PART 4 ♡

958 19 0
                                        

"ကျွီးးးးး"

"ဆရာကျွန်မသမီးအခြေနေလေး..."

"စိုးရိမ်စရာတော့ မရှိတော့ပါဘူး လက်ကအရိုးအက်တဲ့ဒဏ်ရာကြောင့်‌ ဆေးရုံမှာသုံးရက်လောက်တော့ နေရမယ် အခုကဆေးအရှိန်ကြောင့် လူနာကမနိုးသေးတာ ဝင်သွားချင်ဝင်သွားလို့ရပါပြီ"

"ကျေးဇူးပါဒေါက်တာ"

"ရပါတယ်ဗျာ ဆရာ့ရဲ့သမီးဆိုတာကကျွန်တော့်ရဲ့တူမလိုပါဘဲဆရာလဲ အရေးကြီးတဲ့ခွဲခန်းမှာမို့ပါ ခနနေရောက်လာပါမယ် ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါ‌အုံးဗျ"

"ဟုတ်ပါပြီဒေါက်တာ"

"မေမေ! မမရောဟင်"

အခန်းရှေ့တွင်မမထိပ်ထားရဲ့အမေနဲ့ဒေါက်တာတို့စကားပြောတာကိုပင်နားထောင်ကာရပ်နေမိသည်။ထိုစဉ်အပြင်ကနေပြေးဝင်လာသောအသံကြောင့်လှည့်ကြည့်မိလိုက်ရာအံ့ဩစွာနဲ့ကြည့်နေသူမှာဂျူလီပင်။

"အစ်မ...."

"မောင်လေး..."

နှစ်ယောက်သားမှာအံ့ဩစွာနဲ့။မမထိပ်ထားရဲ့မေမေကတော့အခန်းထဲဝင်သွားနှင့်ပြီလေ။ဒဏ်ရာမှာအရမ်းမပြင်းထန်တာကြောင့်သက်ပျင်းလေးတစ်ချက်ကိုချနိုင်ခဲ့ပြီ။

"မမနဲ့သိတာလားအစ်မက"

"သိတယ်ထက်ရင်းတောင်ရင်းနှီးနေကြပြီလေမောင်လေးရဲ့"

ကြားကနေဟန်နာကဝင်ယောင်နေခြင်းပင်။

"အော် အဲ့တာဆိုလဲအထဲဝင်ကြမယ်လေလာအစ်မ"

"မ...မဝင်တော့ပါဘူး။ မမထိပ်ထားဒဏ်ရာမပြင်းထန်တာနဲ့တင်စိတ်အေးပါပြီမောင်လေးရဲ့"

"မဟုတ်တာအစ်မရယ်ရောက်နေပြီဘဲကိုဝင်ကြည့်လိုက်ပါဗျ"

"အေးလေနင်ကလဲအားနာစရာ"

"ဟုတ်ပြီလေဝင်ကြတာပေါ့"

"မေမေ မမကခုထိမနိုးသေးဘူးလား"

မမထိပ်ထားအမေ့၏အကြည့်မှာသူမတို့နှစ်ဦးဆီသို့ရောက်နေသောကြောင့်သျှင်းသူရတစ်ယောက်လျင်မြန်စွာပင်ဝင်ပြောလေသည်။

"မမရဲ့အသိတွေပါ"

"မဂ်လာပါအန်တီသမီးကဂျူလီပါသူကဟန်နာမမထိပ်ထားနဲ့သိတာကတော့သိပ်မကြာသေးပါဘူး"

ချစ်ခြင်း၏သက်ေတ 🌼🤍Where stories live. Discover now