အခန်း (၄)

7.3K 103 0
                                        

"ဟို ဟိုလေ မဖြူ " တစ်ခါမှ စကားမထစ်ဘူးတဲ့ စုစုက စကားထစ်နေတဲ့အတွက် နည်းနည်းတော့ကြောင်သွားမိသည် ။ နောက်ပြီး ဧည့်သည်ဆိုပါလား သူမဆီကို ဧည့်သည်လာစရာမရှိပါ ..

"ဘယ်သူလဲဟင် စုစု "

"ဟို...ဟိုလေ အဲ့ဒါက "

"အရင်မမလေးရဲ့ ညီမပါ"

အရင်မမလေးရဲ့ညီမဆိုတော့ အို... မမိုးမခရဲ့ညီမကိုပြောတာပဲ သူကသူမကို ဘာလို့တွေ့ချင်ရဝာာလဲ ၊ သူမလည်း ရှည်ရှည်ဝေးဝေးတွေးမနေဘဲ ထွက်တွေ့ဖို့ဆုံးဖြတ်လိုက်သည် ...

ဖြူ ဧည့်ခန်းထဲ‌ရောက်တော့ ဖြူဖြူလှလှ မိန်ကလေးတစ်ယောက်က သူမကို စူးရဲတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကိုတွေ့လိုက်ရသည် ။ သူမ သူတို့ကိုတွေ့တော့ အတိတ်ကသူတို့သူမကို ဘယ်လောက်ထိမုန်းတယ်ဆိုတာကို ပြန်တွေးမိပြီး ကျောချမ်းမိတာတော့အမှန်ပါ

ဟေမန်တစ်ယောက် ဗိုက်ပူဖောင်းဖောင်းနဲ့ ထွက်လာတဲ့ ထိုမိန်းကလေးကိုမြင်တော့ အမမိုးမခကိုမြင်‌‌ေယာင်မိသည်မိသည် ။ တကယ်တော့ သူမအနေနဲ့ ဒီမိန်ကလေးနဲ့ ထပ်တွေ့ဖို့ဆန္ဒမရှိသလို ထပ်ပြဿနာရှာဖို့လည်း စိတ်ကူးမရှိပေ ။ဒါပေမဲ့ အခြေအနေတွေပေးလာတော့လည်း...

"ဟို ...မင်္ဂလာပါရှင့် "

"ငါ့အတွက် နင်ကမင်္ဂလာရှိတဲ့ပုံပေါ်နေလို့လား" ဝဿန်မိုးသူမရှေ့ကမိန်းမကို စောင့်စောင့်အောင့်အောင့်ပြောလိုက်သည် ။  ဖြူ့ကိုယ်လုံးလေးက ကျုံ့သထက်ကျုံ့သွားကာ ခြေလှမ်းတွေကိုလည်းမသိမသာနောက်ဆုတ်မိသွားသည် ။

"ဟို ကျွန်မကိုတွေ့ချင်တယ်ဆိုလို့..." ဝဿန်မိုး မျက်နှာကို ရှုံ့တွန့်ပြလိုက်ပြီး ..

"မရှက်ဘူးလားဟင် ၊ နင့်လိုမျိုး လူသတ်သမားက ကိုကို့ ကလေးကိုလွယ်ထားရလို့ဆိုပြီး ဒီအိမ်ပေါ်တက်လာတာ " ဖြူစိတ်ကိုတင်းထားလိုက်သည် ၊ ဘာပဲပြောပြောဒါပထမဆုံးအချိန်မှမဟုတ်တာ ...

"ဪ ဘာမှပြန်မပြောတတ်တော့ဘူးလား ၊ ရုပ်ကိုက သနားကမားနဲ့ ဟွန်း "

"ဧည့်သည်ကို ဘာမှမဧည့်ခံတော့ဘူးလား အဟင်းဟင်း "

"ဟို ဘာသုံးဆောင်မလဲဟင် " ဖြူကပျာကယာမေးလိုက်သည် ၊ အိမ်မှာရှိတဲ့ အိမ်အကူလေးတေ‌ွကတော့ သူမတို့ကို ချောင်းကြည့်လိုက် ကွက်ကြည့်လိုက်နဲ့ တော်တော်အလုပ်ရှုပ်နေပုံပေါ်သည် ။

