ချစ်ရပါသောကလေးငယ်
Part-11
၃လခန့်ကြာပြီးနောက်
"ဦးထင် ဘုရားတွေအများကြီးနော်"
"ဘေဘီစိတ်ချမ်းသာပြီလားခု"
"ဟုတ် ဟုတ်"
အလုပ်ခွင့်ယူကာမဟာ သူမလေးသွားချင်နေတဲ့ပြည်ဘက်ကိုအလည်လိုက်ပို့ပေးနေခြင်းဖြစ်သည်။ပြည်ကိုရောက်ပြီးအထင်ကရနေရာတွေထဲလျှောက်လည်ပြီးနောက်ဆုံးမှသာအကောက်တောင် ကိုရောက်လာခဲ့ခြင်းဖြစ်သည်။
တီး....တီး...
"ကျစ် ဘေဘီခဏနော်ကိုယ်ဖုန်းသွားပြောလိုက်အုန်းမယ်"
"ဟုတ်ကဲ့ဦးထင်"
မဟာလည်းဖုန်းကိုကြည့်တော့လိုင်လီဆီကပင်။ဒီမိန်းမဘယ်လိုသိပြန်လဲ။
"ဟယ်လို ကိုကို"
"မင်းကိုအဲ့လိုမခေါ်နဲ့လို့ငါပြောပြီးသားလေစုလိုင်လီထွန်း"
"ဟင့် ကိုကိုကလည်းကိုကိုခရီးသွားတယ်ဆို"
ငယ် လည်းဦးထင်ကိုစောင့်ရင်းတစ်ဖြည်းဖြည်းလျှောက်လာခဲ့သည်။ဘုရားဖူးလာရတာမို့စိတ်ထဲကြည်နူးနေရသည်။လမ်းအဆင်းကြအစ်မတစ်ယောက်နဲ့တိုက်မိလေသည်။
ဘုတ်.....အ့
"ဟာ.....ဆောရီးပါအစ်မ ငယ်မတွေ့လိုက်လို့ပါ....."
"ရပါတယ်..."
"ဘာရတာလည်း ဒီမှာမိန်းကလေးရှေ့ကြည့်လျှောက် ကျုပ်မိန်းမကကိုယ်ဝန်ကြီးနဲ့ချော်လဲသွားရင်ဘယ်လိုလုပ်မလဲ...."
တစ်ဖက်ကငယ်နဲ့တိုက်မိတဲ့အစ်မရဲ့အမျိုးသားဖြစ်ပုံရတဲ့လူကငယ့်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်ကာပြောလေသည်။
ထိုချိန်ဖုန်းပြောပြီးလို့ပြန်လာတဲ့မဟာစကားပြောနေတဲ့သူမလေးတို့နားရောက်လာသည်။တစ်ဖက်ကလူငယ်ကသူ့ဘေဘီလေးကိုမျက်ထောင့်နီကြီးနှင့်ကြည့်နေတာမို့မဟာမျက်မှောင်ကြုတ်ကာကြည့်တော့ဒင်းကပါမျက်မှောင်ကြုတ်လေသည်။
မင်းမောင်ထိုမိန်းကလေးဘေးရပ်လိုက်တဲ့လူကြောင့်နှုတ်ခမ်းမဲ့ကာ

YOU ARE READING
~ချစ်ရပါသောကလေးငယ်~
Romance"ဦးထင်က ငယ့်ကိုမချစ်ပါဘူး၊ငယ်ကသာချစ်ရတာ..." "အထင်တွေလွဲနေပြီဘေဘီကိုယ်မင်းကိုသိပ်ချစ်တာ ..." (Warning)ပါဝင်တာမို့ကြိုက်မှဖတ်ပါ။ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ Uni/Zawgyi Start Date - 31/7/2024 End Date - 1/10/2024