အခန်း (၇)

8K 122 0
                                        

"ကလေးလေးလေးရယ် နားထောင်ကွယ် မေမေသီချင်းဆိုမယ် ...ကလေးလေးရယ်နားထောင်တော့ မေမေ သီချင်းဆိုချော့.." ဖြူတစ်‌ယောက် သူမရဲ့သီချင်းလေးကိုနားထောင်ကာ အိပ်မောကျနေတဲ့ သမီးလေးကို ကြည့်ပြီး ပီတိ တွေဝေဖြာနေသည် ။ သမီးလေးက သူမနဲ့တူရမယ့်အစား သူ့အဖေနဲ့ကျချွတ်စွတ်... အသားလေးကနီစွတ်နေတာမို့ကြီးရင် ဖြူဖွေးနေမှာကမလွဲမသွေ ၊ သူမအသားကညိုတာကြောင့် သူ့အဖေရဲ့ အသားအရေကိုရတယ်လို့‌ပြောရမှာပါပဲ ..အိုမျက်လုံး၊မျက်ခုံး ၊ အကုန်အကုန် သူ့အဖေနဲ့တူနေတာမို့ ဖြူမနာလိုတော့ဖြစ်ရပါသည် ။ ဟုတ်တယ်လေ ...ကိုယ်က ကိုးလကြီးများတောက်လွယ်ထားရတဲ့ဟာကို တူတော့သူ့အဖေနဲ့သွားတူတယ်တဲ့ ...

သူ့အဖေဆိုမှ ဒီနေ့နဲ့ဆိုသူမဆေးရုံမှာ ၃ ရက်လောက်ပြီ ၊ ဒီသုံးရက်အတွင်း ထိုလူသူမတို့သားအမိကို တစ်ခါမှ လာမကြည့်လှည့်ပါ ။ အစကတော့ သူမတို့ကို ‌သူကိုယ်တိုင် ဆေးရုံလိုက်ပို့တာမို့ ဗိုက်နာနေသည့်ကြားကပင် မျှော်လင့်ချက်ရောင်ခြည်လေးသမ်းခဲ့ရသေးသည် ။ ဒါပေမယ့်လည်း...

"မမ ဒီနေ့ပူစူးလေ ရှားစောင်းလက်ပတ်ဟင်းချိုလေးလုပ်လာတယ် ။ နို့ထွက်အားကောင်းဖို့လေ " တစ်ခါတစ်လေတော့လည်း ပူစူးမ အရွယ်နဲ့မလိုက်အောင် ဒီလိုအရာတွေသိတာကြောင့် အံ့ဩမိသည် ။

"အိုး ... ပိစိလေးကအိပ်နေတာကြည့်ပါဦး ...မျက်နှာလေးကို ကြည်လင်နေတာပဲ ။ အကိုလေးပြောတာမှန်ပါ့ " ပူစူးရဲ့ စကားအဆုံးမှာ ဖြူ နားမလည်သလို ပူစူးကိုကြည့်လိုက်မိသည်။တစ်ဆက်တည်းမှာပဲ မပြောသင့်တဲ့အရာကိုပြောမိလို့ ထိတ်လန့်နေတဲ့ အမူအရာမျိုးနဲ့ ပူစူးကို ‌မြင်လိုက်သေးသည် ။

"အကိုလေး ဟုတ်လား ပူစူး ၊ အကိုလေးက ဆေးရုံကိုလာသွားသေးတာလား" ဖြူပြောတဲ့စကားကို ပူစူးက တစ်ခုခုကိုသတိရဟန်နဲ့ ...

"ဪ ဟုတ်တယ် ...ဟုတ်တယ် အကိုလေး အကိုလေး မာန် ။ အင်းလာသွားသေးတယ်ထင်တယ် မမ " စကားတွေကို ပလောင်းပလဲနဲ့ ယောင်နနပြောနေတဲ့ ပူစူးကို ဖြူ့စိတ်ထဲထူးဆန်းတယ်လို့ထက်မိတာတော့အမှန် ...

"ထင်တယ် ဟုတ်လား ၊ ပူစူးစကားကဘယ်လိုကြီးလဲ "

"ဪမမလေး ဟင်းချိုတွေတော့ အေးကုန်တော့မှာပဲ ၊ ပေးပေး ပိစိလေးကို ပူစူးကိုပေး ၊ ထမင်းစားလိုက်နော် " သူမရှေ့ကနေ ရှောင်ထွက်သွားခဲ့တဲ့ ပူစူးကို သူမနားမလည်နိုင်ပါ ...

