I’m at your feet
Part – 7
မိုးဥတု ကားပေါ်မှ ဆင်းလိုက်သလို သက်ပြင်းမောတစ်ချက် ရှိုက်မိသွား၏။ စိုင်းကို ဖုန်းဆက်တော့ ကလပ်ရောက်နေသည်ပြောကာ လူကို အတင်းလာခေါ်ခိုင်း၏။ ကြည့်ရတာ အတော်လေးလဲ မူးနေပုံရသလို မိုးလဲချုပ်နေပြီမို့ ကိုယ့်မှာ ရှုတင်က ပြန်ရောက်ရောက်ချင်း မနားနိုင်ပဲ သူ့လာကြိုနေရသည့် အဖြစ်ပင်။ Mask အမဲကြီးကို သေချာတပ်ထားရင်းမှ ကလပ်ထဲ ဝင်လာခဲ့သလို အောက်ထပ်ဆင်းသည့် လမ်းကတင် အတော်လေး မှောင်၏။ နဂိုမျက်စိအားနည်းသူမို့ မနည်းကြည့်ကာ အထဲဝင်လာခဲ့သလို ဆူညံသံတွေ ရှုပ်ထွေးနေသည့် လူတွေကြား လိုက်ကြည့်မိတော့ တွေ့ပါပြီ။
သူငယ်ချင်းတွေအကုန် အတော်လေး မူးနေကြပုံပေါ်သလို စိုင်းစွမ်းရည်ကတော့ ထောင့်မှာ ငြိမ်နေ၏။ မိုးဥတု အနားလျှောက်လာရင်းမှ ...
“ စိုင်း....”
“.....”
“ စိုင်းစွမ်းရည်.....”
ဒီတစ်ခါတော့ စိုင်းစွမ်းရည်မျက်လုံးတွေ ပွင့်လာသလို သူ့ကို မြင်တော့ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးလာသည်။
“ ဟော.......မိုးဥတုပဲ။ “
“ ပြန်ကြမယ်....လာ. ။ “
“ ဟိတ်ကောင်တွေ ငါပြန်ပြီနော်.....ငါ့ကို ငါ့ဘဲ လာကြိုပြီကွ။ အဟွန်းးးးမောင်က စောင့်နေတာ။ “
ဘုရားရေ....။
စိုင်းစွမ်းရည် ဘာများဝင်ပူးသလဲ မသိ။ သူ့အနား ဒယီးဒယိုင် ထလာရင်းမှ လာမှီနေတာမို့ ပခုံးကနေ ကူထိန်းကာ အပြင်ထွက်လာခဲ့သည်။ ချီးပဲ....လေးလိုက်တာ။ ကားဆီလျှောက်လာရင်းမှ ကားသော့ကို ဘောင်းဘီအိတ်ကပ်ထဲ လိုက်စမ်းရင်း တစ်ယောက်ထဲ ယောက်ယက်ခတ်နေစဥ် စိုင်းစွမ်းရည်က တစ်စခန်းထလာပြန်သည်။
“ မောင် အရမ်း မူးနေပြီ ထင်တယ်။ “
“ မူးချင်လို့ သောက်တာ မဟုတ်ဘူးလား။ အဲ့မှာ မူးနေလိုက် မင်း။ “
“ မောင် လို့ခေါ်။ “
“ စိုင်းစွမ်းရည်......ငါ စိတ်မကြည်ဘူးနော်။ “
“ မရဘူးး..မောင် လို့ မခေါ်ရင် ကားပေါ် မတက်ဘူး။ “
မိုးဥတု သက်ပြင်းချလိုက်မိသလို ....
“ ကားပေါ်တက်ပါ မောင်ရယ်....ဟုတ်ပြီလား။ “
YOU ARE READING
💗 I'm at your feet 💗
Romanceချစ်လို့ အလိုလိုက်တာပါဆိုတဲ့ ဆင်ခြေတစ်ခုနဲ့ ခင်ဗျားခြေရင်း ဦးချိုးပေးထားတဲ့ကောင်ပါ....ခင်ဗျားကလွဲရင် တစ်လောကလုံးသိတယ်
