the love language

870 72 0
                                        

"အမယ် မင်းက ကုမ္ပဏီပိုင်ရှင် ငါ့ထက်တောင် အလုပ်ကို အစောရီးရောက်နေတာဘဲ အရမ်းတွေတက်ကြွနေတယ်ပေါ့"

"ဟီး boss ကလဲ ဒါက ကျွန်တော့်ရဲ့ အလုပ်ပထမဆုံးနေ့လေ နောက်ကျလို့ ဘယ်ဖြစ်မလဲ။ တော်ကြာ boss သေးသေးလေးက သဘောမကျဘဲ 3လမပြည့်ခင် အလုပ်ထုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

"ငါ့ကို boss လို့ဘဲ ခေါ်ဖို့ ပြောထားတယ်လေကွာ။ တော်ပြီ။ ခနနေရင်...မင်းကို အလုပ်ကိစ္စတွေရှင်းပြဖို့ ငါ့လူတစ်ယောက်လာလိမ့်မယ်။ ပြီးရင် ငါ့အတွက် ကုမ္ပဏီခွဲတွေဖွင့်ဖို့ အစီအစဉ်ဆွဲပေးအုန်း"

"ဟုတ်ကဲ့ပါ boss"

"အင်း....ဒါနဲ့ မင်းနာမည်က ဘယ်သူတုန်း ငါလဲ မင်းနာမည်မသိရသေးဘူး"

အလုပ်တောင်စဆင်းနေပြီ၊ ငါ့အတွင်းရေးမှူးလုပ်မယ့်သူရဲ့နာမည်ကိုတောင်မသိရသေးလို့ အခုမှမေးမိခြင်း..။

"Gemini norawit ပါ။ ဒါပေမယ့် boss ကတော့ 'Gem' လို့ပဲခေါ်ပေါ့။ ဒါက bossသေးသေးလေးအတွက်ဘဲ သီးသန့် nickname လေးနော်"

"ဟုတ်ပြီ Gemini norawit... "

ဘာလို့ငါက အဲ့လိုခေါ်ပေးရမာလဲ။ သူ့နာမည်ဘဲခေါ်မာပေါ့။ ဒီကောင်တော်တော် nickname သုံးရတာကြိုက်တဲ့ပုံဘဲ။ ငါ့ကိုတောင် boss သေးသေးတဲ့။ အသည်းတွေ၊ အဆုတ်တွေယားလိုက်တာဆိုတာ။

"အာ Gem လို့ခေါ်ပါဆို။ ဒါဆို ကျွန်တော်သွားလိုက်ပါအုန်းမယ်နော်ခဗျ။ "

____________________

*ဒေါက်...ဒေါက်...*

"၀င်ခဲ့"

ဘယ်သူလဲလို့မော့ကြည့်လိုက်တော့ ခုနကောင်လေး Gemini norawit ။ ဘာလိုလို့ပါလိမ့်"

" ဘာကိစ္စရှိသေးလို့လဲ "

"ဘာကိစ္စမှ မရှိပါဘူး။ ဒီမာ boss အတွက် ကော်ဖီနွေးနွေးလေး။ ကျွန်တော် လမ်းကြုံလို့ယူလာတယ်။ "

" ငါကော်ဖီ မကြိုက်ဘူး.."

"အာ ကျွန်တော်က စေတနာနဲ့ယူလာတာကို သောက်လာပါနော်။"

"ဟုတ်ပြီထားခဲ့"

" အဲ့လိုမှပေါ့...ဒါဆို ကျွန်တော်သွားပြီနော်"

The last hope (Complete)Where stories live. Discover now