အခန်း (၁၀)

7.9K 121 1
                                        

အရင်တုန်းက အေးစက်နေတဲ့သူတို့ နှစ်ယောက်ရဲ့ဆက်ဆံရေးက ထို‌ကိစ္စအပြီးမှာတော့
ပိုလို့အေးစက်သွား‌တော့သည်။

ဟိုးအရင်က ဖြူကညဆိုရင်
သူအိမ်ပြန်လာသည်ထိ
ကလေးကို သိပ်ပြီး
သူမကတော့ သူ့ကိုမအိပ်ဘဲစောင့်လေ့ရှိသည်။

ကလေးနေမကောင်းတာ တစ်ခုခုဆိုရင်လည်း
သူ့ကို အသိပေးကာ၊ ကလေးနဲ့ပက်သက်တဲ့
ကိစ္စတစ်ခုခုဆိုရင်တောင်
သူ့ကို အသိပေးလေ့ရှိသည် ။

အခုကတော့ ဖြူကအရင်သူ့ကိုရှောင်‌သည်။
ကလေးနဲ့ပက်သက်ပြီးလည်းဘာမှ မပြောတော့
သူ့ကိုလည်း အိပ်ရေးပျက်ခံပြီးစောင့်‌မနေတော့ပေ။

တစ်ဖက်မှာလည်း မာန် သူမရဲ့ အေးစက်မှု
တွေကို ခံစားမိပါတယ် ။
ဒါပေမယ့်လည်း ကိုယ့်ဘက်ကအစကတည်းက
ဒီလိုမျှော်လင့်ခဲ့တာမို့
ဘာမှမပြောရေငုံနှုတ်ပိတ်နေလိုက်သည်။
‌အဲ့နေ့က ကိစ္စအတွက် မတောင်းပန်သလို
သူမကလည်း သူ့ကို မျက်နှာချင်းတောင်
မဆိုင်တော့ပေ ။

🤒🤒🤒

ဒါပေမယ့်လည်း တစ်နေ့မှာတော့
ဖြူ သမီးလေးကို အခန်းကျဉ်းလေးထဲမှာပဲ
အ‌‌ရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့
အငိုတိတ်အောင်ချော့သိပ်နေရသည်။

အပြင်မှာလည်း မိုးကအရမ်းသည်းနေလေတော့
မိုးသံနဲ့အပြိုင်အော်ငိုနေတဲ့ သမီးလေးရဲ့
ငိုသံကြောင့် ဖြူ့မှာမချိတင်ကဲခံစားနေရသည်။

"အို သမီးလေးရယ် တိတ်ပါတော့ကွယ် "

သမီးလေးက ဒီညမှပဲ အငိုမပြတ်တော့ပေ။
တစ်နေ့ကတည်းက သမီးလေးက ကိုယ်ပူနေတာမို့ လမ်းထိပ်က ဆေးခန်းကို သွားပြခဲ့တာ
ဆရာဝန်က ဆေးပေးပြီး စိုးရိမ်စရာမရှိဘူးလို့ဆိုသည်။ မနက်စာဆေးတိုက်ပြီး ကိုယ်ပူကျကျသွားပေမယ့်  ညပိုင်း‌တွေမှာ သမီးရဲ့ ကိုယ်ပူက
တဖြည်းဖြည်းတက်တက်လာသည်။
ဒါကို ဆရာဝန်ကိုပြောတော့လည်း အခုခေတ်‌အအေးပတ်တာတွေကဒီလိုပဲလို့ပြောသည်။ ဒီနေ့ညကတော့ အရင်နေ့တွေနဲ့မတူအောင်ကို ကိုယ်တွေအရမ်းပူနေသည်။

အခုချက်ခြင်း ဆေးခန်းသွားရအောင်လည်း
မိုးတွေသည်းကြီးမဲကြီးရွာနေကာ
ပူစူးကလည်းရွာပြန်သွားသည်မို့
ခေါ်ရမယ့်လူကလည်းမရှိ။
အလုပ်သမတွေကလည်း ၆နာရီ
လောက်ကတည်း အိမ်မကြီး‌ကနေ
ထွက်သွားတာမို့ ဘယ်သူ့ကိုခေါ်လို့ခေါ်
ရမှန်းမသိပေ။

ဥပက္ခာတံတိုင်းWhere stories live. Discover now