I

397 41 21
                                    

// Note- names, events, and occurrences in the following fiction are just pure imaginations of the author  which have nothing to do with real life events and only for the sole purpose of entertainment//

____________________



D E A R       A Z E N D R A

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


D E A R       A Z E N D R A

ကမ္ဘာမှာ စိမ်းလန်းမှုတွေမပြည့်ဝသေးတဲ့ အချိန်ကာလ။ ကမ္ဘာမြေပေါ်က မြေလွှာမြေသားတို့ဟာ မြေနတ်ဘုရားရဲ့ လျစ်လျူရှုခြင်းကို ခံထားရသယောင် ခြောက်ကပ်နေကြသည်။

"သခင်မ အလက်ဇီယာ၊ ဝမ်းထဲက ရင်သွေးကို ငဲ့ပြီးတော့ ခဏတာအနားယူသင့်ကြောင်းပါ"

ငြိမ်သက်နေတဲ့ လေထုထဲ တိုးထွက်လာတဲ့
ထို အသိပေးစကားကြောင့် ပက်ကြားအက်နေတဲ့‌မြေလွှာပေါ် ရွေ့လျားနေတဲ့ ဖြေဖဝါးနုနုတစ်စုံသည် ရပ်တန့်သွားသည်။ ထို့အတူ နောက်မှ ထပ်ကြပ် မကွာလိုက်လာတဲ့ ခပ်ကြမ်းကြမ်း ဖြေဖဝါးတစ်စုံသည်လည်း မလှမ်းမကမ်းမှာ ရပ်တန့်သွားသည်။

"အလှနတ်ဘုရားမ ဗန်မီရီနာက လုံခြုံတဲ့နေရာကို ရှာဖွေထားတာမလို့ စိတ်မပူလည်းရပါတယ်၊ သခင်မအလက်ဇီယာ၊ ရောက်ဖို့လည်း သိပ်မလှမ်းတော့ပါဘူး"

မနားတမ်း ခရီးနှင်လာတဲ့ ခြေလှမ်းတွေကို
ရပ်တန့်လိုက်ရခြင်းအပေါ် ရတက်မအေး ဖြစ်နေပုံပေါ်သည့် သခင်မ အလက်ဇီယာဆိုသူကို စိတ်မပူဖို့ နှစ်သိမ့်လိုက်ရင်း ခရီးလက်ကျန်ကို တွက်ချက်နေသူကား လူသားမျိုးနွယ်ဝင် အူးဂိုစ့်ပင်။

"ရီနာနဲ့အူးဂို့စ်ကို ဒုက္ခများမိစေတာ အားနာရပါတယ်"

"မဟုတ်တာပါ၊ သခင်မရယ်၊ ဗန်မီရီနာနဲ့ကျွန်တော်မျိုးကို လက်ခံပေးခဲ့တဲ့ တစ်ဦးတည်းသောနတ်ဘုရားမပဲကို ကျွန်တော်တို့ကလည်း ကာကွယ်ပေးရမဲ့ တာဝန်ရှိပါတယ်"

DEAR AZENDRA [✓]Where stories live. Discover now