Part-12

11.8K 218 6
                                        

ချစ်ရပါသောကလေးငယ်

Part-12

ပဲခူးမှာလေးရက်နေပြီးတာနဲ့ရန်ကုန်ကိုပြန်လာခဲ့သည်။ပြန်လာပြီးတစ်ရက်နားပြီးတာနဲ့အလုပ်ထဲနှစ်ယောက်လုံးပြန်ဝင်ကြသည်။

"ဥက္ကဋ္ဌရှင့်....."

"ပြော....."

အခန်းပြင်ဘက်ကခေါ်သံတစ်ခုကြောင့်မဟာထူးလိုက်သည်။

"ဟို လိုင်လီလုပ်ငန်းစုရဲ့CEOရောက်နေပါတယ်"

"ပြန်လွှတ်လိုက်...."

"ရှင် ဟို ဥက္ကဋ္ဌမလာမချင်းမပြန်ဘူးလို့ပြောပါတယ်"

"ကျစ်...."

မဟာ ကျစ်တစ်ချက်သပ်ကာခြေလှမ်းကျဲကြီးတွေနဲ့အပြင်ကိုထွက်လာခဲ့သည်။

"မင်းဆီကနေကိုကို ကိုငါပြန်ယူမှာမဏိကြည်ဖြူငယ်"

"ရှင်လိုချင်တိုင်းယူချင်တိုင်းရအောင်ဦးထင်ကသက်မဲ့ပစ္စည်းမဟုတ်ဘူးဒေါ်လိုင်လီရဲ့"

ငယ် ဦးမင်းလတ်နဲ့အတူအပြန်ကပြန်လာတော့Companyရဲ့ဧည့်ခန်းကျယ်ကြီးထဲဒေါ်လိုင်လီကိုတွေ့လိုက်ရလေသည်။

"အဟက် မသိသေးဘူးထင်တယ်ငါက ကိုကိုရဲ့အချစ်ဦးလေ"

"အချစ်ဦးပဲဖြစ်ခဲ့တာလေအချစ်ဆုံးဖြစ်ခဲ့လို့လား"

"နင် အေငါသတိပေးပြီးသားနော်ခုချိန်ထဲက ကိုကိုနဲ့ကွာရှင်းလိုက်ရင်နင်အချိန်မှီသေးတယ်"

ငယ် ဒေါ်လိုင်လီနားတိုးကပ်ကာအနီးဆုံးရပ်လိုက်ပြီး

"မကွာရှင်းပေးတော့ဘာဖြစ်ချင်လဲ"

"ကောင်မ!ဖြန်း!

"ဟာ"

ငယ် တစ်ဖက်လည်သွားတဲ့ပါးတစ်ဖက်ကိုကိုင်ကာအံ့တွေကြိတ်လာမိသည်။မွေးတဲ့အမေတောင်မရိုက်ဖူးတဲ့ပါးကို။ဒီမိန်းမက။

မဟာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အပြေးလာခဲ့ပေမဲ့အချိန်နောက်ကြသွားပြီ။

"ရှင်ကများကျွန်မပါးကိုရိုက်တယ်ကျွန်မမိဘတွေတောင်မရိုက်ဖူးတဲ့ပါးကို"

~ချစ်ရပါသောကလေးငယ်~Where stories live. Discover now