မာန်တစ်ယောက် သူ့ရဲ့ ခယ်မဖြစ်ခဲ့ဖူးတဲ့ ဝဿန်မိုးကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချမိသည်။ တကယ်တော့ သူ ဝဿန်ကို ငယ်ငယ်လေးကတည်းကသိခဲ့တာပင် ။ တကယ်တော့ မိုးတို့အိမ်နဲ့ သူတို့အိမ်က အရင်ကအရမ်းရင်းနှီးခဲ့ကြသည် ။ ထိုအချိန်က မိုးနဲ့သူက ရွယ်တူတွေဆိုပေမယ့် ဝဿန်လေးက သူတို့ထက် သုံးနှစ်ငယ်သည် ။ ကလေးချစ်တတ်တဲ့ သူ့အတွက်ေတာ့အဲ့တုန်းက ထီဆုကြီးပေါက်ခဲ့သလိုပင် ။ ငယ်ငယ်က အရောင်လဲ့နေတဲ့ မျက်ဝန်းကြီးတွေနဲ့သူ့ကို ကြည့်နေကျ ဒီမျက်ဝန်းတွေက အခုတော့ သူမမဟုတ်တော့သလိုပါပဲ ။ သူတို့မိသားစုနှစ်ခုက အချိနိအတော်ကြာအတူနေအတူစားခဲ့ပြီး တစ်နေ့ သူတို့မိသားစု အမေရိကန်ကိုပြောင်းဖို့ကြုံလာရသည် ။ အဲ့နေက ဝဿန်ချောင်းပေါက်မတတ်ငိုနေခဲ့တာကိုသူ ရှင်းရှင်းလင်းလင်းကြီးမှတ်မိနေဆဲပါ ။ဒီလိုနဲ့ အချိန်တွေကြာ သူလည်းအရွယ်ရောက်ပြီး မြန်မာပြည်ကို ပြန်လာတော့ ဝဿန်ဟာ တစ်ခြားတစ်ယောက်လိုပုံစံပြောင်းသွားတာကိုသတိထားမိသည် ။ ဘာကြောင့်လဲမသိပေမယ့် ဝဿန်ရဲ့ တခြားတစ်ယောက်လို ပြောင်းလဲမှုကြောင့် သူနဲ့မိုး ပိုမိုနီးစပ်ခဲ့ခြင်းလည်းဖြစ်သည် ။
"ကိုကို မမကိုမေ့ပြီး အဲ့မိန်းမနောက်ပါမသွားရဘူးနော် "
"ဝဿန်စိတ်ပူဖို့မလိုပါဘူး အကို့ရင်ထဲမှာ မိုးနဲ့ကိုယ်တို့သမီးလေးပဲရှိတယ် ။ တခြားဘယ်သူ့ကိုမှ ကိုယ့်ဘဝထဲအဝင်မနိုင်ဘူး " မာန်ပြောပြီးတာနဲ့ ကော်ဖီခွက်ကို ကိုင်ကာ သောက်ရန်ပြင်လိုက်သည် ။
"ကိုကို့ သွေးသားရင်းတောင်မှလား ၊ အဲ့မိန်းမက အကို့ကလေးကို လွယ်ထားရတာပဲမလား " ဝဿန်သူ့ကိုသွေးစမ်းနေရခြင်းဖြစ်သည် ၊ ဘယ်သူမဆို သွေးသားဆိုတဲ့ အတွေးက တုန်လှုပ်စေတာပဲမလား ။ ဒီကလေးအပေါ်မှာ ကိုကို ဘယ်လိုစိတ်မျိုးထားတယ်ဆိုတာသူမသိဖို့လိုသည် ။ မာန် သောက်ဖို့လုပ်နေတဲ့ ကော်ဖီခွက်ကို မသောက်ပဲ ပြန်ချထားလိုက်ပြီး ဝဿန်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည် ။
