ep 1

1.2K 62 1
                                        

လူတစ်ယောက်ကို အရမ်းကြီး မမုန်းရဘူးတဲ့ အရမ်းမုန်းမိရင် အရမ်းချစ်မိသွားတတ်တယ်တဲ့
အလကား အပိုတွေပါဗျာ ကျွန်တော့ကိုယ်တွေ့အဖြစ်အပျက်လေးတစ်ခု ပြောပြမယ်

ဒီလို~~~~~~~~

******
"မင်္ဂလာပါခင်မျ ကျွန်တော့်နာမည်က Fourth Nattawatပါ အရင်ကျောင်းတုန်းက ကျွန်တော့ကို ခင်တဲ့ သူငယ်ချင်းတွေ စီနီယာတွေကတော့ fotfot လို့ခေါ်ပါတယ်ဗျ  သူငယ်ချင်းတို့လဲ ကျွန်တော့ကို fotfotလို့ ခေါ်လို့ရပါတယ်ဗျ"

ဒီနေ့က ကျွန်တော် ကျောင်းစပြောင်းလာတဲ့နေ့လေး ကျွန်တော်တက်ရမှာက အထက်တန်းလေ ကျွန်တော် အရင်ကျောင်းမှာ ပျော်နေပြီကို ပါးရဲ့အလုပ်ကိစ္စကြောင့် ကျွန်တော်ပါ သူအလုပ်ကျတဲ့နေရာကို လိုက်ပြီး ကျောင်းပြောင်းရတယ်ဗျာ
ဘယ်တတ်နိုင်မလဲ ပါးနဲ့မှမခွဲနိုင်တာမို့ ပါးသွားရာ ကျွန်တော်နဲ့မား က လိုက်ရတာပေါ့ဗျာ....

"သား fotfot လွတ်နေတဲ့ နောက်ဆုံးအတန်းရဲ့ အရှေ့ကခုံမှာ ထိုင်ဦးနော် နောက်မှ ခုံပြန်ချိန်းပေးမယ် အဆင်ပြေတယ်မလား"

"ဟုတ်ပြေပါတယ်ဗျ"

"Gemini Norawit!!!!"

ဆရာမ ခေါ်လိုက်တော့ နောက်ဆုံးခုံမှာ အိပ်နေတဲ့တစ်ယောက်က ခေါင်းထောင်လာပြီး ဆရာမကို တစ်ချက်ကြည့်ပြီး ပြန်အိပ်သွားတယ်
ဘယ်လိုကောင်လဲ ဆရာမအပေါ် လေးစားမှုလဲ မရှိဘူး ကျွန်တော် စိတ်ထဲမှာတွေးနေမိတယ်
ထိုအချိန်
"Gemini နင်ငါ့ကို မလေးမစားလုပ်တာလား စာတော်တယ်ဆိုပြီး ဆရာ/ဆရာမတွေကို မလေးမစားလုပ်လို့မရဘူးနော် အေး ရမယ်ဆိုရင်လဲ တစ်ခြား ဆရာ/မတွေအပေါ်ပဲရလိမ့်မယ် ငါ့အခန်းက ကျောင်းသားက ငါ့ကို ဒီအချိုးလာချိုးလို့တော့မရဘူး" ‌

အတန်းပိုင်ဆရာမက ဒေါသထွက်ပြီး ပြောဆိုနေလေ၏

ကျွန်တော်လဲ စိတ်ထဲမှာ တွေးမိတယ် ဒီကောင်ဘယ်လောက်တောင်စာတော်နေလို့ ဆရာ/မတွေအပေါ် လေးစားမှုမရှိရတာလဲပေါ့ ကျွန်တော်က အဲ့လိုမျိုးဆို အရမ်းချဉ်တာဗျ ကျွန်တော့မိဘတွေကလဲ ကျွန်တော့ကို ဘယ်လောက်တော်နေနေ တတ်နေနေ ဆရာသမားတွေအပေါ်တော့ မထီမဲ့မြင်လုပ်ဖို့ မသင်ထားပေးဘူး ထားပါဗျာ

ဆရာမလဲ မပြောနိုင်တော့ဘူးနဲ့တူတယ် ကျွန်တော့ကို ထိုင်ခုံမှာ သွားထိုင်ဖို့ပဲပြောပြီး အတန်းထဲက ပြန်ထွက်သွားတယ်

ဆရာမကို စိတ်ဆင်းရဲအောင်လုပ်တဲ့ကောင်ကို ကျွန်တော့်စိတ်ထဲမှာ ချဉ်သွားတာတော့အမှန်ပဲ

******
အတန်းစတက်ရမယ်ဆိုတော့ အတန်းပိုင်ဆရာမက ကျောင်းသားသစ်တစ်ယောက်ကို ခေါ်လာပြီး မိတ်ဆက်ပေးတယ် ပြီးတော့ ကျွန်တော် အိပ်နေလို့ဆိုပြီးဆူတယ် ထုံးစံအတိုင်း ဓါတ်ပြားဟောင်းကြီး လာဖွင့်ပြနေတာပါဗျာ ကျွန်တော်လဲ တစ်ချက်ပဲ မော့ကြည့်ပြီး ပြန်အိပ်တယ် မတတ်နိုင်ဘူး ဆူချင်လဲဆူပါစေတော့ ကျွန်တော်ညက ဂိမ်းအဆော့လွန်ပြီး နည်းနည်းအိပ်ရေးပျက်သွားလို့ မထနိုင်တော့ဘူးဗျာ ပြီးတော့ ကျောင်းသားသစ်ကို ကျွန်တော့ရှေ့က ခုံမှာ ထိုင်ခိုင်းပြီး ဆရာမက အခန်းထဲက ပြန်ထွက်သွားတယ်

ကျွန်တော် အိပ်နေရင်း အနံ့မွှေး"လေးရလို့ ဘယ်ကလဲဆိုပြီး အနံ့ခံမိနေတုန်း အနံ့ရတဲ့နေရာကို ကြည့်မိတော့ ကျောင်းသားသစ်ဆီက အရမ်းမွှေးတာပဲ အုန်းသီးအနံ့လို စားချင်စရာအနံ့လေး မနက်ထဲက ကျောင်းသားသစ်ရဲ့မျက်နှာကို သေချာမမြင်လိုက်ရလို့ အခုမှ ကြည့်မိလိုက်တာ ဘုရားရေ ဒီကောင်လေးမျက်နှာကို မြင်လိုက်ရတာ အရင်ဘဝတွေက ငါ့ရည်းစားဖြစ်ခဲ့တဲ့ပုံပဲ အခုလဲ ငါ့ရည်းစားဖြစ်မဲ့ရုပ်လေးလို့ပဲ မြင်မိနေတယ်
အိုးးး s**t ငါဘာတွေ တွေးမိသွားတာပါလိမ့်......

[အခုကတော့ အစလေးဆိုတော့ Gemရဲ့ မူရင်းပုံစံက မပေါ်လာသေးဘူး ဆက်လက်ပြီး စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ ]

SHADOW Where stories live. Discover now