အချိန်တွေ တရွေ့ရွေ့နဲ့ ကုန်ဆုံးလာတာ အခုဆိုရင် သမီးလေးတောင် တစ်နှစ်ခွဲအရွယ် ရောက်လို့လာလေပြီ ။ သမီးလေးက သူမနဲ့ ရုပ်ချင်းမဆင်ရုံသာမက အပြုအမူတွေကလည်း သူမနဲ့မတူတာ သေချာသည် ။ တောက်တောက်လျှေက်တတ်တဲ့ အရွယ်ကတည်းက သူ့နောက်ကိုလိုက်နေရတာဟာဆိုရင် မျောက်ကလေးနောက် လိုက်နေရသလိုပင် ။ တစ်နေရာမှာချထားပြီး တစ်စက္ကန့်လောက် လှည့်မကြည့်လိုက်နဲ့ သူမဘယ်ရောက်သွားမယ်မသိ ။ ပေါင်းသင်းဆက်ဆံရေးကလည်းကောင်းသလား မမေးနဲ့ သူ့ကိုချီပြီး ဈေးသွားတဲ့နေ့ဆိုရင် သူ့ကိုချီချင်လို့တောင်းသမျှ လူတိုင်းနောက်ကို လိုက်တော့တာပင် ။ လူတိုင်းကိုလည်းပေါက်ပေါက်ဖောက်သလို စကားကပြောသေးသည်။
သူ့အဖေရေခဲတုံးကြီးနဲ့ တူတယ်လို့ပြောရအောင်လည်း ဟိုက အေးစက်နေလိုက်တာမှ မြောက်ဝင်ရိုးစွန်းကနှင်းတောင်တွေတောင် ထိုင်ကန်တော့ရမယ့်အဖြစ် ။ ဒါပေမယ့်လည်း ဒီအိမ်မှာ အကိုလးငယ်ငယ်ကတည်းက အလုပ်လုပ်လာတဲ့ အိမ်တော်ထိန်းကြီးကတော့ပြောရှာပါတယ်၊ လွန်းလေးက အကိုလေးနဲ့တူတာ တဲ့လေ။
အိမ်တော်ထိန်းကြီးကတော့ သူမအပေါ် နွေးနွေးထွေးထွေးရှိလာတာကို ခံစားမိပါတယ်။ တချို့ အလုပ်သမားတွေအပါအဝင်လေ အရင်က မေးမှပြော ခေါ်မှပြော တဲ့ စုစုတောင် သူမကို 'အမ ညီမ ကလေးကြည့်ပေးရမလားတဲ့' ။ဟော အကုန်လုံးက သမီးလေးနဲ့ သူမအပေါ်နွေးထွေးနေပြန်တော့လည်း သမီးလေးနဲ့ တကယ်သွေးသားတော်စပ်ပါတယ် ဆိုတဲ့သူတွေက သူမတို့ သားအမိကို လုံးဝလှည့်မကြည့်ပေ။ အမေရိကားမှာနေတဲ့ အန်တီကလည်း သူမမီးဖွားပြီးကတည်းက ဘယ်လိုမှ ဆက်သွယ်မလာတော့သလို သမီးလေးအကြောင်းလည်း ဘာမှ မမေးတာကြောင့် စိတ်မကောင်းတော့ ဖြစ်မိသည် ။ ဘာပဲဖြစ်ဖြစ် သမီးလေးကို အသိုင်းအဝိုင်းကြီးက လာတယ်ဆိုတဲ့ စကားထက် သမီးမှာ ခေါ်စရာ ဆွေမျိုးရှိတယ်ဆိုတဲ့ စကားကို သူမလိုချင်ခဲ့တာ။ ဥတစ်လုံး တစ်ကောင်ကြွက် မဟုတ်ဘူးဆိုတဲ့ သဘောနဲ့ပေါ့ ။ ဖွားအေဖြစ်သူက လှည့်မကြည့်လို့ ဖအေဖြစ်သူကရောလို့မေးရင်ဖြင့်...
အဖွားလုပ်တဲ့ သူက အမေရိကားမှာမို့ ထားပါဦး ၊ အဖေဖြစ်သူက တစ်အိမ်တည်းမှာနေပြီး သမီးမျက်နှာကို စေ့စေ့တောင်မကြည့်တာမို့ ဖြူပိုပြီး ဝမ်းနည်းမိပါသည်။

YOU ARE READING
ဥပက္ခာတံတိုင်း
Romanceသမီးလေးကို ဖြူ့လို ဥတစ်လုံးတစ်ကောင်ကြွက်မဖြစ်စေချင်လို့ အကို့ကို ကပ်တွယ်မိခဲ့တာပါ။ ဖြူ့ရဲ့ အမှားကို ဖြူသိသလို ဖြူကိုယ်တိုင်လည်း အဲ့ အမှားကို ပေးဆပ်မှာပါ ... ဒါပေမယ့် အကိုရယ် အကို့ သွေးသားလေးကိုတော့ အကို့ရဲ့ နွေးထွေးမှုလေး နည်းနည်းတောင် မပေးနိုင်ဘူး...