🐣🐣🐣🐣

ဒီနေ့ သူမဆေးရုံကဆင်းရတဲ့နေ့ဖြစ်သည် ။ ပူစူးမက အိမ်ကကားနဲ့ ဖြူတို့သုံးယောက်ကို လာခေါ်လိမ့်မယ်ဆိုလို့ သုံးယောက်သား ကားစောင့်နေရသည်က နာရီဝက်လောက်ကြာသည် ။ ဘာပဲဖြစ်ဖြစ်ပါလေ အိမ်တော့ပြန်ရောက်ခဲ့ပြီပဲ ၊ သူကိုယ်တိုင်လာမကြိုပေမယ့် ဖြူတို့သားအမိကို ဆေးရုံမှာတင်ပစ်မထားဆိုတဲ့ အသိနဲ့တင်ကျေနပ်ပါသည် ။

အိမ်ရောက်တော့ သူများရှိလေမလားဆိုတဲ့စိတ်နဲ့ အပူတပြင်းသူမသူ့ကိုရှာခဲ့မိပါတယ် ။ အရိပ်တောင်ရှာ‌မတွေ့တာကြောင့် ဖြူ့ရဲ့အခန်းထဲကိုပဲ ဝင်နေလိုက်တော့သည် ။ ဖြူအခန်းထဲမှာလည်း ပူစူးမဆင်ပေးထားသည်ထင်ပါရဲ့ ပုခက်ကလေးက အဆင်သင့်ရှိနေသည် ... သမီးလေးကတော့အိပ်နေလိုက်တာ ကြက်ပေါက်ကလေးအိပ်နေတဲ့အတိုင်းပါပဲ ...

👶👶👶👶

မာန်တစ်ယောက် ဒီနေ့အလုပ်လုပ်ရတာတော်တော်အဆင်မပြေပေ၊ စိတ်ကဟိုရောက်နေတာလိုလို ဒီရောက်နေတာလိုလိုနဲ့ ဘာကိုမတင်မကျဖြစ်နေတာလည်းမသိတော့...  ဧည့်ခန်းထဲရောက်တော့ သူ့မျက်လုံးတွေကို ကစားကြည့်လိုက်သည် ၊ နောင် သက်ပြင်းတစ်ချက်ချပြီး လှေကားပေါ်တက်မည့်ဆဲဆဲ ...

"အူဝဲ...အူဝဲ...အူဝဲ" ခြေလှမ်းတွေက တုံ့ခနဲရပ်တန့်သွားသည် ... ဦးနှောက်က လှည့်မကြည့်ဖို့ပြောနေပေမယ့် ခြေလှမ်းတွေကတော့ ငြင်းဆန်နေသယောင် ... သူ့ကိုယ်သူ ထိုအခန်းရှေ့ဘယ်အချိန်ရောက်သွားတယ်ဆိုတာတောင်မသိလိုက် သူသတိဝင်တဲ့အချိန်မှာ သူက ပုခက်ထဲက နီတာရဲကြက်ပေါက်ကလေးကို ငုံ့ကြည့်မိနေလေပြီ...

သူ့ရဲ့နှုတ်ခမ်းတွေ တခြမ်းကွေးညွှတ်သွားသည်ကိုသူသတိမထားမိလိုက် ... ခုနက အာပေါက်အောင်အော်ငိုနေတဲ့ကလေးမလေးက သူ့ကိုမြင်တာနဲ့ အငိုတိတ်ကာ ဝိုင်းဝိုင်းစက်စက်မျက်ဝန်းလေးတွေနဲ့ သူ့ကိုကြည့်နေလေတော့သည် ... သူဒီကလေးမလေးကို ထိတွေ့ချင်မိသည် ... တစ်‌ခါလောက်ပဲ တစ်ခါလေးဖြစ်ဖြစ်ပါ ... သူ့ရဲ့လက်တွေ နီတာရဲလေးရဲ့ ပါးပေါ်ရောက်လုဆဲဆဲမှာ ဦးနှောက်ရဲ့ တစ်နေရာကနေ ပေါ်ထွက်‌လာတဲ့အသံ ..

"ဖေဖေ" မာန်မျက်လုံးတွေကို တင်းကျပ်အောင်ပိတ်ထားလိုက်သည် ။ သမီးလေးခက်ဆစ် ၊ သမီးလေးအပေါ်မှာသူဒီလိုမလုပ်သင့်ဘူး...

နောက်ဆုံးတော့ သူကျောခိုင်းခဲ့ပါတယ် ၊ နီတာရဲလေးကိုပေါ့ ...

နောက်ပြီး အခန်းဝမှာ မျက်ရည်တွေ ဒလဟောစီးဆင်းနေတဲ့ သူမကိုရော ...

ဥပက္ခာတံတိုင်းWhere stories live. Discover now