P-4

1.7K 71 5
                                        

💗 I'm at your feet 💗
Part - 4

မနက်စာစားနေစဥ် သူ့အကြည့်က အိမ်ပေါ်ထပ်မှ ဆင်းလာသည့် မိုးဥတုကို မြင်လိုက်ရသဖြင့် ပြုံးမိသွားရသည်။ မေမေက နန်းကြီးသုပ်ပို့ခိုင်းလိုက်တာမို့ သူ လာပို့ရင်း အန်တီမိုးက သူ့ပါတစ်ခါထဲ စားသွားခိုင်းနေတာမို့ သူလဲ မနက်စာဝင်စားနေခြင်းပင်။ အန်တီမိုးလက်ရာ ထမင်းကြော်က စားလို့သိပ်ကောင်းတာမို့ သူ့ဆိုအမြဲခေါ်ကျွေးလေ့ရှိသည်။

" ဟော.....သား နိုးလာပြီ။ လာ....စိုင်းလေးတို့အိမ်က နန်းကြီးသုပ် လာပို့ထားတယ်။"

နန်းကြီးသုပ်ဆိုသည့်အသံကြောင့် မိုးဥတု မျက်လုံးတွေလက်သွား၏။ သူက နန်းကြီးသုပ်ဆို သိပ်ကြိုက်သည်။ စိုင်းကိုတစ်ချက်ကြည့်လိုက်ရင်းမှ သူ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။ မေမေပြင်ပေးသည့် နန်းကြီးသုပ်ကို လှမ်းယူလိုက်တော့ သူ့ကိုငေးကြည့်နေသည့် စိုင်းပုံစံကြောင့် မသိဟန်ဆောင်လိုက်မိသည်။ အရင်လိုအကြည့်မျိုးမဟုတ်ပဲ နူးညံ့နေတယ်.......တစ်မျိုးပဲ။ သူ အသားမကျသေးဘူး။ အမျက်ဒေါသတွေထက် နူးညံ့ခြင်းတွေက ပိုရင်ဆိုင်ရ ခက်တာလား။

" မေမေ ဘုရားသွားဝတ်ပြုလိုက်ဦးမယ်...စားကြနော်။"

မိုးဥတု ခေါင်းညိတ်ပြလိုက်သလို သူ့ကိုလာကြည့်နေသည့်စိုင်းအား မေးဆတ်ပြလိုက်၏။ ခပ်တည်တည်ပင် စိုင်းက သူ့ကိုပြန်ဧည့်ခံနေ​သေးသည်။

" စားလေ.....။ "

" စားပါတယ်......မင်းရော.....စာလိုက်နိုင်ရဲ့လား။ "

မိုးဥတုအမေးကြောင့် သူ ခေါင်းညိတ်ပြလိုက်သည်။ တကယ်ဆို ဆေးကျောင်းက သူ့ဝါသနာမဟုတ်ပေမယ့် မိုးဥတုရဲ့အိမ်မက်မို့ သူ့အိမ်မက်ဖြစ်သွားခဲ့တာ။ တကယ်လုပ်ကြည့်တော့ သူဝါသနာတကယ်မပါဘူး......ဒါပေမယ့် ဆေးဘွဲ့တော့ သူရအောင်ယူချင်သည်။ မိုးဥတု ဝမ်းနည်းမှာ သူ မလိုချင်ဘူး....။

မိုးဥတု အချဥ်သုပ်ပန်းကန်ကို စိုင်းအနား တိုးပေးလိုက်သလို ကော်ဖီအိုးထဲမှ ကော်ဖီတစ်ခွက်ငှဲ့ပေးလိုက်၏။ စိုင်းက နဂိုထဲက အစားအသောက် ဇီဇာကြောင်သည့်အထဲပါသည်။ သူမကြိုက်လျှင် မစားပဲအငတ်ခံသည့် ကလေးပင်။

💗 I'm at your feet 💗Where stories live. Discover now