"ညီ"
"ဟုတ်"
"ဆေးသောက်လိုက်အုံး ညီကလေးအတွက်စိတ်ပူရတယ် ထ"
"ဟုတ် အကို"
ထယ်ယောင်း ဆောင်ရန် ရှောင်ရန် အကုန်မှာကြားထားသည် ထယ်ယောင်းကို ဆွီဇလန်ပို့မည်ဟုဆုံးဖြတ်လိုက်သည်
"ညီ အကို့ ညီလေးရှိတဲ့ ဆွီဇလန်မှာ ကလေးသွားမွေး ပြီးမှ ဟန်းဂူးကိုပြန်လာခဲ့"
"ကျေးဇူးပါတယ် အကို ကျတော့်ကိုခုလိုကူညီပေးလို့ အကို့ကျေးဇူးကိုမမေ့ပါဘူး"
"ညီက အကို့ရဲ့ညီလေးတစ်ယောက်လိုပါပဲကွာ"
--------
ဂျွန်အီသန်ဘက်မှာတော့"ဟျောင့် အီသန် မင်းအဲ့လိုအရက်တွေပဲထိုင်သောက်နေလို့ရသလား"
"ငါသူ့ကိုမှ ရှာမတွေ့တာ သူ့ငါ့ကို သိပ်မုန်းတော့မှာပဲ ယွန်းဂီ"
"မင်းဒီလိုနေလို့မရဘူး ဟန်းဂူးမြေက ကျဉ်းကျဉ်းလေးပါကွ ငါလည်းကူရှာပေးမယ် မဟုတ်တဲ့ အဲ့စောက်အရည်တွေသောက်မနေနဲ့တော့"
"ကျေးဇူးတင်ပါတယ်ကွာ"
"မင်းရဲ့ ရေမချိုးတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ငါ့ကိုလာမဖက်စမ်းနဲ့"
"ဒီကိုမေကို"
"လာလစ်မယ်"
ဂျွန်အီသန်တို့ ဟန်းဂူးတစ်မြို့လုံး မြေလှန်ရှာခဲ့ပါသည် သို့သော် ထယ်ယောင်း၏အရိပ်တောင်မတွေ့ရပါ ဂျွန်အီသန် စိတ်ဓာတ်တော်တော်လေးကျမိသည်
ည9နာရီလောက် လေဆိပ်ဘက်ကို ပတ်ရှာမိတော့ တန်းစီး counterမှာ ထယ်ယောင်းနာမည်ကိုခေါ်သည်ကို အီသန်ရေးရေးလေးကြားမိသည် သူပဲနားကြားမှားတာလား ထယ်ယောင်းပဲ ဟန်းဂူးမြို့က ထွက်သွားတော့မှာလား မသေချာမရေရာပေ သေချာလားဆိုတာကို သိရအောင် counter
ထဲ ၀င်ကြည့်တော့ တကယ့်ပင် အီသန်ရဲ့အချစ်တော်လေးဖြစ်နေသည်"ထယ်ယောင်း!ကင်မ်ထယ်ယောင်း"
ချက်လက်မှတ်ယူဖို့လုပ်နေတဲ့ ထယ်ယောင်းလက်တွေတုံဆိုင်းသွားရသည် အသံလာရာဘက်ကိုလှည့်လိုက်တော့ အီသန်ဖြစ်နေသည်
ထယ်ယောင်းကြောင်အနေမိသည် လူမလှုပ်နိုင်တော့ ကြောက်ရုပ်ကြီးပမာ