P-5

1.6K 64 3
                                        

I’m at your feet

Part – 5

စိုင်းစွမ်းရည် ဖုန်းထဲမှာ တက်လာသည့် ဓာတ်ပုံတွေကိုကြည့်ရင်း အသာပြုံးမိသွားရသည်။ ပုံလေးတွေကို တစ်ချက် Save ထားလိုက်ရင်းမှ ပုံထဲမှ ပြုံးရယ်နေသည့် ကလေးဆန်ဆန်ပုံစံလေးအား အသဲယားစွာ လက်မဖြင့် အသာပွတ်သပ်မိလိုက်သေးသည်။ မိုးဥတုဟာ ချောသလောက် ချစ်စရာလဲကောင်းသည့် ပုံစံတစ်မျိုးက သက်သက်ရှိနေတတ်သည်။ ဒါကို သူအရင်ထဲက ရိပ်မိပေမယ့် သူ ဆေးကျောင်းစတက်တော့ ကောင်းကောင်းသတိထားမိတာပင်။

မှတ်မှတ်ရရ “ နှလုံးသားအရင်းအနှီး “ ဆိုသည့် မိုးဥတု၏ ဒုတိယ‌မြောက် ရိုက်သည့် ဇာတ်လမ်းတွဲမှာ ဖြစ်သလို ထိုကားမှာ မိုးဥတုက မင်းသမီး၏ မောင်ငယ်လေးဖြစ်ကာ အစ်မကြီးကို ဆိုးနွဲ့ဗိုလ်ကျသည့်ပုံစံလေးတွေအား သူ အသဲတယားယား အူတကျုတ်ကျုတ်ဖြစ်ခဲ့ရတာပင်။ အဲ့အချိန်က သူ မိုးဥတုနဲ့ အဆင်မပြေသလို ထိုကားရိုက်နေတာကိုပဲ သူ မကျေနပ်ခဲ့တာ။ ဒါပေမယ့် ဇာတ်လမ်းတွဲချိန်ဖြစ်သည့် ညရှစ်နာရီဆို သူ့မှာ ဘယ်ကမ္ဘာရောက်ရောက် ကြည့်ဖြစ်သည်။ ဇာတ်လမ်းကို မဟုတ်....ဒင်းကို ။

“ ဟိုကောင် ငစိုင်း...ဘာလုပ်နေတာလဲ။ “

အနားရောက်လာသည့် သူငယ်ချင်းတွေကြောင့် စိုင်းစွမ်းရည် ဖုန်းကို ပိတ်ချလိုက်သလို ဟိုကောင်တွေကလဲ လက်မြန်သည်။

“ ဘာတွေ....ဝါးးးးမိုးဥတုပဲ ချစ်စရာလေးကွ။ “

“ ပြန်ပေးစမ်းပါကွာ။ “

“ မိုးဥတုက မိန်းကလေးကြိုက်လား ယောကျာ်းလေးကြိုက်လားတော့ မသိဘူး။ ဒါပေမယ့် ယောကျာ်‌လေးကြိုက်တယ်ဆိုရင်တော့ အပြေးတန်းစီမယ့် ကောင်တွေလဲ မနည်းဘူးကွ။ ဒီဘဲ စောက်ရမ်း ကွေးချင်အောင် စွမ်းတယ်။ “

စိုင်းစွမ်းရည် မျက်နှာက တည်တင်းသွားရာမှ ....

“ သူ့မှာ ဘဲရှိတယ်။ “

“ ဘာ...ဟိတ်ကောင် ဟုတ်လို့လား။ မင်းက ဘယ်လိုသိလဲ။”

💗 I'm at your feet 💗Where stories live. Discover now