Part 10

7.1K 22 2
                                    


မြတ်သောမောင်သည် အချုပ်အနှောင်ကင်းကင်းဖြင့် လွတ်လွတ်လပ်လပ်ရှင်သန်လိုသော လူတစ်‌ယောက် ဖြစ်ခဲ့သည် ။ လူတစ်ယောက်က လူတစ်ယောက်ကို ... ဒီတစ်ဦးတည်းကိုသာ တစ်သက်လုံးဆိုတော့ သတ်မှတ်ချက်များကို အယုံအကြည်မရှိခဲ့ပေ ။ ဒါကြောင့်သာ လက်မထပ်ဘဲ ရည်းစားများသာ ထည်လဲတွဲခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူ၏ လက်ထပ်ခြင်းနှင့် ပတ်သက်သော ယုံကြည်မှုများက မှေးမှိန်ပျောက်ကွယ်သွားသည် ။ သူ စောင့်ရှောက်ကာကွယ်ပေးချင်သော ဘေးနားမှာ အတူရှိနေစေချင်သော တစ်စုံတစ်ယောက် ရှိလာခဲ့ပြီ။ ငယ်လေးသည် ဘယ်ချိန်ထဲက သူ၏ ဘဝထဲသို့ တစတစတိုးဝင်နေရာယူလာခဲ့ပါသလဲ မြတ်သောမောင်သေချာမသိခဲ့သော်လည်း ငယ်လေးကို သူနှင့်အတူ တစ်သက်လုံးရှိနေစေချင်သည် ။ ငယ်လေးကို တူမတစ်ယောက်‌နှင့်မဟုတ်ဘဲ အမျိုးသမီးလေးတစ်ယောက်အဖြစ် စိတ်ရိုင်းများစတင်သတိထားမိစဉ်က မြတ်သောမောင် အိမ်ပြန်လာရမှာကို ကြောက်နေခဲ့သည်။ ငယ်လေးကို စေ့စေ့မကြည့်ရဲမှာကို ကြောက်သည်။ ငယ်လေးဘေးနားတွင် ယောကျာ်လေး သူငယ်ချင်းများဖြင့်အတူရှိနေသည်ကို တွေ့သောအခါ ငယ်လေးအပေါ် သူ၏ ခံစားချက်များက ပို၍သေချာလာခဲ့သည်။ သူသည် ငယ်လေးကို အမျိုးသမီးတစ်ယောက်အနေဖြင့် မြင်နေမိလေပြီ။ ငယ်လေး၏ပါးလေးများကို မွှေးကြူချင်လာသည်။ ငယ်လေး၏ လက်ချောင်းလေးများကို ဆုပ်ကိုင်ကာ နေရာအနှံ့လျှောက်လည်ချင်သည်။ ငယ်လေး၏ ခါးသိမ်သိမ်လေးကို ဖျစ်ညစ်ကာ .... ဆက်မတွေးတော့နဲ့ မြတ်သောမောင်ရေ ။ ဆက်မတွေးနဲ့တော့ ။ ငယ်လေးသည် သူ၏အချစ်ဆုံးသူငယ်ချင်းများက ယုံကြည်စွာအပ်နှံခဲ့သော သူစောင့်ရှောက်ပေးရမည့် ကလေးငယ်လေးသာ ဖြစ်သည် ။ သို့ရာတွင်သူသည် ကလေးငယ်လေးအပေါ် မတွေးအပ်သည်များတွေးမိလာသည်။ စိတ်ရှုပ်စရာများက်ု အရက်နှင့်‌ဖြေကာ အိမ်ပြန်လျှင် နောက်ကျမှသာ ပြန်လာရဲခဲ့သည်။

ထိုတစ်ရက် ငယ်လေးနှင့်သူ စိတ်ထဲရှိစကားအကုန်လုံးကို ဖြေလွှတ်လိုက်သော ထိုည မှစကာ ငယ်လေးနှင့်သူ၏ ဆက်ဆံရေးသည် ပြောင်းလဲသွားခဲ့လေပြီ။ သူ၏ ငယ်လေးဘက်မှလည်း သူ့အပေါ်အမြင်များပြောင်းလဲနေခဲ့မည်ဟု မြတ်သောမောင် ထင်မထားခဲ့။ ငယ်လေးနှင့်သူသည် အသက်ကွာသည် ငယ်လေးဘေးနားတွင်ရွယ်တူ ယောကျာ်းလေးများရှိသည် ။ ထိုသူများထဲမှ ငယ်လေးကလည်း သူတစ်ယောက်တည်းကိုသာ ချစ်ခင်အားကိုးခဲ့ပါသည်တဲ့ ။ ထိုနေ့က မြတ်စောမောင် အိပ်မက်ဟုပင်အထင်မှားခဲ့သည် ။ သို့ရာတွင် သူ၏ငယ်လေးသည် အိပ်မက်မဟုတ်ခဲ့ပေ။

You've reached the end of published parts.

⏰ Last updated: Oct 13, 2024 ⏰

Add this story to your Library to get notified about new parts!

ကိုးကွယ်ရာ Where stories live. Discover now