"သူဌေး မဝဿန်မိုး ရောက်နေပါတယ်ရှင့် "
"ဝင်လာခိုင်းလိုက်" မာန်တစ်ယောက် အိပ်ရေးပျက်တာကြောင့် ညိုမည်းနေတဲ့မျက်ဝန်းများကို မှိတ်လိုက် ပြန်ဖွင့်လိုက်နဲ့ နေရသက်သာအောင် ကြိုးစားနေမိသည် ။ အခုတလော အိပ်ရေးပျက်လို့ပဲလားမသိ လူကနုံးတုံ inးတုံးနဲ့ဖျားချင်နေသလိုလို ...
"နောက်တစ်ခါ မင်းကလေးကို ငါ့ရှေ့ခေါ်မလာပါနဲ့ "မာန် သူ့အတွေးထဲမှာပေါ်လာတဲ့ စကားသံတွေကို အလိုမကျစွာ ကျစ်စုတ်သပ်မိလိုက်သည် ။ သူ့အနေနဲ့ သွေးနုသားနုနဲ့ သူမကို ဒီလိုမပြောသင့်တာသိပေမယ့် အဲ့နေ့က ကလေးနဲ့ ပျော်ရွှင်နေတဲ့ သူမကိုကြည့်ပြီး မိုးနဲ့သမီးလေးကို ပြန်အမှတ်ရကာ သူမကိုထိုသို့အော်လိုက်မိခြင်းဖြစ်သည် ။
"ကိုကို " အခန်းထဲကို ကျီးအထိုးသံလိုဝင်လာတဲ့ အသံကြောင့် သက်ပြင်းအရှည်ကြီးချလိုက်မိပြန်သည် ။ ဝဿန်မိုး ...မင်းသာ ငါ့မိန်းမရဲ့ ချစ်ညီမလေးမဟုတ်ဘူးဆိုရင် ငါ့ရုံးခန်းတောင်မလာခိုင်းဘဲ မင်းကိုကန်ထုတ်ပစ်တယ် ။ တကယ်တော့ သူလည်း ဝဿန်ကို မိုးကြောင့်သည်းခံနေခဲ့တာအမှန်ပါ၊ မိုးကသူ့ညီမလေးကိုဆိုသိပ်ချစ်တာ ၊သူလည်း ညိုညိုလေးနဲ့ သူမလေးကို ချစ်ခဲ့ပါတယ်၊ သူတခြားကို မပြောင်းခင်ကသိခဲ့တဲ့ ညီမလေးကိုပေါ့ ၊ အခု ဝဿန်မိုးကတော့...
"ကိုကို့မိန်းမမွေးပြီဆိုကိုကို ၊ နောက်ပြီးမိန်းကလေးပဲဆို ၊ ကိုကိုအဲ့မိန်းမ မြူဆွယ်ရာနောက်လိုက်မသွားရဘူးနော် " စကားတွေကို ပေါက်ပေါက်ဖောက်သလို ဖောက်ပြီး တရစပ်ပြောနေတာကြောင့် မာန်တော်တော်စိတ်ညစ်သွားရသည် ။ လူကနေမကောင်းချင်ပါဘူးဆို မယ်မင်းကြီးမက တစ်မှောက်... အန်ကယ်တို့အန်တီတို့ မျက်နှာလည်းရှိနေသေးလို့သာပေါ့ ...
"ဝဿန် အဲ့ကိစ္စအတွက်မင်းကိုဘာမှမစိုးရိမ်ဖို့ပြောပြီးပြီလေ ၊ အခုကဘာကိစ္စလဲ " မာန်စကားကို လိုရင်းပြ ဖြတ်ကာမေးလိုက်သည် ။
"ညီမလေး shopping သွားချင်လို့ ကိုကိုလိုက်ပို့လို့ရလားဟင် " သနားကမားရုပ်ကလေးနဲ့ သူ့ကိုလာပြောနေတဲ့ ဝဿန်ကိုကြည့်ပြီး ဒေါသထွက်မိတာတော့အမှန် ... အမှန်အတိုင်းပြောရရင် သူတို့နှစ်ယောက်က ခဲအိုနဲ့ခယ်မ ၊ ငယ်ငယ်ကတည်းက သူမကို သိခဲ့တာကလွဲရင် သူတို့နှစ်ယောက်က shopping အတူထွက်ရလောက်တဲ့ ဆက်ဆံရေးမဟုတ်ဘူးလို့ထင်မတာပဲ ။ မသကာ အိမ်က ဟိုမိန်းမ အတူ shopping ထွက်ဖို့ပြောရင်တောင် ယုတ္တိရှိတယ်လို့မြင်သေး ...

YOU ARE READING
ဥပက္ခာတံတိုင်း
Romanceသမီးလေးကို ဖြူ့လို ဥတစ်လုံးတစ်ကောင်ကြွက်မဖြစ်စေချင်လို့ အကို့ကို ကပ်တွယ်မိခဲ့တာပါ။ ဖြူ့ရဲ့ အမှားကို ဖြူသိသလို ဖြူကိုယ်တိုင်လည်း အဲ့ အမှားကို ပေးဆပ်မှာပါ ... ဒါပေမယ့် အကိုရယ် အကို့ သွေးသားလေးကိုတော့ အကို့ရဲ့ နွေးထွေးမှုလေး နည်းနည်းတောင် မပေးနိုင်ဘူး...