ဘောလုံးကို ပူဖောင်းနေသော ဗိုက်ကိုကြည့်ကာ ဝဿန်မဲ့ပြုံးပြုံးလိုက်သည် ။

"ကော်ဖီ ဪ တို့က မင်းဖျော်ပေးတာကိုသောက်ချင်တာနော်" စကားတစ်ခွန်းနဲ့တင် ဖြူတစ်ယောက်မီးဖိုချောင်ထဲ ရောက်သွားရသည် ။ အရေးကြီးနေပါတယ်‌ဆိုမှာ ကော်ဖီမှုန့်ဘူးက ဗီရိုအမြင့်ထဲထည့်ထားလို့ အရပ်ပုတဲ့သူမမမှီနိုင်ပေ.. စုစုကလည်း‌ေပျာက်သွားကာဘယ်‌ေရာက်‌ေနမှန်းမသိ ဘယ်သူမှလဲသူမကို မကူတာမို့ ခုံလေးတစ်လုံးယူကာ ယူဖို့ပြင်ရတော့သည် ။ ဒါတောင် မမှီနိုင်သေးပေ ... ဗိုက်ကလေးကို လက်တစ်ဖက်နဲ့ပိုက်ကာခြေဖျားထောက်ပြီး ယူဖို့ကြိုးစားရလေသည် ။ ထိုစဉ် မိးဖိုချောင်ထဲကို လူဝင်လာသံကြားရသည်မို့ ဝမ်းသာအားရလှည့်ကာ အကူအညီတောင်းဖို့ကြည့်လိုက်တော့ ....

"အကိုလေး!"  ‌

ဖြူသူမကို မျက်မှောင်ကြုံ့ကြီးနဲ့ ကြည့်နေတဲ့ သူ့ကြောင့် လန့်သွားမိတာတော့အမှန် ၊ ဒီလတွေအတွင်းမှာ သူကသူပြောတဲ့အတိုင်း သူမနဲ့ လုံးဝကင်းကင်းရှင်းရှင်းနေသည် ။ ကိုယ်ဝန်အတွက် ဆရာဝန်ရက်ချိန်းတွေဆိုလည်း မလိုက်သလို သူမကို အိမ်မှာမျက်နှာချင်းဆိုင်းတွေ့ရင်တောင် မမြင်ချင်ယောင်ဆောင်နေတတ်သည် ။ သူမကလည်းညဘက်သူအလုပ်ကပြန်လာမည့့်အချိန်ဆိုရင်မသိမသာ စောင့်တာကလွဲ သူတို့ကြားမှာဘာဆိုဘာမရှိပေ ...ဒါပေမဲ့လည်း အခု ကော်ဖီဘူးက သူယူပေးမှအဆင်ပြေမညိမို့ ...

"ဟို အကိုလေး ...ကော်ဖီဘူးလေးယူပေးလို့အဆင်ပြေလားမသိဘူး"

ဖြူ သူမလက်ကလေးတွေနဲ့ စိတ်လှုပ်ရှားစွာ ကစားနေမိသည် ။ နောက်တော့သူမကို အင်းမလုပ်အဲမလုပ်ပြန်ထွက်သွားသောသူ့ကြောင့် မျက်ဝန်းလေးတွေမှာမျက်ရည်စတွေတွဲခိုစပြုနေလေပြီ ...ကော်ဖီဘူးက‌လဲမမီ နောက်ဆုံးအန္တရာယ်ရှိနိုင်တာမို့ အောက်ဆင်းပြီးလူခေါ်ဖို့ဆုံးဖြတ်လိုက်သည် ...

သူမအရှေ့ကိုထွက်လာတော့ ဟိုမိန်းကလေးက စောနက နေတဲ့နေရာမှာမရှိတာကြောင့် ဘေးနားကကောင်မလေးကိုမေးလိုက်တော့ သခင်လေးက‌မုန့်ကျွေးမယ်ဆိုပြီးခေါ်သွားတယ်တဲ့ သူမပါးစပ်ထဲကထွက်လာနိုင်တဲ့စကားကတော့

"ဪ"

ဥပက္ခာတံတိုင်းWhere stories live. Discover now