intro....

10.5K 550 110
                                        

#Unicode

"ငါက Gay မဟုတ်ဘူး Yeon Woo..မင်းလိုယောက်ျားတစ်ယောက်ကိုလည်း ဘယ်တော့မှငါ့ချစ်သူအဖြစ်လက်ခံမှာမဟုတ်ဘူး"

လူပေါင်းများစွာရဲ့ရှေ့တွင် Kim Taehyung ဆိုသည့် ထိပ်တန်းနာမည်ကြီးထံမှ အငြင်းခံလိုက်ရသည်ကြောင့် Yeon Woo ဆိုတဲ့ကောင်လေးမှာ ရှက်ရွံ့နေရှာသည် ။ သို့ပေမဲ့ လက်လျှော့ချင်ပုံမရသည့် Yeon Woo က လက်စွပ်ဘူးလေးကိုထုတ်ကာ Kim Taehyung ရှေ့တွင် ဒူးထောက်လိုက်သည်။

"စီနီယာ... ကျွန်တော် စီနီယာကိုအရမ်းချစ်တာပါ ... ကျွန်တော့်အသက်ထက်ပိုပြီးတော့တောင်ချစ်တယ်... ကျွန်တော့်ကိုစဥ်းစားပေးပါနော်.. ကျွန်တော့်ကိုအခုလိုကြီး မငြင်းဆန်လိုက်ပါနဲ့ ... တောင်းပန်ပါတယ်"

Gay ဆိုတာကိုလက်မခံနိုင်သည့် Kim Taehyung အဖို့တော့ ယခုဖြစ်ရပ်ကရှက်စရာကောင်းလွန်းနေသည် ။ Night club လို လူပေါင်းများစွာရှိနေပြီး သူကျင်လည်နေတဲ့ပတ်ဝန်းကျင်လည်းဖြစ်နေတာမို့ ပိုပြီးရှက်ရွံ့ရ၏ ။ တစ်ဆက်တည်းမှာပင် သူ့သိက္ခာကိုလာချနေသည့် Yeon Woo ကိုလည်း ဒေါသထွက်လာသည် ။ ကမ်းပေးနေသည့်လက်စွပ်ဘူးကိုဆွဲယူ၍ Yeon Woo ခေါင်းကိုတည့်တည့်ပစ်ပေါက်ပစ်လိုက်သည် ။

"ဟားဟားဟားဟား ..."

Taehyung ရဲ့သူငယ်ချင်းတွေသာမက Club ကလူတိုင်းကပါ ထိုအဖြစ်အပျက်ကိုကြည့်၍ Yeon Woo ကိုဝိုင်းလှောင်ကြတော့သည် ။
Yeon Woo ကတော့ ခေါင်းကိုဖိထားရင်းသာ Taehyung အား မမှိတ်မသုန်စိုက်ကြည့်နေလေ၏ ။

"မင်းဟာမင်း Gay ချင် Gay...ငါ့ကိုတော့မင်းလိုဖြစ်အောင် လာဆွဲမသွင်းနဲ့!!"

Taehyung ရဲ့စကားကို အားလုံးကပါထောက်ခံကာ Yeon Woo အား ဝိုင်း၍အပြစ်တင်ကြသည် ။ Yeon Woo အား ရယ်စရာဟာသတစ်ခုလိုပင် ဝိုင်း၍ဟာသလုပ်ကာ လှောင်ပြောင်နေကြ၏ ။
ထိုတော့မှ Taehyung စိတ်ချမ်းသာကာ သူ့သူငယ်ချင်း ၅ ယောက်ရှိနေသည့်ဝိုင်းကို လှမ်းကြည့်လိုက်ပြီး

"Nam Joon... Jin. .. Yoongi .... Hobi... Jimin... မင်းတို့ကြည့်လိုက် ၊ ဒီ Gayလေးက ငါ့လို ကျောင်းရဲ့ King ကိုမှလာပြီး တပ်မက်နေတယ်တဲ့... ငါသူ့ကိုဘယ်လိုအပြစ်ပေးသင့်လဲ..."

ထိုအခါ Yoongi ထလာ၍ Taehyung လက်ထဲသို့ ဝိုင်ခွက်ထည့်ပေးလာသည် ။ Taehyung မဲ့ပြုံးပြုံးလိုက်ပြီး လက်ထဲက ဝိုင်တွေဖြင့် Yeon Woo ၏ခန္ဓာကိုယ်ပေါ်သို့လောင်းချလိုက်တော့သည် ။ ထိုပုံစံကိုကြည့်၍ ကျေနပ်အားရစွာဖြင့် ဟားတိုက်ရယ်လိုက်မိသေး၏ ။
Club တစ်ခုလုံး လှောင်ရယ်သံများ ပြည့်နှက်သွားခဲ့သည် ။

My Dangerous HusbandWhere stories live. Discover now