ဒယ်ဒီ"

နှောင်းကကျေးဇူးတင်စကားပြောပြီး ရုံးခန်းထဲကခပ်မြန်မြန်ထွက်သွားသည်။ ငါ့သမီးကတော့ချေသားပဲ။ တစ်ခါလေးတောင်ဖက်မသွား။ နှောင်းရဲ့အပြုံးလေးရတာနဲ့တင် မြတ်သောတေးကျေနပ်ပါသည်။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [complete]Where stories live. Discover now