သူရိန်နဲ့ အာကာနှစ်ယောက်နှင့် အတူ ရတီတို့ ရဲ့ စံအိမ်ရှိရာဆီကို ရောက်လာခဲ့ကြသည်။ မဟာ ကားပေါ်နေ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ရတီက အပြေးပွေ့ဖက်ကာ ရင်ခွင်ထဲသို့ ဝင်ပြီး ဆီးကြိုလေသည်။ထိုအရာကို မြင်နေရသည့် ဘေးနားမှာ ရပ်နေကြသည့် သူရိန်နဲ့ အာကာတို့ရဲ့ မျက်ခုံးများက တွန့်ကနဲ့ဖြစ်သွား ၏ ။
"မောင်..ရတီက မောင့်ကို သတိရနေတာ "
မောင့်ရဲ့ ရင်ခွင်ထဲနေ မထွက်ဘဲ ချွဲနွဲ့ကာ ပြောနေမိသည်။
ထိုအချင်းအရာကို အိမ်ပေါက်ဝကနေ ကြည့်ေနသည့် နှင်းဝတ်ရည်ကတော့ လက်သီးဆုပ်ပြီးအံကိုကြိတ်ကာ မဟာတို့ နှစ်ယောက်ကို စူးစူးရဲရဲ ကြည့်နေသည်။
သူရိန်နဲ့ အာကာတို့ နှစ်ယောက်လည်း မဟာရဲ့ ရင်ခွင်ထဲကို ဝင်နေတဲ့ သူမကို ဆွဲခေါ်ထုတ်ချင်နေပြီဖြစ်သည်။
" ရတီက ကိုယ့်ကို ဒီလို မျိုးဘဲ ဖတ်ထားတော့မှာလား ... အိမ်ထဲကို မဝင်ခိုင်းတော့ဘူးလား."
" အယ် ,ဟုတ်သားဘဲ ... မေ့နေတာ
...လာလာ မောင်.."ရတီကတော့ မဟာ့ရဲ့ လက်မောင်းကိုဆွဲကာ စံအိမ်ထဲကို ခေါ်သွားခဲ့သည်။ မဟာလည်း ရတီဆွဲခေါ်ရာနောက်သာ လိုက်သွားသည်။
စံအိမ်ထဲကို နှစ်ယောက်အတူ ဝင်သွားတာ ကို မြင်တော့ သူရိန်နဲ့ အာကာတို့ နှစ်ယောက်လည်း မဟာအနောက်ကနေ စံအိမ်ထဲကို လိုက်ဝင်မည်လုပ်နေစဉ် တံခါးပေါက်မှာစောင့်နသည့် သက်တော်စောင့်များက သူတို့နှစ်ယောက်ကိုတားလာလေသည်။
"သခင်လေးကလွဲပြီး ကျန်တဲ့ လူတွေ ဝင်ခွင့်မရှိပါဘူး "
"ငါတို့က လုံခြုံရေး အရလိုက်လာရတာဘဲ ... "
အာကာက အဲ့လို မျိုးဝင်ပြောလိုက်သော်လည်း တစ်ဖက်က လူတွေက တုတ်တုတ်မျှတောင်မလှုပ်ဘဲ ဆက်လက် ရပ်နေမြဲ ရပ်နေလေသည်။
မဟာက သူအနောက်ကနေ အသံတွေကိုကြားလိုက်ရသည့် အတွက်ဘကြောင့် အသံကြားရာဆီကို မဟာက လှည့်ကြည့်လိုက်သည်။
ထို့နောက် မဟာက ရတီရဲ့ လက်ကို တွဲလျှက်ပင် သူရိန်တို့ နှစ်ယောက်ရဲ့ အရှေ့ကို ရောက်လာပြီး
YOU ARE READING
ချစ်ခြင်း သစ္စာ (Complete)