အခန်း(၂)

9.1K 143 0
                                        

"မိုး ...မိုး မသွားပါနဲ့ မိုးရေ " ဆူညံစွာ ငြီးတွားနေတဲ့ အသံကြောင့် သူမအိပ်ရာမှ နိုးထလာခဲ့မိသည် ။ သူမကြည့်လိုက်တော့ကုတင်ထက်မှာ ယောင်ရမ်းအော်နေတဲ့ မာန့်ကိုတွေ့လိုက်သည် ။ မာန်ရဲ့ လက်တွေက ဆန့်တန်းထားပြီး တစ်စုံတစ်ယောက်ကို တားနေသည့်ဟန်  ၊ ပါးစပ်ကလည်း ယောင်ရမ်းရေရွတ်လို့နေသည် ။

'သ..သမီးလေး ' ဖြူသိလိုက်ပါပြီ သူ သူ့မိန်းမနဲ့သူ့ကလေးလေးအကြောင်းကို အိပ်မက်မက်နေတာပဲ ။ သူ့ကိုကြည့်ရင်း ဖြူ့ရင်ထဲ ဂရုဏာသက်မိလာရသည် ။ လက်ကလေးကို ဆန့်တန်းကာ ထွက်မသွားပါနဲ့ တောင်းဆိုနေတဲ့ သူ့ကို မကြည့်ရက်တော့တာကြောင့် ကုတင်ပေါ်တက်ကာ သူ့လက်ကလေးကို ဆုပ်ကိုင်ထားမိသည် ။ သူမကလည်း အိပ်မက်ဆိုးတွေနဲ့ ရှင်သန်နေခဲ့ရသူမဟုတ်လား ။ ငယ်ငယ်က သူမအိပ်မက်ဆိုးမက်ရင် အနားမှာ ဖေးမကူညိမယ့်သူမရှိ သူမတစ်ယောက်တည်း မျက်လုံးတွေနာတဲ့ အထိငိုယိုကာ မိုးလင်းခဲ့ရသည် ။ ထိုအချိန်တွေကို ပြန်တွေးမိတိုင်း ဘေးကနေ သူ့ကို ပိုပြီး နှစ်သိမ့်ပေးချင်မိတာအမှန်ပါ ။ သူမ သူ့ခေါင်းလေးကို ဖွဖွလေးပွတ်ပေးနေမိသည်။ သူ့ရဲ့ယောင်ရမ်းခြင်းတွေပြီးဆုံးပြီး ပြန်လည်အိပ်မောကျ‌သွားချိန်မှာတော့ သူမရဲ့ အကြည့်တွေက တင်းကျပ်စွာဆုပ်ကိုင် ခံထားရတဲ့ သူမလက်ပေါ်ကိုကျရောက်သွားသည် ‌။ ဪ အကိုလေးရယ် ဘယ်လိုဝဋ်ကြွေးတွေကြောင့်များ ...

မာန်တစ်ယောက် နှစ်ခြိုက်စွာအိပ်ပျော်ပြီး နိုးလာတဲ့သူ့ကိုယ်သူ အံ့အားသင့်မိသည် ။ မိုးနဲ့ သမီးလေးဆုံးပြီးကတည်းက သူညဘက်တွေဆိုကောင်းကောင်းအိပ်မပျော်ပေ ၊ ဘေးဘီကို ဝဲကြည့်လိုက်တော့ ဟိုတစ်ယောက်မရှိမှန်းသတိထားမိလိုက်သည် ။

"မမလေး ကျွန်မတို့လုပ်လိုက်ပါ့မယ် " ဖြူတစ်ယောက် သူမကို မျက်လုံးပြူး မျက်ဆံပြူးနဲ့ လှမ်းတားနေသော အိမ်အကူမလေးကို နွေးထွေးစွာပင်ပြုံးပြလိုက်သည် ။

"ရပါတယ် စုစုရဲ့ အမလုပ်လိုက်ပါ့မယ် နောက်ပြီးလေ အမကို မမလေးလို့မခေါ်ပဲ အမလို့ပဲ ခေါ်ပါနော် " စုစုဆိုတဲ့ ကောင်မလေးက ကြောင်တောင်တောင်နဲ့ ခေါင့်ငြိမ့်ပြရှာသည်။ သူမတို့လည်း ဒီအိမ်မှာ လုပ်ကိုင်ခဲ့တဲ့ အိမ်အကူတစ်ယောက်အနေနဲ့ သိသင့်သမျှကို သိပြီးနေပြိမဟုတ်လား အမှန်အတိုင်းပြောရရင် ကိုယ့်သခင်မကို သေစေခဲ့တဲ့ သူတစ်ယာက်ကို သူမတို့ မခစားချင်ပါ ၊ မမလေး မိုးက ဖော်ရွေပြီး သနားကြင်နာတတ်တဲ့သူမို့ သူမတို့ အိမ်အကူတွေအကုန်ချစ်ကြသည် နောက်ပြီး မီးမီးလေး ၊ မီးမီးလေးက ဒီအိမ်တော်ကြိးရဲ့ အသည်းအသက်လေးပါ ။ မညာတိုင်းဝန်ခံရရင် ဖြူဆိုတဲ့ အမ ဒိအိမ်ကို ခြေချရဲခဲ့တာကို အိမ်အကူတော်တော်များများ မနှစ်သက်ပါ ။ တချို့တွေကို ဖြူ့ရှေ့မှာတောင်မကွယ်ပဲ အတင်းပြောကြသည် ၊ သူမ‌ကတော့ တခြားသူတွေလို ကဲ့ရဲ့ရှုံ့ချခြင်းမရှိပေမယ့် ဖြူ့ကို စိတ်ထဲမကျေနပ်မိတာတော့အမှန်ပါ

ဥပက္ခာတံတိုင်းWhere stories live. Discover now