သူတို့နေထိုင်ရမည့် အရှေ့ခြံဝန်းရှိအိမ်မှာ အလွန်ပင်အနုစိတ်လှသည်။ အိမ်ဒီဇိုင်းမှာ အဆင့်မြင့်ဇိမ်ခံအိမ်ပုံစံဖြစ်သော်လည်း တစ်အိမ်လုံးကို သစ်သားများဖြစ်သာ တန်ဆာဆင်ထားသည်။ အိပ်ခန်း ၊ ဧည့်ခန်း ၊မီးဖိုချောင်ပါဝင်ပြီး အရှေ့တွင် သဘာတရားကိုခံစားရင်း စကားစမြည်ပြောရန် နေရာလွတ်ပင်ရှိသေးသည်။ အိမ်အရှေ့တွင်တော့ Jade Plant ပင်လေးများနှင့် တစ်ခြားသောပန်းပင်လေးများကို စိုက်ပျိုးထားသဖြင့် လူလောကနေရာနှင့်မတူဘဲ နတ်ဘုံလေးတစ်ခုအလားထင်မှတ်ရ၏။
လေးယောက်လုံးသည် အထုတ်အပိုးကိုယ်စီချ၍ အိမ်ပတ်ပတ်လည်ကို လှည့်လည်ကြည့်ကြရင်း ပါးစပ်ကနေပါ ချီးကျူးနေကြသည်။ အိမ်အတွင်းရှိ အသုံးအဆောင်များမှာလည်း သစ်သား ၊ ဝါး ၊ ရွှံ့ဆေးဖြင့်သာလုပ်ထားသည်။
ယခုအစီအစဉ်သည် ၃ ရက်လျှင် ၁ ကြိမ် ဧည့်သည်များကိုကျွေးမွေးတည်ခင်းပြီး ခြံထွက်များရောင်းချရမည်ဖြစ်သောကြောင့် ဒီသုံးရက်အတွင်း ဆောင်ရွက်ရမည်များကိုတိုင်ပင်ကြသည်။ ပထမဆုံးနေ့၌ ခြံဝင်းထဲရှိ အမှိုက်များ ၊ ပေါင်းပင်များရှင်းလင်းကာ အပင်များကို ရေလောင်း ၊ မြေဩဇာကျွေးမည်ဖြစ်သည်။ ဒုတိယရက်တွင် သီးပင်များခူးဆွတ်ကာ ဟင်းချက်နည်းများပြင်ဆင်မည်။ နောက်ဆုံးရက်တွင်တော့ ဧည့်သည်များအတွက် ပြင်ဆင်မည်ဖြစ်သည်။
သူတို့အားလုံးခြံဝန်းထဲဆင်းရန် အင်္ကျီများလဲကြသည်။ အင်္ကျီအောက်စကို ခါးမှာပတ်ချည်ပြီး ဝါးခမောက်ဆောင်းလိုက်သော်လည်း စိုက်ပျိုးရေးသမားများနှင့်မတူဘဲ ဖက်ရှင်အသစ်ကိုလက်တည့်စမ်းနေသည့် ဟော့ရှော့လူငယ်နှင့်ပင် ပို၍တူနေကြ၏။
၂ ယောက်တစ်တွဲစီခွဲကာ ပန်းအကြောင်းနားလည်သူပီပီ Girl Group မှမိန်းကလေးက ပန်းခင်းများကို တာဝန်ယူကာ အခန်းဖော်ကောင်လေးကတော့ ပေါင်းရှင်းလင်းရေးနှင့် ရေလောင်းခြင်းကို တာဝန်ယူလိုက်သည်။ ချန်ကျဲယွမ်ကတော့ သီးပင်နှင့် စားပင်များကိုလေ့လာရန် တာဝန်ယူပြီး ထန်ကျန့်စစ်ကတော့ စပ်စုဖို့တာဝန်ယူထားသည်။
"ဟေး ... ရှေ့နားကအပင်က တည်သီးပင်လား" ထန်ကျန့်စစ်က အပင်ရှိရာဆီ လက်ညှိုးထိုးပြရင်းမေးလိုက်သည်။
YOU ARE READING
Planting Heart Parcel
Fanfictionချစ်ခြင်းဆိုတာ အပင်လေးတစ်ပင်ကို စိုက်ပျိုးရသလိုပါပဲ ... ချိုသာတဲ့ မြေဩဇာစကားလုံးတွေရယ်, နွေးထွေးမှု နေရောင်ခြည်ရယ်, တသွင်သွင်စီးဆင်းနေတဲ့ စိတ်ရှည်မှုတွေနဲ့အတူ ဂရုစိုက်မှုအပြည့်ပေးပြီးမှ ထိုအပင်လေး ရှင်သန်လာပါလိမ့်မယ် .... { စိတ်ကူးယဉ်ရေးသားခြင်းသာဖြ...