zawgyi
စိတ်ပျက်စရာ အတိတ်နေ့ရက်တွေ
အမြဲလိုလို ကြားနေရတတ်တဲ့
အမေ့ရဲ့ ဆူပူကြိမ်းမောင်းသံအရာအားလုံးကို စိတ်ကုန်နေတဲ့
အမေက အခုတော့ ကျွန်တော်တို့သားအဖနဲ့အဝေးတစ်နေရာကိုထွက်သွားပါသည်။မဟုတ်။
ကျွန်တော်တို့ သားအဖကထွက်လာခဲ့တာ။
အဖေပြောတာက
"မင်းအမေကို မဆွဲထားနိုင်ခဲ့လို တောင်းပန်ပါတယ် ငါ့သားရယ်"တဲ့ရွှေဘုံစံခဲ့တဲ့ အမေက ကျွန်တော်သိတတ်စ အရွယ်ကတည်းက အမြဲလိုလို ငြီးငြူနေခဲ့တာ။
ကျွန်တော့်ကို အမေကပြောတယ်"နင်က ဂြိုဟ်ကောင်လေး"တဲ့။အဖေရှာသမျှ မလောက်အောင်ကို အမေက အသုံးအဖြုန်း ကြီးခဲ့တယ်။
အဖေ့ရှေ့ရောက်တိုင်း
"ဝင်းဝင်းဝါဝါနဲ့မို့ ရွှေတောင်ကြီး ထင်ခဲ့တာ
အခုတော့ ချီးပုံကြီးဖြစ်နေခဲ့တာပဲ အမလေး နင့်ဘဝကလည်း ကံဆိုးလွန်းပါတယ်
မိထိပ်ထားရယ်"ဟုပြောလေ့ရှိတဲ့ အမေနဲ့
"ငါ့သား...မင်းကို ဒီအဖေကချစ်ပါတယ်ကွာ"ဟု အမြဲတဖွဖွပြောခဲ့သည့် အဖေကျွန်တော့်အတွက်တော့ အဖေနဲ့အမေ့ကြားက ကွာခြားချက်က ကြီးတာမို့ ဘယ်သူ့ကိုပိုချစ်လဲဆို တွေးစရာမလိုအောင် အဖေ့ကိုအချစ်ဆုံးပါပဲ
"သား...အဖေ့တို့ နေရမဲ့နေရာ ရောက်ပြီ"
အဖေ့အပြောကြောင့် ကျွန်တော်ကြည့်မိတော့
ခပ်ကျဉ်းကျဉ်း အိမ်လေးတစ်လုံး ဆိုပေမဲ့
ကျွန်တော်တို့ သားအဖအတွက်တော့ အဆင်ပြေပါသည်။"ဒီရွာက အဖေ့မွေးရပ်မြေကွ သားကိုတော့ မပြောပြဖူးဘူး ဒါကလည်း အဖေပိုင်တဲ့ ခြံလေးပဲ"
ကျွန်တော် ဘာစကားမှပြန်မပြောဘဲ ခြံလေးကိုပဲ လိုက်ကြည့်နေမိသည်။
လူမနေတာကြာ၍ မြက်ပင်များက ထူထပ်စွာ။"အခုတော့ အပင်ပန်းခံရဦးမယ် သားရေ
ဘာမှမရှင်းရသေးဘူး"
အဖေက ပြောပြောဆိုဆိုဖြင့် ခပ်နွမ်းနွမ်းလွယ်အိတ်လေးကို အိမ်ပေါ်လှမ်းတင်၍ အိမ်နောက်ဘေးက ဓ*ားတစ်လက်သွားယူကာ ခြံကိုရှင်းတော့သည်။
ကျွန်တော်လည်း အိတ်ထဲတွင်ပါလာသော အဝတ်အစားများကို နေရာချကာ ခြေရင်းတွင်ရှိသော တံမြက်စည်း ဖြင့် တစ်အိမ်လုံးအနှံ့လှည်းကျင်းလိုက်သည်။

YOU ARE READING
To My Dear (complete)
General Fiction(unicode +zawgyi) တိုင်းထက်လွန် ညို့မိုှငှးရိပှ နူးနူးညံ့ညံ့လေးန့ဲ သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ကြည့်ပါမယ် ခှီန့ဲအတူတူ အချစ်ရိပ်ရှိရာသို့ စီးမြောသွားကြည့်ကြရအောင် တိုင်းထက်လွန် ညို့မှိုင်းရိပ် နူးနူးညံ့ညံ့လေးနဲ့ သူတို့နှစ်ဦးကြ...