အပိုင်း၃

911 35 0
                                        


zawgyi

"သား...အာဏာတို့ အိမ်မှာနေပျော်ရဲ့လား"
ကျွန်တော် ခေါင်းညိတ်ပြလိုက်မိသည် ထင်သည်။
"သား...ကျောင်းတက်ဖို့ လုပ်ရမယ်
အဖေ မေ့နေတာ သားကသတိမေပးဘူး
ဒီရွာကျောင်းမှာ အာဏာ့သားက ဆရာဝင်လုပ်နေတာဆိုတော့ အတော်ပဲ"

"အဖေ"
အဖေက ပြောဆိုတဲ့ သဘောနဲ့ မေးဆတ်ပြသည်။
"အဖေဘာလို့ အမေ့ကိုယူခဲ့တာလဲ
အဖေသာ ဦးလေးအာဏာလို ယောက်ျား ယူခဲ့ရင် ကျွန်တော်လည်း ဦးတိုင်းလို ပျော်နေရမယ်ထင်တယ်"
တော်ရုံဆို စကားသိပ်မပြောတဲ့သားဖြစ်သူက ပြောချလိုက်တော့လည်း အဆုံး။
ပြန်ဖြေစရာ စကားတောင်ရှာမရတော့။

"ဟားဟား ငါ့သားရယ် အဖေသာ အာဏာလိုမျိုး လှိုင်းသစ်နွယ်လို ယောက်ျားကိုယူခဲ့ရင် သားထွက်လာပါဦးမလား
ငါ့သားကတော့ အာဏာတို့ အိမ် တစ်ရက်ကလေးသွားနေပြီး ကိုယ့်အဖေကိုတောင် ယောက်ျား ယူစေချင်သွားတာလား"
ပြောရင်း ရယ်နေသည့် အဖေသည် သေချာကြည့်လျှင် ဦးအာဏာလို လူချောတစ်ယောက်ပေမဲ့ ကျင်လည်ရတဲ့ ဘဝချင်းကွာခဲ့တာမို့ အဖေမှာ ရှိရင်းစွဲအသက်ထက် ပိုအသက်ကြီးနေသယောင်။

"ကဲ...သား စားစရာရှိတာသာစား
အဖေလည်း ဒီလိုတွေဖြစ်လာမယ်ဆိုတာ ကြိုသိရင် မင်းအမေကို မယူဘဲ ယောက်ျားယူခဲ့ပါတယ်ကွာ
ဟားဟား"
အဖေကတာ့ ရယ်စရာတွေ့သွားတော့ အဲ့အကြောင်းကိုသာ ပြန်ပြန်ပြောရင်း ရယ်နေတော့သည်။
ထမင်းစားသောက်ပြီး သားအဖနှစ်ယောက် အိပ်ရာဝင်ကြတော့သည်။
ဒီညတော့ ကျွန်တော်ရဲ့ အရင်ညတာများနဲ့ကွဲလွဲစွာ ကျွန်တော် နှစ်ခြိုက်စွာ အိပ်ပျော်သွားပါသည်။

"သား..ဒါဆို အဖေလိုက်မပို့တော့ဘူးနော်"
အဖေဟာ ဟိုအလုပ်ဒီအလုပ် အကုန်လိုက်လုပ်နေရပြီး မနက်တိုင်းကျွန်တော့်ကို ဦးတိုင်းတို့အိမ်မှာ အပ်ထားခဲ့သည်။
သိပ်မကြာခင်တော့ ကျွန်တော်ကျောင်းပြန်တက်ရတော့မည်။

"လာ..သားမှိုင်းရိပ် သားတော့မရှိဘူး သူ့ဖေငယ်နဲ့ ဈေးပါသွားတယ် ခဏစောင့်နေဦး ဦးလည်း လုပ်စရာရှိတာလုပ်ဦးမယ်"
ကျွန်တော်လည်း အိမ်ရှင်မရှိသော အိမ်ထဲမနေချင်တာကြောင့် ခြံဝင်း ထဲလျှောက်ကြည့်နေလိုက်သည်။
ခရေပင်ရှေ့ရောက်တော့ ဘာရယ်မဟုတ် ဒူးထောက်ကာ ခရေပန်းများကို ကောက်မိသည်။
ဒီရွာကိုရောက်ပြီးနောက်ပိုင်း စိတ်အတော်လေး အေးချမ်းလာရသည်။
လက်နှစ်ဖက်အပြည့်ခရေပန်းများကို မွှေးကြူမိသည်။
"အမလေး.."
မျက်လုံးပြန်ဖွင့်တော့ ခရေပင်ကို မှီကာ သူ့ကိုစိုက်ကြည့်နေတဲ့ဦးတိုင်း။

To My Dear (complete)Where stories live. Discover now