အခန်း (၆)

7.8K 115 0
                                        

အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာခဲ့တာ အခုဆိုရင်သူမ မွေးဖွားဖို့ ရက်ပိုင်းလောက်သာလိုတော့သည် ။ သူမရဲ့ ခြေထောက်တွေကလည်းမွေးဖွားချိန်နီးလာတာနဲ့အမျှ ဖောင်းပွကာရောင်နေလေတော့ သွားရေးလာရေးမှာ အတော်အခက်ကြုံရသည် ။ ဒါပေမယ့် လွန်ခဲ့တဲ့လက အိမ်ကိုအသစ်ရောက်လာတဲ့ ကောင်မလေးတစ်ယောက်ရှိသည် ။  နယ်ကနေတက်လာတာလို့ပြောပြီး သူမကိုလည်းအလွန်ခင်သည် ။ မိန်းကလေးဖြစ်တဲ့ ပူစူးမလေးက သူမအနားမှာ သူမလိုသမျှကိုမေးစမ်းပြီး မငြီးမငြူလုပ်ပေးရုံသာမက ညဘက်တွေကို သူမနားမှာခေါ်သိပ်ရသည်အထိ သူမတို့နှစ်ယောက် အရမ်းရင်းနှီးလာခဲ့သည် ။  ၁၆ နှစ် သာရှိ‌ သေးတာကြောင့်သူမအတွက်တော့ညီမလေးတစ်‌ေယာက်ရ‌လိုက်သလိုပင် ... တစ်ဆက်တည်းမှာပဲ ပညာသင်ရမယ့်အချိန်မှာ ဒီလိုမျိုးရုန်းကန်နေရတဲ့ သူ့ကိုမြင်တော့ အတော်စိတ်မကောင်းဖြစ်မိသည် ။ သူမရဲ့ဘဝကိုတောင် ပြန်မြင်ယောင်လာသလိုပင် ...

"မမရေ မမ ဒီနေ့ မမ စားချင်တာရှိလားဟင် ။ ပူစူးမဒီနေ့ ဈေးသွားရင်ဝယ်ခဲ့မယ်လေ "

"ဒီနေ့ အချဉ်ပေါင်းလေးနည်းနည်းလောက်ဝယ်ခဲ့ပေးပါ ပူစူးရယ် ၊ မမပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံရှိတယ် ညီမလေး ယူသွားလိုက် " သူမလဲသူမရဲ့ အချို့ကိစ္စတွေနဲ့ ကလေးရဲ့ ‌ပစ္စည်းတွေကို ဝယ်ဖို့သူမရဲ့ပိုက်ဆံကိုပင်သုံးတော့သည် ။ ဆေးရုံကိစ္စတွေဘာတွေကိုတော့ အန်တီကအကုန်တာဝန်ယူထားပြီး  အဝေးကနေသာ သူမကိုပိုက်ဆံလှမ်းပို့သည် ။ ဒါပေမယ့် သူအန်တီ့ရဲ့ပိုက်ဆံတွေကိုမသုံးဘဲ သပ်သပ်သိမ်းဆည်းထားကာ သူမရဲ့ လုပ်အားခနဲ့သာ ကလေးရဲ့ ဝေယျာဝစ္စတွေလုပ်ဖို့ စဉ်းစားထားသည် ။။

"တော်ပါပြီ မမရဲ့ ပူစူးမဒီနေ့ အိမ်တော်ထိန်းကြီးဆီကနေ အလုပ်လုပ်တာတော်လို့ဆိုပြီး မုန့်ဖိုးရလာတယ်သိလား ၊ ဒီနေ့ပူစူးမ ဝယ်ကျွေးမယ်နော်"

"နေပါစေ ပူစူးရယ် ...ဟဲ့ ...နေဦးလေ ပူစူးရဲ့ " သူမပြောတာကို အဆုံးထိနားမထောင်ဘဲ အပြင်ပြေးထွက်သွားတဲ့ ပူစူးကိုကြည့်ပြီး မျက်နှာမှာ အပြုံးရိပ်တို့သမ်းလာရသည်...

ဥပက္ခာတံတိုင်းWhere stories live. Discover now