ep 2

844 50 1
                                        

ကျွန်တော် စာရေးနေတုန်း ကျွန်တော့ကို တစ်ယောက်ယောက်က စက္ကူလုံးနဲ့ပြစ်ပေါက်လိုက်တယ် ကျွန်တော်က အရမ်းလန့်တတ်တဲ့သူမျိုးမို့ တစ်ကယ်လန့်သွားတယ်ဗျာ ကျွန်တော် ရင်ဘက်ကို အတော်ကြာ ဖိထားပြီး အသက်ကို ပြင်းပြင်းရှူထုတ်လိုက်တယ် ‌နောက်တော့ ကျွန်တော်တရားခံကို လိုက်ရှာမလို့လုပ်တဲ့အချိန် ကျွန်တော် နောက်လှည့်ကြည့်လိုက်တော့ ဆရာမတွေအပေါ်လေးစားမှုမရှိတဲ့ကောင်ဖြစ်နေတယ် ကျွန်တော်လဲ သူ့ကို ချဉ်တဲ့အခံနဲ့ ပြောလိုက်တယ်

"မင်း ငါ့ကိုဘာကိစ္စနဲ့စက္ကူနဲ့ပေါက်ရတာလဲ ငါ့ကိုတွေ့တာ မင်းအနိုင်ကျင့်လို့ရတဲ့သူထဲပါမယ်များထင်နေလား Fourth Nattawatကွ တစ်Fourthပဲရှိတယ် ငါနဲ့ရန်ဖြစ်ချင်နေတာလား"

ထိုကောင်က ခပ်ပြုံးပြုံးပဲ ကျွန်တော်လဲ ဟိုးအတွင်းကလီစာထဲကနေမှ အဲ့ကောင်ကိုအရမ်းချဉ်လာပြီး သူပေါက်တဲ့စက္ကူလုံးနဲ့ သူ့မျက်နှာကိုပြန်ပြစ်ပေါက်လိုက်တယ်

ထိုကောင်မျက်နှာတည်သွား၏ ထို့နောက် ထိုင်ရာက ထလာပြီး ကျွန်တော့်ရှေ့ တန်းတန်းမတ်မတ်ရောက်လာ၏ ပြီးတော့ ကျွန်တော့လည်ပင်းက အင်္ကျီစကိုဆွဲပြီး ကျွန်တော့ မျက်နှာကို ထိုးလာသည် ကျွန်တော်ဘာမှပြန်မပြောနိုင်တော့ဘူး ကျွန်တော့်နှုတ်ခမ်းကသွေးတွေအများကြီး ထွက်လာပြီး အရမ်းနာနေတာပဲသိတယ် ပြီးတော့ အရမ်းလဲရှက်တာမို့ ကျွန်တော် မျက်ရည်အဝိုင်းသားနဲ့ ထိုကောင်ကို တစ်ချက်ပဲကြည့်ပြီး စာသင်ခန်းအပြင်ကိုထွက်လာခဲ့လိုက်သည်
"ကျွန်တော် အရမ်းရှက်တယ်"

*********

ကျွန်တော် အိပ်ချင်စိတ်ပြေသွားတော့ ထိုကောင်လေးဆီက attention လိုချင်လာတယ် ဘာဖြစ်လို့လဲဆိုတာကတော့ ကျွန်တော်ကိုယ်တိုင်လဲမသိဘူး
အဲ့ဒါကြောင့် ကျွန်တော် အကြမ်းတွက်တဲ့ စာအုပ်အဖုံးအခွံကိုချွတ်ပြီး ထိုကောင်လေးကို ‌ပြစ်ပေါက်လိုက်တယ်
စာတွေကုန်းရုန်းရေးနေတဲ့ ထိုကောင်လေးက ကျွန်တော်ပေါက်လိုက်တဲ့ စက္ကူလုံးကြောင့်  လန့်သွားတယ်နဲ့တူပါတယ်ဗျာ ရင်ဘက်ကလေးကိုဖိပြီး အသက်ကိုပြင်းပြင်းရှူနေသည် ပြီးတော့ ကျွန်တော့ကိုလှည်ကြည့်လာ၏

ပြီးတော့ ကျွန်တော့်ကိုရန်ဖြစ်ချင်တာလား မေးပြီး ကျွန်တော့်ရဲ့ စက္ကူလုံးနဲ့ ကျွန်တော့မျက်နှာကိုပြစ်ပေါက်လာသည် ကျွန်တော်က စလိုက်တာကို သူကဒီလောက်အထိ ဖြစ်ပျက်နေစရာလိုလို့လား  ကျွန်တော်လဲ ဒေါသထောင်းကနဲ့ထွက်သွားပြီး သူ့မျက်နှာကို ထိုးချလိုက်၏ Gemini Norawit တဲ့ တစ်လောကလုံးမှာ တစ်ယောက်ပဲရှိတယ် ကျွန်တော့လိုအဖက်ဖက်က ပြည့်စုံနေတဲ့လူမျိုးကို ဘာစောက်ကြောင်းနဲ့မှ လာကြောစရာကိုမလိုတာ

ပြီးတော့ထိုကောင်လေး နှုတ်ခမ်းမှာသွေးတွေထွက်လာပြီး မျက်ရည်ဝိုင်းနေတဲ့မျက်လုံးနဲ့ကျွန်တော့ကို ကြည့်လာပြီး အခန်းအပြင်ကိုထွက်ပြေးသွား၏

"မသနားဘူး ‌Fourth Nattawat"

*****
[ဇာတ်လမ်းက ရှည်သွားမှာလားမသိ တွေးထားတာကအတိုလေးပဲ တစ်ကယ်ချရေးလိုက်တော့ အရှည်ကြီးပဲ အခုမှ အစပိုင်းပဲရှိသေးတယ်😭]

SHADOW Where stories live. Discover now