Part-15

10.6K 199 4
                                        

ချစ်ရပါသောကလေးငယ်

Part-15

"ယုယနွယ်နီ"

မဟာ မျက်လုံးရှေ့ကမိန်းကလေးကိုမယုံနိုင်တဲ့အကြည့်တွေနဲ့ကြည့်နေမိသည်။နွယ်နီကဘယ်လိုလုပ်ပြီး။

"နေကောင်းကျန်းမာပါရဲ့လားဒယ်ဒီ မာမီ"

နွယ်နီ မွေးစားမိဘနှစ်ပါးကိုလက်အုပ်လေးချီကာနှုတ်ဆက်လိုက်သည်။ကိုကိုဘေးမှာတော့သမီးနဲ့ရွယ်တူကောင်မလေးတစ်ယောက်ရပ်နေကာသူမကိုမျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေသည်။

ငယ် မျက်စိရှေ့ကမြင်ကွင်းကိုမယုံနိုင်ပေ။တစ်ကယ်ကြီး တစ်ကယ်ကြီးလုံးလုံးရဲ့မာမီဦးရဲ့ဇနီးဟောင်းကြီးဖြစ်နေသည်။

မဟာကြည့်နေစဥ်အတွင်းသမီးကသူ့ကိုမျက်ရည်တွေစီးကျကာပြေးဖက်လာသည်မို့ပြန်လည်ဖက်တွယ်ထားလိုက်သည်။နွယ်နီရဲ့အနောက်ကနေမဟာရဲ့အစ်ကိုမင်းဓနထင်ကပေါ်လာသည်။

"ဓန"

လုံး ရှိုက်သံလေးတွေပါထွက်ကာငိုရင်းဒယ်ဒီကိုဖက်ထားသည်။အချိန်ကြာကြီးထိဖက်ထားတာကြောင့်ဧည့်ခန်းထဲတိတ်ဆိတ်နေသည်။

"ဒယ် ဒီ"

"အင်းပြောလေသမီးဒယ်ဒီရှိတယ်"

လုံး မာမီနဲ့ဦးဦးကိုတစ်ချက်လှမ်းကြည့်ပြီးဒယ်ဒီဘက်အကြည့်လွှဲလိုက်သည်။

"လုံး လုံးက"

"အင်း သမီးကဘာဖြစ်လဲ"

"လုံးက လုံးကဒယ်ဒီသမီးအရင်းမဟုတ်ဘူး"

"ဘာရယ် သမီးဘာတွေပြောနေတာလဲမဟုတ်တာတွေ"

"အဟင့်....အီးဟီး လုံးတစ်ကယ်ပြောနေတာဒယ်ဒီ ဒယ်ဒီကလုံးရဲ့အဖေအရင်းမဟုတ်ဘူး"

မဟာသမီးကိုကိုင်ထားတဲ့လက်တွေတုန်ယင်လာကာသူ့ရှေ့ကနွယ်နီကိုကြည့်တော့လည်းမျက်နှာတွေပျက်နေသည်။

ငယ်နဲ့ဒေါ်သီရိနွယ်တို့လင်မယားလည်းပွဲကြည့်ပရိသတ်သာ။

"သ သမီးလေးဘာတွေပြောနေတာလဲသမီးရဲ့ သမီးကဒယ်ဒီသမီးအရင်းပါ"

လုံးမျက်ရည်စီးကြောင်းတွေကိုပွတ်သုတ်ကာမာမီတို့ဘက်ငိုမဲ့မဲ့လေးနဲ့ကြည့်ရင်း

~ချစ်ရပါသောကလေးငယ်~Where stories live. Discover now