zawgyi"ကိုယ့်ကို ဘာတွေအဲ့သလောက် ကြည့်နေတာလဲ ချာတိတ်"
ခပ်တင်းတင်း စေ့ကပ်ထားတဲ့ နှုတ်ခမ်း တစ်စုံကကျွန်တော့်အား ရည်ညွှန်းလိုက်သော နာမ်စားက *ချာတိတ်* တဲ့။ကျွန်တော် ကြည့်နေတုန်းမှာပဲ ထိုလူက အိပ်ရာမှ ထကာ ကျွန်တော့်ကို ကြည့်နေသည်။
ထို့နောက် ခပ်ဖွဖွပြုံးကာ နွေးထွေးသော လက်တစ်ဖက်ဖြင့် ကျွန်တော့်ခေါင်းပေါ် ခပ်ဖွဖွ ပုတ်သည်။
ရုတ်တရက်မို့ မရှောင်လိုက်မိပေမဲ့ ကျွန်တော် လန့်သွားပါသည်။
ဒီလို အပြုအမူတွေက ကျွန်တော်နဲ့မှ မရင်းနှီးဘဲ။"ချာတိတ်တောင် ဒီအရွယ်ရောက်နေပြီပဲ
ကိုယ့်ကိုရော မှတ်မိရဲ့လား"
ကျွန်တော် ဘာမှပြန်မဖြေတော့ ထိုလူက ခုနကလို နှစ်လိုဖွယ်အပြုံးကို ဆင်မြန်းရင်း
"မမှတ်မိတော့ဘူးပဲ "
ထိုစကားသာပြောပြီး ရှေ့ကထွက်သွားတော့ ကျွန်တော်လည်း နောက်ကလိုက်သွားမိသည်။အိမ်အောက်ထပ်ကို ရောက်တော့ ထိုလူက နောက်ဖေးကိုဝင်သွားတာကြောင့် ကျွန်တော်လည်း အိမ်ရှေ့ခုံတွင်သာ ထိုင်နေလိုက်သည်။
ထိုလူ၏ အဖေဖြစ်သူကိုလည်း မတွေ့တော့ပေ။
"မင်းဘာစားထားလဲ ချာတိတ်"
"........"
"ချာတိတ်ကကိုယ့်ကိုစိမ်းနေတာပဲ အင်းပေါ့ အဲ့တုန်းက ချာတိတ် က ပိစိလေးပဲရှိသေးတာကိုး"
".........."
"အဲ့ပိစိလေးတုန်းက အရမ်းချစ်ဖို့ကောင်းတာသိလား ကိုယ့်လက်ညှိုးလေးကို မလွှတ်တမ်း ဆွဲထားတာ မျက်လုံးလေးကလည်း ကိုယ်သြားရာကို လိုက်ကြည့်နေတာ ကိုယ်ချီထားရင်လည်း သိပ်သဘောကျတာ ငြိမ်နေရော "ကျွန်တော် မသိခဲ့သော ကျွန်တော်၏ ကလေးဘဝ အဖြစ်အပျက်များကို သဘောတကျ ပြန်ပြောနေသည့် ထိုလူက
မွေးကာစကျွန်တော့်ကို အတော်ချစ်ပုံရသည်။
"ကဲ...မသိတော့လည်းထားတော့ ချာတိတ်ကိုယ့်နာမည်....တိုင်းထက်လွန် ကိုယ့်ကိုဘယ်လိုခေါ်ချင်လဲ အဆင်ပြေသလိုခေါ်
ကိုယ့်အသက်က ၂၅မို့ ချာတိတ်ထက် ၈နှစ်ကြီးတယ်"
"ခင်ဗျား...."
"ဟင်"
"အရမ်း စကားများတယ်"တစ်လုံးချင်း ပီပီသသထွက်လာတဲ့ ချာတိတ်ရဲ့ အသံက တစ်ကယ့်ကို နှစ်လိုဖွယ် ချိုမြမြလေး။
"တစ်ခုခု ထပ်ပြောပါဦး ချာတိတ်အသံလေးက အရမ်းနားထောင်လို့ကောင်းတယ်"
အံ့ဩသြားရသူက ကျွန်တော်ပင်။
ကျွန်တော့်အသံကို ကြားသူတိုင်းက အမြဲအပြစ်ပြောကြသည်။
ကျွန်တော်အမေ့ကပင်
"ရုပ်ကလည်း ပျော့တိပျော့ဖတ် အသံပါ မိန်းမသံနဲ့ စိတ်ပျက်ဖို့ကောင်းတယ်"ဟု ပြောသည်။
ဒါကို ထိုလူက အရမ်းနားထောင်လို့ ကောင်းတယ်တဲ့လား။

YOU ARE READING
To My Dear (complete)
General Fiction(unicode +zawgyi) တိုင်းထက်လွန် ညို့မိုှငှးရိပှ နူးနူးညံ့ညံ့လေးန့ဲ သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ကြည့်ပါမယ် ခှီန့ဲအတူတူ အချစ်ရိပ်ရှိရာသို့ စီးမြောသွားကြည့်ကြရအောင် တိုင်းထက်လွန် ညို့မှိုင်းရိပ် နူးနူးညံ့ညံ့လေးနဲ့ သူတို့နှစ်ဦးကြ...