"ဒီကလေးကလည်း အကို့ကလေးပါပဲ " ဖြူ ရှိုက်သံလေးနဲ့ ပြောနေမိသည်
"အဟက်...သဒ္ဒါဖြူ မင်းကတော်တော်တုံးတဲ့ မိန်းမပဲ တကယ်လို့ မင်းသာကိုယ်ဝန်ရှိကြောင်းကို ငါ့အမေကိုမဟုတ်ဘဲ ငါ့ကိုလာပြောခဲ့ရင်လေ မင်းကိုယ်ဝန်ကိုဖျက်ချခိုင်းမှာကွ !!" ဖြူ့ပါးပြင်ပေါ်မှာ ချောင်းရေအလားမျက်ရည်တွေကတော့ဒလဟောစီးဆင်းလို့သာနေတော့သည် ။
" ဖြူက ဖြူ့ကို အကိုလေးမကြည်ဖြူနိုင်ရင်တောင် ဖြူ့ကလေးလေးကိုတော့ကြည်ဖြူနိုင်မယ်ထင်လို့ အကိုလေးနဲ့လက်ထပ်ခဲ့တာပါ ၊ အခုအကိုလေးသဘောထားကို သိလိုက်ရပြီဆိုတော့ အကိုလေးနဲ့ကွာရှင်းပါ့မယ် " ရှိုက်သံကြီးများဖြင့် စကားလုံးလေးတွေ ဗလုံးပထွေးပြောနေသော ထိုမိန်းမကို မာန်ကြည့်၍ ခနဲ့သောအပြုံးဖြင့်
"အဟက် မင်းကငါ့ကိုကွာချင်တယ် ဟုတ်လား ? ငါကတော့ warmly welcome ပဲ ၊ ငါ့မှာမင်းနဲ့ပက်သက်ပြီးဆုံးရှုံးစရာဆိုတာမရှိဘူးကွ မင်းလိုစာမတတ်ပေမတတ်က ကိုယ်လက်မှတ်ထိုးထားတဲ့ စာချုပ်မှာပါတဲ့ အကြောင်းအရာကိုတောင်မသိတာမဆန်းပါဘူး အဟား"
"အကိုလေးဘာပြောချင်တာလဲ ဖြူကဘာကိုလက်မှတ်ထိုးထားလို့လဲ " အလောတကြီးနဲ့သူမလေးမေးနေမိသည် ။ ဟင့်အင်း သူမဘာလက်မှတ်မှမထိုးမိပါဘူး ...
မာန်တစ်ယောက်အိမ်ပေါ်ကို ခြေလှမ်းကြီးများနဲ့တက်သွားပြီး တစ်အောင့်ကြာတော့ပြန်ဆင်းလာကာ လက်ထဲမှာပါလာတဲ့ စာရွက်တွေကို ဖြူ့မျက်နှာရှေ့ပစ်ပေါက်လိုက်သည်
"ကြည့်ကြည့်လေ မင်းမျက်စိနဲ့ !"
ဖြူ စာရွက်တွေကိုကောက်ကာကြည့်ကြည့်တော့
'အကယ်၍ ကျွန်မမသဒ္ဒါဖြူသည် ကိုမုန်းမာန်ရိပ်ကို ကွာရှင်းခွင့်တောင်းဆိုခဲ့ပါက ၊ကျွန်မတို့နှစ်ဦးသဘောတူကွာရှင်းခဲ့ပါက ကလေးကို သူ့ဖခင်၏လက်ထဲကိုသာပေးအပ်ခဲ့ပါမည်'
ဘာတွေလဲ ၊ဒါဘာတွေလဲ သူမ သူမ တကယ်ပဲဒီစာချုပ်ကြီးကိုလက်မှတ်ထိုးခဲ့တာလား ဒါတမင်လုပ်ကြံထားတာပဲ မျက်ရည်တွေက အရင်ကချောင်းပေါက်မတတ်လို့ပြောရင် အခုပင်လယ်ပါဖြစ်နေပါပြီ ၊ ဖြူအားလျော့စွာ ခွေခွေလေးလဲကျမိသွားသည်

YOU ARE READING
ဥပက္ခာတံတိုင်း
Romanceသမီးလေးကို ဖြူ့လို ဥတစ်လုံးတစ်ကောင်ကြွက်မဖြစ်စေချင်လို့ အကို့ကို ကပ်တွယ်မိခဲ့တာပါ။ ဖြူ့ရဲ့ အမှားကို ဖြူသိသလို ဖြူကိုယ်တိုင်လည်း အဲ့ အမှားကို ပေးဆပ်မှာပါ ... ဒါပေမယ့် အကိုရယ် အကို့ သွေးသားလေးကိုတော့ အကို့ရဲ့ နွေးထွေးမှုလေး နည်းနည်းတောင် မပေးနိုင်ဘူး...