" ရောက်ပါပြီ သခင်လေး "
မဟာ မှိတ်ထားတဲ့ သူ့ရဲ့ မျက်လုံးများကို ဖွင့်လိုက်သည်။ ကားပြတင်းပေါက်ကနေ တစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်သည် ။
သူနှင့် ရင်းနှီး နေသော မဟစံအိမ်တော် ... ။
မဟာထိုင်နေတဲ့ ကားတစ်ဖက်ခြမ်းကို အိမ်တော်ထိန်းက လာဖွင့်ပေးသည်။
" စံအိမ်တော်ကို ပြန်ရောက်လာတာ ကြိုဆိုပါတယ် သခင်လေး မဟာ ... "
အိမ်တော်ထိန်းကတော့ သူပြန်လာတာကို ဝမ်းသာပျော်ရွှင်နေသည့် ပုံစံဖြစ်နေသည်။ မဟာလည်း ပြန်လည် ပြုံးပြလိုက်ပြီး
"မတွေ့တာတောင်ကြာသွားပြီနော်ဦးလေး...."
မဟာက အိမ်တော်ထိန်းကို ပြောလိုက်သည်။
" ဟုတ်တာပေါ့ သခင်လေးရယ်...သခင်လေးလဲ အရင်နဲ့ မတူတော့ သလို ခံစားရတယ် ပြောင်းလဲ သွားသလို ဘဲ ... "
အိမ်တော်ထိန်းရဲ့ စကားကို ကြားတော့ မဟာပြုံးမိသည်။ ထို့နောက် သူတို့ ရဲ့ စံအိမ်ကို ကြည့်လိုက်သည်။
အရင်တုန်းကလို မပြောင်းမလဲ တည်ရှိနေတဲ့ အိမ်တော်ကြီးရယ် ခြံဝန်းကြီးရယ် အထီးကျန်မှုတွေရယ် ... အားလုံးထဲမှာ ပြောင်းလဲ သွားတဲ့ တစ်ခုတည်းသော အရာကတော့ သူ့အပေါ်မှာ ထားတဲ့ အစ်ကို့ရဲ့ အချစ်တွေက ပြောင်းလဲသွားသလို အစ်ကို့အပေါ်မှာထားတဲ့ သူရဲ့ အချစ်တွေကလည်း ပြောင်းလဲသွားခဲ့ပြီ...။
မဟာ အိမ်တော်ထိန်းကို ထားခဲ့လိုက်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ မဟာ မရောက်တာကြာပြီဖြစ်သည့် သူ့ရဲ့ အခန်းထဲကိုဝင်သွားခဲ့သည်။ထို့နောက်က ကုတင်ပေါ်သို့ လှဲချလိုက်သည်။
'ဒေါက် ဒေါက် '
" ဝင်ခဲ့ "
မဟာ တံခါးပေါက်ကို မကြည့်ဘဲ မျက်လုံးမှိန်ထား လျက်ပင် ဝင်ခဲ့ ဆိုပြီးတော့သာ ပြောလိုက်တော့သည်။ ထို့နောက် သူ့ရဲ့ ခြေဖဝါးက နွေးထွေးတဲ့ အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။
သေချာပါသည်။ ထိုသူက သူရိန်ပင် ဖြစ်သည်။
" သူရိန်..."
YOU ARE READING
ချစ်ခြင်း သစ္စာ (Complete)