"ဝဿန် ညီမလေး နားရောအဆင်ပြေလားဟင် ၊ အကို စောနကပြောလိုက်တယ်မလား အကို့မှာသမီးလေးတစ်ယောက်ပဲရှိတယ် သူ့နာမည်က ခက်ဆစ်မိုး ။ ကဲ အကို အိမ်ပြန်လိုက်ပို့မယ်" မာန် ကော်ဖီကို ဆက်မသောက်ပဲ ကားသော့ယူပြီးထွက်လာခဲ့သည် ၊ သူ မမြင်ခဲ့တာက ဝဿန်ရဲ့ evil smile ကိုပါ ။
🥀🥀🥀
မာန်တစ်ယောင် ဒီနေ့အိမ်ကို ည ကိုးနာရီလောက်မှပြန်ရောက်သည် ။ လုပ်လက်စအလုပ်တွေကို လက်စသတ်ရင်း ဦးနှောက်ထဲမှာပြည့်နေတဲ့ သူ့ရဲ့ ဘဝနဲ့ပက်သက်တဲ့ အတွေးတွေကြောင့်လည်း အလုပ်က နောက်ကျသွားခြင်းဖြစ်သည် ။ ဒီလိုနဲ့ သူအိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာ အိပ်ငိုက်နေတဲ့ ပုံရိပ်ပေါ်ဆီကျရောက်သွားရသည် ။ သူ့ကိုအမြဲတမ်း ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ပြီးစောင့်တတ်တာသူ့အကျင့်များဖြစ်နေတာလားမသိပါဘူး ။ ဆိုဖာပေါ်မှာ ထိုင်လျှက်အိပ်မောကျနေတာဖြစ်တဲ့အတွက် သူမရဲ့ပူဖောင်းဖောင်းဗိုက်ကလေးက အထင်းသားပေါ်နေသည် ။ မာန်တစ်ယောက် သူမသိလိုက်ခင်မှာပင် သူမနားရောက်သွားလေရာ မသိစိတ်နဲ့ပင် လက်တွေက ပူဖောင်းနေတဲ့ဗိုက်ကလေးပေါ်ရောက်လျက်သားဖြစ်သွားသည် ။ ဗိုက်ပေါ်တင်ထားတဲ့ လက်ကနေ အားပြင်းတဲ့ ကန်ချက် တစ်ခုကိုခံစားလိုက်ရတာကြောင့် ရင်ထဲအနည်းငယ်တော့ နွေးထွေးသွားမိသည် တစ်ဆက်တည်းမှာပဲ သမီးလေးခက်ဆစ်ရဲ့ ငယ်ဘဝပုံရိပ်တွေကို မြင်ယောင်လာရသည် ။ သမီးရဲ့ ပထမဆုံးခြေလှမ်းလေး ၊ အပြုံးလေး ဒါတွေ အကုန်လုံးက အခုတော့ ...
လက်တွေကိုပြန်ရုတ်သိမ်းကာ ခြေလှမ်းတွေက ထိုမိန်းမနဲ့ကလေးရှိရာကနေ ဝေးရာဆီသို့...
"မင်းဟာငါ့ကလေးဖြစ်ချင်ဖြစ်လိမ့်မယ် ဒါပေမယ့် မင်းဟာ မင်းအမေရဲ့ ကလေးဖြစ်နေတဲ့အတွက်မင်းကိုလည်းငါခွင့်မလွှတ်နိုင်ဘူး "

YOU ARE READING
ဥပက္ခာတံတိုင်း
Romanceသမီးလေးကို ဖြူ့လို ဥတစ်လုံးတစ်ကောင်ကြွက်မဖြစ်စေချင်လို့ အကို့ကို ကပ်တွယ်မိခဲ့တာပါ။ ဖြူ့ရဲ့ အမှားကို ဖြူသိသလို ဖြူကိုယ်တိုင်လည်း အဲ့ အမှားကို ပေးဆပ်မှာပါ ... ဒါပေမယ့် အကိုရယ် အကို့ သွေးသားလေးကိုတော့ အကို့ရဲ့ နွေးထွေးမှုလေး နည်းနည်းတောင် မပေးနိုင်ဘူး...