7

3.5K 175 5
                                        

Fourth တဈယာက် မနေ့က အဖြစ်အပျက်တွေမှတ်မိသွားပြီးနောက် ကျောင်းကို ရှက်ရှက်နဲ့ လာရသည်။ သူ့မှာ ဟိုချောင်းလိုက် ဒီချောင်းလိုက်နဲ့ ကျောင်းလာတဲ့ကျောင်းသားလား သူများအိမ်မှာသွားခိုးမဲ့ သူခိုးလားမသဲကွဲတော့။ ခပ်ချောင်းချောင်းဖြင့် ‌လျှောက်လာရင်း နောက်ဆုံးတော့ အခန်းထဲကို ရောက်သွားပြီပင်။

အခန်းရှေ့ရောက်တော့ Phan နဲ့ Chokun က စကားပြောနေကြသည်။ နှစ်ယောက်လုံး စကားပြောနေကြတာ အရင်လို တက်တက်ကြွကြွမဟုတ်ဘဲ ခပ်မှိုင်းမှိုင်းဖြစ်နေကြ၏။ ကြည့်ရတာ Pahn သွားမဲ့အကြောင်းသိသွားတယ်ထင်သည်။  သူလည်း သူတို့အနားသွားထိုင်ပြီး မေးမည်ပြင်သည့်အချိန် ဆရာမ ရောက်လာ‌လို့ မပြောတော့ဘဲ စာကိုဂရုစိုက်လိုက်သည်။

အတန်းလည်းပြီးရော သုံးယောက်သား ပစ္စည်းတွေသိမ်းပြီး အခန်းရှေ့ထွက်လာခဲ့ကြသည်။ Chokun က စကားစပြောလာသည်။

"ငါတို့ ‌ကျောင်းရှေ့က  P' Lin ဆိုင်သွားစားရအောင် "

သူတို့နှစ်ယောက်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး P'Lin ဆိုင်သို့။ P'Lin ဆိုတာ သူတို့ကျောင်းနားက ဖွင့်ထားတဲ့ထမင်းဆိုင်က အမတစ်ယောက်ပင်။ အသက်အရွယ်က အမေ‌ထက် အနည်းငယ်ပဲငယ်ပေမဲ့ သူကို အမေလို့ခေါ်ရင် မကြိုက်တာကြောင့် အမလို့ခေါ်နေကြရတာပင်ဖြစ်သည်။ ထိုအမက သူတို့‌ကျောင်းစစတက်ကတည်းက ဖွင့်ထားတာမို့ သွားစားဖြစ်နေကြတာပင်။ ဘယ်လောက်စားလဲဆိုရင် ထိုဆိုင်က အမနဲ့ တော်တော်ရင်းနှီးနေကြပြီဖြစ်၏။

သူတို့သုံးယောက် P'Lin ဆိုင်ရောက်တော့ ဆိုင်က လူများနေသည်။ ထမင်းဟင်းတွေကောင်းတော့ လာစားတိုင်း လူအုံတာ တွေ့နေကြသည်။ ဒီလိုနဲ့ သူတို့လဲ လွတ်တဲ့နေရာ ၀င်ထိုင်လိုက်သည်။ သူတို့ထိုင်တာတွေ့တော့ P'Lin က ထမင်းထည့်နေတာကနေ လှမ်းခေါ်သည်။

"ဟေ့ ကောင်လေးတို့ လာကြပြီလား"

"ဟုတ် အမ အရင်လိုပဲ ချပေးပါ"

"အေးအေး ခနစောင့်"

Fourth သူတို့အတွက်မှာပေးပြီး ရှေ့က ရေခွက်ကို သုံးခွက်ယူကာ ငှဲ့လိုက်ပြီး တစ်ယောက်တစ်ခွက်ယူစေသည်။ Fourth ‌ရေငှဲ့ပေးပြီး Phan ကိုမေးလိုက်သည်။

My Boyfriend is football player Where stories live. Discover now